Header Ads

တောင်ဒဂုံမီးတားကွင်း အများပိုင်မြေနေရာ ပြန်လည်ရရှိရေး လမ်းလျှောက်ဆန္ဒပြ

တောင်ဒဂုံမီးတားကွင်း အများပိုင်မြေနေရာ ပြန်လည်ရရှိရေး လမ်းလျှောက်ဆန္ဒပြ
***********************************************************

Posted: November 11, 2017

တောင်ဒဂုံမြို့နယ်၊၂၀ ရပ်ကွက်နှင့် ၅၅ ရပ်ကွက်ကြားရှိ အများပြည်သူပိုင် မီးတားကွင်း ပြန်လည်ရရှိရေးအတွက် ယနေ့(နိုဝင်ဘာ ၁၁ ရက်) မွန်းလွဲပိုင်းက လူအင်အား ၅၀ ဝန်းကျင်ခန့် လမ်းလျှောက်ဆန္ဒပြ
 တောင်းဆိုခဲ့ကြသည်။


အဆိုပါ တောင်ဒဂုံမြို့နယ်၊ ၂၀ ရပ်ကွက်နှင့်
 ၅၅ ရပ်ကွက်ကြားရှိ အများပြည်သူပိုင် မီးတားကွင်းကို
 ပြီးခဲ့သည့် အစိုးရလက်ထက်တွင်
သီတဂူသံဃာဆေးရုံ ဆောက်လုပ်လှူဒါန်းရန် အတွက်ဆိုပြီး လုပ်ငန်းရှင်တစ်ဦးမှ
 နေရာဦးခဲ့ကြောင်း ဆိုသည်။


ယင်းနောက်ပိုင်း သံဃာဆေးရုံ မဆောက်သည့်အပြင် ထိုနေရာအား အခကြေးငွေဖြင့် ငှားရမ်းသည့် ဖူဆယ်
 ဘောလုံးကွင်းအဖြစ် ပြောင်းလဲကာ ထိုလုပ်ငန်းရှင်က လက်ဝါးကြီး အုပ်၊ အများပိုင်နေရာကို တစ်ဦးပိုင်အဖြစ် ရယူသွားမှုအပေါ် ရပ်ကွက်နေ ပြည်သူများမှ ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း ပြောပြချက်အရ သိရသည်။


လမ်းလျှောက်ဆန္ဒပြခြင်း အစီအစဉ်အား
နိုဝင်ဘာ ၁၁ ရက်၊ မွန်းလွဲ ၃ နာရီခန့်က
 တောင်ဒဂုံမြို့နယ်
သစ်ဆိုင်ကွေ့ ကားမှတ်တိုင်မှ စတင်ချီတက်
လမ်းလျှောက်ကြပြီး မီးတားကွင်းရှိရာ နေရာတွင်
 အဆုံးသတ်ခဲ့ကြသည်။

လမ်းလျှောက်ဆန္ဒပြ တောင်းဆိုသူ အယောက် ၅၀ ခန့်က ဆန္ဒပြရာ လမ်းတစ်လျှောက်တွင်
"မီးတားကွင်း မြေများပေါ်တွင် စီးပွားဖြစ် ကျူးကျော်လုပ်ကိုင်နေသူများအား ထိရောက်စွာ အရေးယူပေးရေး .. ဒို့အရေး”၊ "မီးတားကွင်း ပြန်လည်ရရှိရေး ...ဒို့အရေး”၊ "အများပိုင်မြေများ ပေါ်တွင် ခြံစည်းရိုး ခတ်ထားသည်ကို ဌာနဆိုင်ရာများမှ ထိရောက်စွာ
အရေးယူပေးရေး...ဒို့အရေး” နှင့် အကျိုးတူ
 ပူးပေါင်းဆောင်ရွက်နေသော ဌာနဆိုင်ရာများ
အလိုမရှိ... အလိုမရှိ” စသဖြင့်ကြွေးကြော်ခဲ့ကြသည်။

၎င်းတို့အနေဖြင့် နှစ်ကြိမ်တိုင်တိုင် လုပ်ငန်းရှင်၏ အများပိုင်မြေ ရယူထားမှုအပေါ် ဆန္ဒပြခဲ့သော်လည်း ဒေသ အာဏာပိုင်များက မသိကျိုးကျွံ ပြုနေမှုခြင်းအား
၃ ကြိမ်မြောက်အဖြစ် ဆန္ဒဖော်ထုတ်ခြင်း
 ဖြစ်ကြောင်း သိရသည်။.....

စိုင်းဟန်
#TheLadiesNews.

No comments

Note: Only a member of this blog may post a comment.