Header Ads

အင်တာနက်ဗီတော့ပ်မှခင်မင်သူကသားမယားအဖြင့်ပြု ကျင့်

အင်တာနက်ဗီတော့ပ်မှခင်မင်သူက
သားမယားအဖြစ်ပြုကျင့်
_________________________________________


နိုဝင်ဘာ ၁၄

မြန်မာတိုင်းမ်အပတ်စဉ်

ကြည်မြင်တိုင်မြို့နယ်တွင် အင်တာနက်ဗီတော့ပ်မှ
ခင်မင်သူက သားမယားအဖြစ်ပြုကျင့်ခဲ့သည်ဆိုမှု ကို
သက်ဆိုင်ရာက နိုဝင်ဘာ ၉  ရက်နေ့တွင်
အမှုဖွင့်စစ်ဆေးလျက်ရှိသည်။


အဆိုပါနေ့ မွန်းလွဲ၂ နာရီ၄၅ မိနစ် အချိန်ခန့်တွင်
ကြည်မြင်တိုင်မြို့နယ် ဈေးကြီးရပ်ကွက်နေ
 အသက် ၁၇ နှစ် အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့တိုင်ကြားရာတွင် နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်တွင်
အင်တာနက်ဗီတော့ပ်မှ
ခင်မင်သူက ကြယ်စင်ထက် အကောင့်ပိုင် ရှင် က
 တွေ့ လို ကြောင်းပြောသဖြင့်
 ဈေးကြီးလမ်းနှင့်ဗိုလ်သူရလမ်းထောင့်သို့ ချိန်းဆို
ခဲ့သည်။

 ထိုသို့ တွေ့ဆုံစဉ်  အကောင့်ပိုင်ရှင်မှာ
ကြည်မြင်တိုင်မြို့နယ်နေ မျိုးချစ်သန်း(ခ)မင်းမင်း
 (၂၄ နှစ်) ဆိုသူဖြစ် ကြောင်း သိရပြီး
 ပြောစရာရှိသည် ၊ခဏလေးပါဟုပြောဆိုကာ
 တည်းခိုခန်းတစ်ခုသို့ ခေါ် ဆောင်ကာ
 သားမယားအဖြစ်ပြုကျင့်ခဲ့သောကြောင့်
အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ကြည့်မြင် တိုင်မြို့မ ရဲစခန်းက(ပ)၄၁၄/၁၇
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ
အမှုဖွင့်အရေးယူ ထားသည်။

သတင်း: တိုးဝေအောင်
 14 NOV 2017 |
 Source; Myanmar Time

No comments

Note: Only a member of this blog may post a comment.