ကျောက်မဲ လူကယ်ပြန်ဌာနမှ ခရိုင်ဦးစီးမှူး ဓါးထိုးခံရ၍ သေဆုံး။

ကျောက်မဲ ဧပြီလ ၁၈ ရက် ။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့
၁ ရပ်ကွက် နယ်မြေ ၇ ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးတွင်
ခရိုင်ဦးစီးမှူးဦးအောင်ကျော်မိုးအား
၎င်းဌာနမှအငယ်တန်းစာရေးဖြစ်သူ
သိန်းမြင့်ထွန်းမှဓားဖြင့်ထိုးခဲ့သဖြင့်
သေဆုံးသွားခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှသိရသည်။
"ဆေးရုံကဓားထိုးခံရတဲ့လူနာသေဆုံးကြောင်းပေါ့ဗျာ၊
အကြောင်းကြားလို့ကျွန်တော်ရယ်၊
တာဝန်မှူးရယ်၊နယ်ထိန်းအဖွဲ့ရယ်သွားစစ်ဆေးတာပါ"လို့ကျောက်မဲမြို့မရဲတပ်ဖွဲ့စခန်းမှူး
ဒုရဲမှူးဟန်ဝင်းထွန်းကMUNAကိုပြောပါတယ်။
ဖြစ်စဉ်မှာ ကျောက်မဲမြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးဦးအောင်ကျော်မိုး (၃၄) နှစ်သည် ဧပြီလ ၁၈ ရက်နေ့ ည ၁၀း၃၀ အချိန်ခန့်တွင် အရက်သေစာ သောက်စားမူးယစ်၍ နေအိမ်သို့ပြန်လာခဲ့ရာ ဇနီးဖြစ်သူ ဒေါ်ဇင်မေဦးနှင့် စကားများခဲ့ပြီးနောက် နေအိမ်တန်းလျားမှ ရုံးပေါ်သို့ ထွက်ခွာသွားခဲ့ရာ၊ ၎င်းနေအိမ်သို့ ခဏအကြာတွင် ရုံးညစောင့်ဝန်ထမ်းဦး လွင်ဦးရောက်ရှိလာပြီး “ခဏထွက်ခဲ့အုံး မဖြစ်သင့်တာတွေဖြစ်ကုန်ပြီ ” ဟု ပြောဆိုကာ ဒေါ်ဇင်မေဦးကို လာရောက်ခေါ်ယူသဖြင့် ရုံးဘက်သို့လိုက်သွားခဲ့စဉ်၊ ရုံးရှေ့တွင် လဲကျနေသောခင်ပွန်းဖြစ်သူပေါ်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အငယ်တန်းစာရေးဖြစ်သူ သိန်းမြင့်ထွန်းက ဖိထားလျှက် တွေ့ရှိခဲ့ကြောင်း
ရုံးဆင်ဝင်အောက်တွင်လည်း သွေး ကွက်များတွေ့ရှိခဲ့သဖြင့် ခင်ပွန်းဖြစ်သူအား ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း ရဲစခန်းတွင် ထွက်ဆိုခဲ့သည်။
သိန်းမြင့်ထွန်းမှ အရှည် ၁၂လက်မခန့်ဓါး ဖြင့်ထိုးသဖြင့်
ဦးအောင်ကျော်မိုး ဘယ်ဘက်လက်ကောက် အနီးပြတ်ရှဒဏ်ရာနှစ်ချက်၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်အလယ်အနီး ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက်ချက်အထက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝမ်းဗိုက် ညာဘက်ထိုးသွင်းဒဏ်ရာတစ်ချက် တို့ရရှိခဲ့ပြီး ယင်းဒဏ်ရာများဖြင့် ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့ကြောင်း စခန်းမှူး ပြောပြချက်အရ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍
သေဆုံးသူခရိုင်ဦးစီးမှူး၏ဇနီးဖြစ်သူ
ဒေါ်ဇင်မေဦးမှဧပြီ၁၉ရက်နံနက်၁နာရီ၂မိနစ်အချိန်တွင်တိုင်ကြားခဲ့ရာ
တရားခံဦးသိန်းမြင့်ထွန်း( ၃၄ နှစ် ) (ဘ)ဦးနေလင်း၊
အားကျောက်မဲမြို့မရဲစခန်းမှ ( ပ ) ၁၈၂/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့်ဖမ်းဆီး
အရေးယူဆောင်ရွက်လျှက်ရှိကြောင်း
သိရသည် ။
By-မြတ်ဟိန်းကျော်(ကော့မှူး)
MUNA
https://m.facebook.com/story.php?story_fbid=2068513063190913&id=1024691730906390မူရင်းလင့်

Post a Comment