WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါးများအား ဘူးသီးတောင်မြို့ NLD-ပါတီ ဒုဥက္ကဋ္ဌ နေအိမ်၌ ဖမ်းဆီးရမိ

_________________________________________
နိုဝင်ဘာ၁၃
ယနေ့ ညနေ(၃)နာရီကျော်ခန့်တွင် ဘူးသီးတောင်မြို့
အမှတ်(၄)ရပ်ကွက် ရွာသစ်တွင် ဘူးသီးတောင်မြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးရဲသိန်း(ခ)ဘူနောင် ၏ နေအိမ် အတွင်း ဒေသခံ မူးယစ်နှိမ်နှင်းရေးအဖွဲ့မှ သတင်း အရ စစ်ဆေးရာတွင် သံသေတ္တာများနှင့်အတူ အခြား ပစ္စည်းအဝတ်အထည်များကြားအတွင်း WY အမှတ် တံဆိပ်ပါ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းမူးယစ်ဆေးဝါးများကို ဖမ်းဆီးရန်လာစဉ် တရားခံ ဦးရဲသိန်း မှာ နေအိမ်မှ တိမ်းရှောင်သွားခဲ့ပြီး ၎င်း NLD ပါတီဝင် ဒုဥက္ကဋ္ဌ တရားခံ ဦးရဲသိန်းအား သက်ဆိုင်ရာမှ ယခုအချိန်ထိ ဖမ်းဆီး အရေးယူထား ခြင်း မရှိသေးပါ။
အဆိုပါ မူးယစ်ဆေးဝါးပြဿနာသည် ဘူးသီးတောင်-မောင်တောဒေသအတွင်း ခုရက်ပိုင်း အများအပြား ဖမ်းဆီးရမိနေသည်။ ဒေသခံမျိုးဆက်သစ်လူငယ် အများအပြားလည်း ပျက်ဆီးနေရသည်မှာ ဒီမူးယစ် ဆေးဝါးကြောင့်သာ ဖြစ်နေသည်။
ယခု NLD-ပါတီ မြို့နယ် ဒုဥက္ကဋ္ဌ ဦးရဲသိန်း မှာ ပါတီကို အကြောင်းပြပြီး အကျိုးရှာနေသည်မှာ ထင်ရှားနေပြီ ဖြစ်သည်။ သို့သော် တရားခံမဲ့ ဟုသာ ဖြစ်နေသည်က များလွန်းပါသည်။ ယခု NLD ပါတီ မြို့နယ် ဒုဥက္ကဋ္ဌ ဦးရဲသိန်း နေအိမ်မှ ဖမ်းဆီးရမိ
ထားသည့် မူးယစ်အမှုမှာ တရားခံ အထင်အရှားဖြစ် နေသည်။
ဤအမှုကို မည်သို့ဆောင်ရွက်မည်နည်း?
ဥပဒေ ရှောင်ဖယ်သွားမလား? စသည်ဖြင့် ဘူးသီးတောင် ပြည်သူများက စောင့်ကြည့်နေကြ ပါသည်။
တရားခံ ဦးရဲသိန်းမှာ ယခုအချိန်ထိ ရှောင်တိမ်းနေဆဲ ဟု သိရပါသည်။
Rv-New
Photo - Aung Ko Ko
#သီဟအောင်
မူရင်းလင့်

Post a Comment