Header Ads

“ ဘာသာပေါင်းစုံဆုတောင်းပွဲကိုဦးဆောင်သည့်ပါတီ ဥပဒေနှင့်မညီ၍ ဖျက်သိမ်းရမည့်သဘောရှိဟုဆို”

“ ဘာသာပေါင်းစုံဆုတောင်းပွဲကိုဦးဆောင်သည့်ပါတီ ဥပဒေနှင့်မညီ၍ ဖျက်သိမ်းရမည့်သဘောရှိဟုဆို”
_________________________________________

နိုဝင်ဘာ၁၃

KWT
ဘာသာပေါင်းစုံ ဆုတောင်းပွဲများတွင်
 ဦးဆောင်ပါဝင်သည့် ပါတီအနေဖြင့်
ဥပဒေနှင့် မညီသောကြောင့်
ပါတီ ဖျက်သိမ်းရမည့် သဘောရှိကြောင်း
 တိုင်းရင်းသားစည်း လုံးညီညွှတ်ရေးပါတီ၊
ဒုတိယဥက္ကဋ္ဌ၊ ဦးဟန်ရွှေက နိုင်ဝင်ဘာ၁၃ရက်က
ပြည်ခိုင်ဖြိုး ရုံးချုပ်တွင် လူထုပုံရိပ်သို့ ပြောသည်။


” သူ့ဟာသူနိုင်ငံရေးပါတီ မဟုတ်တဲ့ အဖွဲ့အစည်းပေါ့၊ ဆုတောင်းပွဲတို့ ဘာတို့လုပ်နေကြတာရှိတယ်၊ ပြောချင်တာက ဘာလဲဆိုတော့ နိုင်ငံရေးပါတီက ဦးဆောင်ပြီးလုပ်တယ်ဆိုတာက ဥပဒေနဲ့သွားပြီးတော့ညိတဲ့
သဘော မျိုးဖြစ်တယ်၊နိုင်ငံရေးပါတီတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပြဋ္ဌန်းထားတာရှိတယ်၊
ဘယ်သူမဆို ဘာသာရေးကို နိုင်ငံရေးအလို့ငှာ
 အသုံးချမှု မပြုရဘူးဆိုတာလည်း
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအကျပြဋ္ဌန်းထားတယ်၊ ဒါက၂၀၀၈မှမဟုတ်ဘူး၊ ၄၇ခုနှစ်ဖွဲ့စည်းဒပုံအခြေခံ
 ဥပဒေ မှာလည်း ပြဋ္ဌန်းထားတယ်၊ ၇၄မှာလည်း ပြဋ္ဌန်းထားတယ်၊ နောက်တစ်ခါ နိုင်ငံရေးပါတီတွေ
လိုက်နာရမယ့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေဆိုတာ မှာလည်း တိတိကျကျပြဋ္ဌန်းထားတယ်၊
 နိုင်ငံရေးပါတီဖြစ်မှု မဖြစ်မှုဆိုတဲ့ ဟာကို အကဲဖြတ်တဲ့ အခါမှာ ဒါတစ်ချက်ပါတယ်၊ ဒီနိုင်ငံရေးပါတီသည်
 ဘာသာရေးကို နိုင်ငံရေး အလို့ငှာအသုံးချသလား ၊
ဒါတွေရှိရဲ့ သားနဲ့ အခုလို နိုင်ငံရေးပါတီက
 ဦးဆောင်ပြီးတော့ ဘာသာရေးဆုတောင်းပွဲတွေ
လုပ်တယ်ဆိုတာ ဥပဒေကိုဆန့်ကျင်တယ်၊ မလုပ်ရဘူး၊ မဖြစ်သင့်ဘူး၊ တကယ်ဆိုရင် ပါတီ မှတ်ပုံတင်တဲ့
ဥပဒေအရ သူ့ပါတီကတောင် ဖျက်သိမ်းရမယ့် သဘောလို့ ရှိမယ့် အနေအထားကို တွေ့ရတယ်၊ ဒါကျွန်တော်တို့ သဘောထား”
ဟု၎င်းကပြောသည်။

ထို့အပြင်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘာသာရေးနှင့်
 နိုင်ငံရေး ဆက်စပ်မှု မရှိရကြောင်း အမျိုးသားတိုးတက်ရေးပါတီ၊ ဥက္ကဋ္ဌ၊ ဒေါက်တာနေဇင်လတ်
ကပြောသည်။


 ” အဲဒါတော့ တော်တော်များများတွေ့လိုက်တယ်၊
နယ်အနှံလည်း တွေ့လိုက်တယ်၊ သို့သော်လည်း
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘာသာရေးနဲ့ နိုင်ငံရေး
ဆက်စပ်မှု မရှိရဘူး၊ အသုံးချမှု မရှိရဘူးလို့ပါတယ်၊
 နောက်တစ်ခု သိသာထင်ရှားသွားတာ ဘာလဲဆိုတော့ ပါတီမှာရှိတဲ့ တာဝန်ရှိသူတွေ ပါပါလာတယ်၊
ဆိုတဲ့အခါကျတော့ ဘာသာရေးကို နိုင်ငံရေး နဲ့တွဲပြီး
အသုံးချတယ်ဆိုတဲ့ သဘောကြီးကပေါ်သွားတယ်ပေါ့၊ တာဝန်ရှိတဲ့ သူတွေသာမပါခဲ့ဘူးဆိုရင်တော့ ကျွန်တော်တို့ပြောစရာအကြောင်း ဘာမှမရှိပါဘူး”ဟု၎င်းကပြောသည်။

