"တပ်မတော်ကို ချောင်ပိတ်မိအောင် လုပ်နေတာတွေ ဘာလို့လက်ပိုက်ကြည့်နေသလဲ'' ဟု နိုင်ငံခြားရေးဝန်ကြီးဟောင်း ပြော
ဖေဖေါ်ဝါရီ၂၆။၂၀၁၈။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘော်ဒါလိုင်းကြားရှိ မြန်မာပိုင်နက် ပေ၁၅၀ကို No Man's Land လို့
သုံးနှုံးခြင်းအပေါ် အစိုးရက ပြတ်ပြတ်သားသားငြင်းပယ်ဖို့လိုအပ်ပြီး၊ ဒီအသုံးအနှုံးဟာ ကိုယ့်ပိုင်နက် ပဲ့ပါသွားနိုင်တာကြောင့် ထိထိရောက်ရောက် တားဆီးမှုမရှိခြင်းအပေါ် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ နယ်မြေပိုင်နက်ကို ထိထိရောက်ရောက်ဆောင်ရွက်နေတဲ့ တပ်မတော်နဲ့ ပတ်သက်ပြီး လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်က ဝေဖန်မေးခွန်းထုတ်လိုက်ပါတယ်။
အထက်ပါကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်းဦးဝဏ္ဏမောင်လွင်က
"တပ်မတော်ကို ချောင်ပိတ်မိအောင်လုပ်နေတာတွေ ဘာလို့ လက်ပိုက်ကြည့်နေသလဲ" လို့ ပြောဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီ ၂၅ရက် က ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊
သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးရုံးချုပ်(ရန်ကုန်)
အစည်းအဝေးခမ်းမမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီ(၂၁)ပါတီတွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီခေါင်းဆောင်များကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
'' No Man's Land အသုံးအနှုံးအပေါ် ခုလိုငြိမ်နေပြီး ပြတ်သားစွာ တားမြစ်မှုမရှိတဲ့အပေါ် အစိုးရကိုယ်တိုင်က
ရခိုင်အရေးကို နိုင်ငံတကာ အရေးဖြစ်အောင်တွန်းပို့နေသလိုဖြစ်နေတယ်" လို့ ယူဆကြောင်း ဆိုပြန်ပါတယ်။
No Man's Land ဆိုပြီး ဘင်္ဂလားဒေ့ရှ် မီဒီယာများကစသုံးပြီး မီဒီယာအတော်များကလည်း ဘုမသိဘမသိရောယောင်လိုက်သုံးနေတာတွေ့ရကြောင်း၊ တကယ်တော့ ဒီအသုံးအနှုံးဟာ တရားမဝင်တာကြောင့် သုံးလို့လည်းမရကြောင်း No Man's Landကို အဓိပ္ပါယ်ဖွင့်ရရင် နှစ်နိုင်ငံကြားမှာစစ်ရေးအရ ပြဿနာဖြစ်ပြီး အငြင်းပွားနေတဲ့ နယ်မြေကိုဆိုလိုကြောင်း ထိုနယ်မြေမှာ အပစ်အခတ်ရပ်ဆဲရေးစာချုပ်အရ ခိုင်မာတဲ့ အဆောက်ဦးများဆောက်လုပ်ခွင့်မရှိကြောင်း ဥပမာပြောရရင်တောင်ကိုးရီးယားမှာစစ်ပွဲအပြီး ၂.၅ မိုင်ကို No Man's Land အဖြစ်သတ်မှတ်ကြောင်း ထိုသတ်မှတ်နယ်မြေမှာ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်များ တပ်စွဲခွင့်ရှိကြောင်း ကိုရီးယားမှာ
DMZ , (Demilitarize Zone)လို့ ခေါ်ခဲ့ကြောင်း စစ်မက်ဖြစ်လို့ ဆွေးနွေးအဖြေမထွက်မှ ခေါ်ဆိုသည့်အမည်ဖြစ်ပြီး နိုင်ငံတကာနဲ့ပတ်သက်ရင် အစိုးရက ပြတ်ပြတ်သားသားရပ်တည်ဖို့ လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာသည် နယ်မြေပိုင်းခြားထားပြီးသား သတ်သတ်မှတ်မှတ်ရှိကြောင်း သတ်မှတ်သည့် Border Line နယ်မြေစည်းရဲ့ အပြင်ဘက်မှာခြံစည်းရိုးရှိကြောင်း နိုင်ငံတကာမှာ နှစ်နိုင်ငံသဘောတူညီချက်အရ နယ်မြေစည်းရဲ့ ပေ၁၅၀အကွာမှာ ခြံစည်းရိုးခတ်ကြောင်း ထို့ကြောင့်ခြံစည်းရိုး အပြင်ဘက် ပေ၁၅၀ဟာ မြန်မာပိုင်နက်သာဖြစ်ကြောင်း ထိုဧရိယာကို No Man's Land ဟု ဆိုလို့မရကြောင်း ဒါတွေကိုအစိုးရမှပြတ်ပြတ်သားသားတားဖို့လိုအပ်ကြောင်း ဦးဝဏ္ဏမောင်လွင်ကဆိုပါတယ်။
အဆိုပါ တွေ့ဆုံပွဲကောက်နှုတ်ချက်တွင်လည်း
''မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား No Man's Land ဟု သတ်မှတ်ခေါ်ဝေါ်နိုင်သော နယ်မြေမရှိကြောင်း ထိုသို့သုံးစွဲမှုများ၊ သတ်မှတ်ရန်ကြံစည်အားထုတ်မှုများအားလည်ကောင်း၊ တပ်မတော်တာဝန်ရှိသူများကို နိုင်ငံတော်တရားရုံးသို့ တင်ပို့အရေးယူနိုင်ရန် အကွက်ချဆောင်ရွက်ချက်များအား ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ကြောင်း'' ဖော်ပြထားပါတယ်။
By - မြတ်ဟိန်းကျော်(ကော့မှူး)
MUNA
မူရင်းလင့်

Post a Comment