လူနာတင်ယာဉ်နှင့် မြေကြီးသယ်ယာဉ်တိုက်မိ၍ ကားပေါ်ပါသူ လူနာသေဆုံး
လူနာတင်ယာဉ်နှင့် မြေကြီးသယ်ယာဉ်တိုက်မိ၍
ကားပေါ်ပါသူ လူနာသေဆုံး
မြေကြီးချရန် ရပ်ထားသည့်ကားကို လူနာတင်ယာဉ်က မျက်နှာချင်းဆိုင် ၀င်တိုက်မိခဲ့သည့်အတွက် ကားပေါ်ပါလူနာသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့သည်။
ဇန်န၀ါရီ၂၁ရက် ညနေ လေးနာရီခန့်က လူနာပို့ဆောင်ရန်လာသော တိုက်ကြီးလူနာတင်ယာဉ် သည်
မှော်ဘီမြို့အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းပြုပြင်၊
မြေသယ်မြေချ Faw ကားအားဝင်ရောက်တိုက်မိခဲ့ခြင်း
ဖြစ်ကြောင်း အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
"ကားကိုကျော်တက်ပြီး မောင်းတုန်းတစ်ဖက်မှာရပ်ထားတဲ့မြေသယ်ယာဉ်ကိုဝင်တိုက်မိတာပါ။ ကားသမားက
တော့ခေါင်းခန်းမှာညပ်နေလို့အတော်ထုတ်ယူရတယ်။
ရန်ကုန်ပို့မယ့်လူနာကတော့ကားတိုက်တဲ့နေရာမှာဘဲ
သေသွားတယ်"ဟု ၄င်းကပြောသည်။
ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန် လူနာတင်ကားပေါ်တွင်ပါလာသည့် အသက်၅၂နှစ်အရွယ်
ဦးခင်မောင်ဦးသည် လူနာတင်ယာဉ်ပေါ်တွင်ပင်
ထိခိုက်ဒဏ်ရာအချို့ရရှိကာ သေဆုံးခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိခဲံသည့် အမျိုသားသုံးဦးနှင့်
အမျိုးသမီးနှစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်
တင်ပို့ထားပြီး ယာဉ်မောင်းဖြစ်သူ မှာ စိုးရိမ်ရကြောင်း သွားရောက်ကူညီ လုပ်ကိုင်ပေးခဲ့သူ ကိုဆန်းမင်းက
ဆက် လက်ပြောကြားသည်။
ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့သည့်အတွက်
ယာဉ်မောင်းဖြစ်သူကို မှော်ဘီမြို့မရဲစခန်းမှ ယာဉ်(ပ) ရာဇသက်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ဖြင့် အမှုဖွင့် ထားသည်။
ဓာတ်ပုံ ဆန်းမင်း
Source; 7Day

Post a Comment