ထိုသို့ ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးခြင်းသည်
အကျိုးသက်ရောက်မှု မကောင်းနိုင်ကြောင်း
 ဒေါက်တာနေဇင်လတ်ကထပ်မံပြောဆိုသည်။

“ဘာဖြစ်လာသလဲလို့ ပြောတဲ့အခါကျတော့ မြင်တဲ့ မြင်ကွင်းတွေ တစ်ချက်ကြည့် လိုက်မယ်လေ၊ အဓိကဒီနိုင်ငံက ဗုဒ္ဓဘာသာ အများဆုံးနိုင်ငံဖြစ်တယ်၊
သို့သော်ဗုဒ္ဓဘာသာဝင်တွေ အောက်မှာထိုင်ရပြီးတော့ အခြားဘာသာဝင်တွေက အပေါ်မှာဖြစ်တဲ့ အခါကျတော့ အဲဒီအမြင်ကြီးက မသင့်တော်ဘူးပေါ့၊
အဓိကဗုဒ္ဓ ဘာသာဆိုတဲ့ သူအများစုကတော့
ရင်ထဲမှာခံစားရတာပေါ့၊ ခံစားချက်တွေဖြစ်လာ တယ်၊ အဲဒီအကျိုးသက် ရောက်မှုက မကောင်းဘူး”ဟု ၄င်းကဆို သည်။

နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့်
ထိုသို့ မပြုလုပ်သင့်ကြောင်းနှင့် မလိုလားအပ်သည့်
 ပဋ္ဌိပက္ခ အန္တရာယ်များ ကျရောက်လာနိုင်ကြောင်း
တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ ဒုဥက္ကဋ္ဌ
ဦးဟန်ရွှေက  ထပ်မံပြောဆိုသည်။


“လုပ်နည်းလုပ်ဟန်နဲ့ ပက်သက်တာ ကျတော့
 နေရာထိုင်ခင်း စီစဉ်တာတို့ ဘာတို့ ညာတို့ လုပ်တာ
 တွေက စဉ့်ကိုင်တို့ ဘာတို့မှာ ကို့ယို့ကားယား ဖြစ်တဲ့ အခါကျတော့ အများကြီးပြသနာ ဖြစ်လာတယ်၊
 ဘာသာရေးနဲ့ ဆက်စပ်နေတဲ့ အခါကျတော့
အင်မတန် နှူးညံသိမ်မွေ့တယ်၊ ဆိုတဲ့ အခါကျတော့
 ယုံကြည်မှုနဲ့ စကားပြောလာတဲ့ အခါကျတော့
 ဒါပြသနာ ပေါ်နိုင်တယ်၊ ဒါကြောင့် ဒီဟာမျိုးတွေက
သိပ်ဂရုစိုက်ရမယ်၊ လုပ်နည်းလုပ်ဟန်အရလည်း
အဲဒီလို လုပ်တဲ့ ဟာမျိုးတွေက မှားယွင်းတယ်၊
သတင်းစာရှင်းလင်းပွဲ တွေလုပ်ရတယ်၊
ပြည်သူကို ပြန်ပြီး ပြောပြဆိုပြရတဲ့ ဟာတွေ ရှိတယ်၊ ဒါကြောင့် နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ ဒီလို
မလုပ်သင့်ဘူး၊ မလုပ်ရဘူးလို့ ပြောချင်ပါတယ်၊
နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ က
 ဘယ်ဘာသာယုံကြည် ယုံကြည် ပါတီဝင်လက်ခံတာကိုး၊ ဗုဒ္ဓဘာသာ မှ ပါတီဝင်ဖြစ်ရမယ်၊ ခရစ်ယာန်မှ ပါတီဝင်ဖြစ်ရမယ်၊ အစ္စလမ်မှ ပါတီဝင်ဖြစ်ရမယ်
မဟုတ်ဘူး၊ အားလုံးဖြစ်ရမယ်၊
အခုက တစ်ဘာသာတည်း သွားလုပ်ပြီးတော့ အသုံးချရင် အန္တရာယ်ရှိတယ်၊ ငြိမ်းချမ်းရေးအတွက်
 စသည်ဖြင့်ပေါ့၊ ပဠိပက္ခတွေ ငြိမ်းချမ်းဖို့ ဆုတောင်းတာ ဟုတ်ပြီ၊ သို့သော် နိုင်ငံရေးပါတီ အနေနဲ့ က
ဝင်မစွတ်ရဘူး၊ လုပ်ရင် ဥပဒေက တာထားတာကို
ကျော်တဲ့ သဘောမျိုး၊ ဖောက်တဲ့ သဘောမျိုးဖြစ်တယ်၊ ဒါကိုမလုပ်ရဘူး၊ အဲဒီသက်ရောက်မှုပဲ၊ ကိုရင်လေးတွေ၊ သီလရှင်တွေ အောက်မှာထားတာက ပြသနာ ဖြစ်လာတယ်၊ ဒါကို မခံချင်စရာ ရှိတဲ့ လူုတွေက ပြသနာဖြစ်လာရင် ပဋ္ဌိပက္ခ အန္တရာယ်ရှိတယ်”ဟု ၄င်းကပြောသည်။
မှုသဘောအရ နိုင်ငံရေးပါတီများသည် 
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပိုမို လိုက်နာရမည်ဖြစ်ပြီး
 အခြားလိုက်နာစရာများလည်း နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း နိုင်ငံရေးပါတီများကပြောဆိုသည်။

Source; လူထုပုံရိပ်
Via; မြတ်ဟိန်းကျော်(ကော့မူး)

1 comment:

Note: Only a member of this blog may post a comment.