Header Ads

စစ်ဘေးရှောင်များအတွက် NGO နှင့် အလှုရှင်များထောက်ပံ့သည့် ပစ္စည်းများကို  ARSA နှင့် AA အကြမ်း ဖက်သောင်းကျန်းသူများကနည်းလမ်းမျိုးစုံဖြင့် ရယူသုံးစွဲလျက်ရှိ ဟု တပ်မတော်ထုတ်ပြန်

YNI ရန်​ကုန်​သတင်းပုံရိပ်
April.,8,2020

ARSA နှင့် AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းမတည်ငြိမ်မှုဖြစ်စေရန်နှင့် မြန်မာနှင့်ဂမ်ဘီယာအရေးကိစ္စနှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ်၊ မေလတွင် မြန်မာနိုင်ငံ ဘက်မှတင်သွင်းရမည့် အစီရင်ခံစာအား တင်သွင်းရန် အချိန်နီးကပ်လာသဖြင့် ARSA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ဒေသတွင် စိမ့်ဝင်၍ အဖျက်အမှောက်နှင့် တိုက်ပွဲများဖော်ဆောင်ရန် ရှိကြောင်းသတင်းရရှိခဲ့သည်။

မောင်တောမြို့နယ်၊ ခမောင်းဆိပ်ရွာ၏ အနောက်ဘက် မီတာ ၂၅၀၀ ခန့် အကွာနေရာသို့အရောက်၌ နေရာ ၂ နေရာမှ မသင်္ကာဖွယ်ရာ တဲ ၂ လုံးအား တွေ့ရှိသဖြင့် ရှင်းလင်းခဲ့ရာ ၅.၅၆ ကျည် ၁၀ တောင့်၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ ပြောက်ကျား ဝတ်စုံ ၁ စုံ၊ လည်တိုဖိနပ် ၂ ရံ၊ (WFP) တံဆိပ်ပါ ဆန်အိတ် ၆ အိတ်၊ (WFP) တံဆိပ်ပါ ဆီ (၁ လီတာဆံ့) ၄၀ ဘူး၊ အားလူး ၁ အိတ်၊ ဆေးမျိုးစုံထည့်ထားသည့် အိတ် ၁ အိတ်၊ လက်ကိုင်ဖုန်း ၁ လုံး၊ မှန်ပြောင်း ၁ လက်၊ ပလတ်စတစ်အိတ် ၅၀ အိတ် (အလျား ၃ ပေ၊ အနံ ၂ ပေ)၊ တစ်ဖက်နိုင်ငံဒုက္ခသည် စခန်းများတွင် UNHCR မှ ထုတ်ပေးထားသည့် ကတ်ပြား ၁ ခုနှင့် အစ္စလာမ်ကျမ်းစာအုပ် ၁ အုပ်တို့အား တွေ့ရှိသိမ်းဆည်းရမိသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် AA အကြမ်းဖက်သောင်းကျန်းသူများ မကြာခဏ ထိတွေ့မှုများဖြစ်ပွားလျက်ရှိပြီး အေပြီ ၅ ရက်တွင် ပုဏ္ဏားကျွန်းမြို့၏ အနောက်မြောက်ဘက် မီတာ ၇၀၀၀ ခန့်အကွာတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ဝင်များ အခြေပြုထားသော ယာယီ နေရာတစ်ခုအား သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်တွင် ပစ်ကျင်းများ၊ ခဲယမ်းများ၊ အသုံးအဆောင် ပစ္စည်းများနှင့် NGO အဖွဲ့အစည်းများမှ စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံ့လှူဒါန်းထားသည့် World Food Programme(WFP) တံဆိပ်ပါ ရိက္ခာပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ယခင်ကလည်း ၎င်းင်းကဲ့သို့ NGO အဖွဲ့များ၏ ထောက်ပံ့ရေးပစ္စည်းများ အကြမ်းဖက် သောင်းကျန်းသူများထံမှ သိမ်းဆည်းရမိခဲ့ပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှ ၃၀ ရက်အထိ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် မြို့နယ်အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သောင်းကျန်းသူများနှင့် ထိတွေ့ တိုက်ခိုက်မှုဖြစ်စဉ်၌လည်းကောင်း၊ သြဂုတ် ၂၉ ရက်၊ မောင်တောမြို့နယ်၊ ကိုးတန်ကောက် ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ၌ ARSA အစွန်းရောက် ဘင်္ဂင်္ါလီ အကြမ်းဖက်သောင်းကျန်းသူများ သိုဝှက်ထားသည့်နေရာ၌ လည်းကောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်းများဖြစ်သော မြောက်ဦးမြို့၏ အရှေ့မြောက်ဘက် လေးမြို့မြစ်၏အရှေ့ဘက်ကမ်းရှိ စခန်းနေရာ၌ ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်၊ ဖုန်ညိုလိပ်ကျေးရွာ၏ အရှေ့ တောင်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာရှိ ယာယီလေ့ကျင့်ရေး စခန်းနေရာ၌ ဧပြီ ၂၈ ရက်တွင် လည်းကောင်း၊ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ သင်းကျစ်တောင် ဘုရားကုန်းပေါ်ရှိ သင်းကျစ်တောင် ဘုန်းကြီးကျောင်း၌ ဇွန် ၂၁ ရက်တွင်လည်းကောင်း၊ ကျောက်တော်မြို့နယ်၊ သရက်အုပ်ကျေးရွာအတွင်းရှိ AA အကြမ်းဖက်သောင်းကျန်းသူ များနှင့် ပတ်သက်ဆက်နွယ်သူထံမှ ၂၀၂၀ ခုနှစ်၊ ဧပြီ ၃ ရက်တွင်လည်းကောင်း World Food Programme(WFP) တံဆိပ်ပါရိက္ခာပစ္စည်းများ သိမ်းဆည်းရမိမှုနှင့် ပတ်သက်၍သတင်းများထုတ်ပြန်ထားရှိပြီးဖြစ်သည်။

စစ်ဘေးရှောင်စခန်းများသို့ NGO/INGO အဖွဲ့များနှင့် အလှူရှင်များက ထောက်ပံ့လှူဒါန်းထားသည့် ပစ္စည်းများအား ARSA နှင့် AA အကြမ်းဖက် သောင်းကျန်းသူများက နည်းလမ်းမျိုးစုံဖြင့် ရယူ သုံးစွဲနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ရာဇာအောင်
ဓတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး




No comments

Note: Only a member of this blog may post a comment.