Header Ads

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကုန်တင်ယာဉ်တစီးအရှိန်မထိန်းနိုင်ဘဲ ကျောင်းတက်သွားသည့် ကျောင်းသားကလေးများအား ၀င်တိုက်

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ကုန်တင်ယာဉ်တစီးအရှိန်မထိန်းနိုင်ဘဲ ကျောင်းတက်သွားသည့် ကျောင်းသားကလေးများအား ၀င်တိုက်
------ ------ ------ ----- -----


ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် (၂၆၃/၅) နှင့် (၂၆၃/၆) အကြားတွင် ယနေ့(အောက်တိုဘာ ၃၁) မနက် ၅ နာရီခွဲအချိန်ခန့်က ယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ရောက်ရှိကာ ကျောင်းတက်သွားသည့် ၈ တန်းကျောင်းသားလေးများအား ၀င်တိုက်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ မရင်းကြီးကျေးရွာနှင့် ခေတ်အေး ကျေးရွာကြား မိုင်တိုင်အမှတ် (၂၆၃/၅) နှင့် (၂၆၃/၆)ကြား ရန်-မန်းလမ်းဟောင်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ စခန်းမှူး ဒုရဲမှူး အောင်ကျော်ဦး၊ တာဝန်မှူး ဒုရဲအုပ် ဝေလင်းတို့ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ဇော်နိုင်းဝင်း (၄၅)နှစ် မိတ္ထီလာမြို့ နေ (ယာဉ်မောင်းလိုင်စင်-ရှိ၊ အရက်နံ့မရ) မောင်းနှင်ပြီး ယာဉ်နောက်လိုက် လှမင်း (၃၂)နှစ်ရွာငံကျေးရွာ၊ ရှမ်း (တောင်) နေသူလိုက်ပါ လာသော 9N/2291 Fuso (အဖြူရောင်) ကြက်စာများ တင်ဆောင်လာသည့် ကားသည် ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့ မောင်းနှင်လာစဉ် အရှိန်အထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောသို့ရောက်ရှိကာ ခေတ်အေး အ.ထ.က ကျောင်းသို့သွားသည့် မရင်းကြီးကျေးရွာနေ (၈) တန်းကျောင်းသား (၅) ဦးအား ၀င်တိုက်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ကျောင်းသားကလေး ၂ ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၂ ဦးအနက် တဦးမှာ စိုးရိမ်ရကြောင်း၊ သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၃ ဦးတို့အား နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်အား နေပြည်တော် ယာဉ်မှုစစ်ဌာနမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်းဇော်ဝင်းနိုင်အား ယာဉ်(ပ)၂၃/၂၀၁၇ ပုဒ်မ(၃၀၄/၃၃၇/၃၃၈/၂၇၉) တို့ဖြင့် ရေဆင်းရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
Source; News Watch

No comments

Note: Only a member of this blog may post a comment.