မိုက်ကယ်ကျော်မြင့်ကို အလုပ်နှင့်ထောင်ဒဏ် ၉လကျခံစေရန် အမိန့်ချ

ရန်ကုန်၊ဇန်န၀ါရီ ၁၈
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို မမှန်မကန်
စွပ်စွဲပြောဆိုဖော်ပြမှု၊လူမှုကွန်ရက်စာမျက်နှာမှတဆင့် အသရေဖျက်ခဲ့မှုတို့ဖြင့် မိုက်ကယ်ကျော်မြင့်ဆိုသူကို
အလုပ်နှင့်ထောင်ဒဏ် ၉လကျခံစေရန် ဒဂုံတရားရုံးမှ ယနေ့နေ့လည် ၂နာရီတွင်အမိန့်ချမှတ်လိုက်သည်ဟု
ဒဂုံမြို့မရဲစခန်းက ပြောသည်။
တိုင်းအစိုးရအဖွဲ့ ညွန်ကြားရေးမှူးက
မိုက်ကယ်ကျော်မြင့်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ ပုဒ်မ ၂၁၁ တို့ ဖြင့် တရားစွဲဆိုထားရာ၊ တရားရုံးက စစ်ဆေးပြီး ပြစ်မှုတင်ရှားသဖြင့် ယင်းအမိန့်ကို
ချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ခုနှစ် ဇွန်လ ၂ ရက်နေ့က
မိုက်ကယ်ကျော်မြင့် သည် တာမွေမြို့နယ် ၊
ဟစ်တိုင်ကွင်းဘေးတွင် ဆန္ဒထုတ်ဖော်မှုတစ်ခုပြုလုပ်ခဲ့သည်။
သီဟ
Source ; Popular

Post a Comment