Header Ads

အများပြည်သူ သွားလာနေတဲ့ လမ်းမကြီးပေါ်မှာ ဓားရေးပြနေတဲ့သူကို ဖမ်းဆီးအရေးယူ

အများပြည်သူ သွားလာနေတဲ့ လမ်းမကြီးပေါ်မှာ ဓားရေးပြနေတဲ့သူကို ဖမ်းဆီးအရေးယူ
=============
မုံရွာ၊ အောက်တိုဘာ ၁၇
လှည့်ကင်းဆောင်ရွက်နေတဲ့ မုံရွာနယ်မြေရဲစခန်းက  တာဝန်မှူး ဒုရဲအုပ် ဇာနည်းမောင်နှင့်အဖွဲ့ဟာ အောက်တိုဘာ ၁၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် အချိန်က မုံရွာမြို့ မြ၀တီရပ်ကွက်၊ နယ်မြေ အမှတ်(၄) မှာရှိတဲ့ ဗိုလ်တစ်ထောင် လမ်းမကြီးပေါ်မှာ ဓားနှစ်ချောင်းကိုင်ပြီး အများပြည်သူ သွားလာနေတာကို ဓားရေးပြ ရမ်းကားနေတဲ့ လူငယ်တစ်ယောက်ကို ဖမ်းဆီးလိုက်ကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ဆန်းလင်းထံမှ သိရပါတယ် ..။
အများပြည်သူ သွားလာနေတဲ့ လမ်းမကြီးပေါ်မှာ အရိုးအသွား ( ၁၆ ) လက်မ အရွယ်ရှိတဲ့ ဓားဦးချွန် သတ္တုအရိုးတပ်ကို ကိုင်ဆောင်ပြီး ၊ ထိုသူဝတ်ဆင်ထားတဲ့ Malin အမှတ်တံဆိပ်ပါ ဂျင်းဘောင်းဘီရှည်အနက်ရောင်ရဲ့ ညာဘက် အိတ်ကပ်ထဲမှာ နောက်ထပ် အရိုးအသွား ( ၇ ) လက်မ အရွယ်အစားရှိတဲ့ ဓားဦးချွှန်တစ်လက်ကိုပါ ကိုင်ဆောင်ထားသူက အသက်(၁၉)နှစ်အရွယ် မောင်ဖြိုးသီဟ(ခ) သီဟ ဆိုသူဖြစ်ပါတယ် ..။
အဲ့ဒါကြောင့် လှည့်ကင်းဆောင်ရွက်နေတဲ့ အဖွဲ့က လုံးထွေးဖမ်းဆီးပြီး မုံရွာနယ်မြေ ရဲစခန်းမှာ လက်နက်ပုန်ဆောင် ကိုင်ဆောင်ခြင်း ဥပဒေပုဒ်မ ၁၉(င) အရ အမှုဖွင့် အရေးယူခဲ့တာဖြစ်ပါတယ် ..။
မုံရွာမြို့ပေါ်ရဲ့ နေရာအချို့မှာ အုပ်စုဖွဲ့ လူငယ်တစ်စုက  လူငယ်အချင်းချင်းအပေါ်  ရန်စ ရမ်းကားပြီး အနိုင်ကျင့် ရိုက်နှက်တတ်တဲ့ ဖြစ်စဉ်များကြောင့် လှည့်ကင်းဆောင်ရွက်နေတဲ့အခါမှာ အခုလို အများပြည်သူ သွားလာနေတဲ့ လမ်းမကြီးပေါ်မှာ ဓားနှစ်ချောင်းကိုင်ပြီး ရမ်းကားနေတဲ့သူကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်တာဖြစ်ပါတယ် ..
Source; မုံရွာနယ်မြေရဲစခန်း

No comments

Note: Only a member of this blog may post a comment.