Header Ads

"မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်ကြား သဘောတူညီချက် (၁၀) ချက်"

"မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်ကြား သဘောတူညီချက် (၁၀) ချက်"
Wednesday, October 25, 2017

နေပြည်တော်မှာ ကျင်းပတဲ့ ပြည်​ထဲ​ရေးဝန်​ကြီးဌာနနဲ့ ဘင်္ဂလား​ဒေ့ရှ်​အစိုးရတို့ ရခိုင်​ကိစ္စနဲ့ပတ်​သက်​ပြီး ​ညှိနှိုင်း​ဆွေး​နွေးမှု​တွေပြုလုပ်​ခဲ့ရာမှာ ​သ​ဘောတူညီမှု (၁၀)ချက်ရရှိခဲ့ပါတယ်​။

(၁)နယ်စပ်ဒေသဆက်ဆံရေးတည်ငြိမ်အေးချမ်းရန်နှင့်နယ်စပ်ဒေသလုံခြုံရေး တိုးမြှင့်နိုင်ရေးအတွက် ပူပေါင်းဆောင်ရွက်ရေးနဲ့  ၁၉၈၀ နယ်စပ်ဒေသသဘောတူညီချက်ပါ ပြဌန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရန်
(၂)နယ်ခြားစောင့်တပ်ဖွဲ့ များရဲ့ ဒေသစောင့်ရှောက်ရေး အစည်းအဝေးကို သုံးလတစ်ကြိမ် ကျင်းပရန်နဲ့ အကြီးအကဲများအဆင့် နယ်ခြားစောင့်တပ်ဖွဲ့ ဝင်များ ဗဟိုအဆင့်အစည်းအဝေးအား နှစ်စဉ်ကျင်းပရန်
(၃)လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စပ်လျှင်း၍နားလည်းမှု စာချွန်လွှာအရ လုပ်ကိုင်ခွင့်အပ်နှံထားတဲ့ သတ်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းတို့ အကြား ကာလအပိုင်းအခြားအလိုက် ဆွေးနွေးမှုများ ပြုလုပ်ရန်
(၄)လိုအပ်ပါက ၀န်ကြီးအဆင့် အစည်းအဝေးအား ကျင်းပရန်နှင့် တစ်နှစ်လျှင် တစ်ကြိမ် ဒုတိယ၀န်ကြီး၊အတွင်းဝန်အဆင့် အစည်းအဝေးတွေ စီစဉ်ပြုလုပ်ရန်
(၅)မူးယစ်ဆေးဝါး တရားမ၀င်သယ်ဆောင်မှု တိုက်ဖျက်မှုနှင့်စပ်လျဉ်၍ ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ခြင်း အစည်းအဝေးကို ခြောက်လတစ်ကြိမ် ကျင်းပပြုလုပ်ရန်
(၆)အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ သဘောတူချက် လက်မှတ်ရေးထိုးမှုကို စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်သွားရန်
(၇)ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ နိုင်ငံသားများဝင်ရောက်မှုအား ချက်ချင်းရပ်တန့် ရန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားများအား စောနိုင်သမျှ အစောဆုံး ပြန်လည်နေရာချထားရေးအတွက် ရခိုင်ပြည်နယ် အတွင်း ပုံမှန်အခြေအနေ ရောက်ရှိရေး ဆောင်ရွက်ရန်
(၈)ပြန်လည်နေရာချထားရေး ကြီးကြပ်ရေးအတွက် ၂၀၁၇ နိုဝင်ဘာလမှ သဘောတူညီချက်နဲ့ ပူတွဲလုပ်ငန်းအဖွဲ့ ဖွဲ့ စည်းရန်၊ရခိုင်ပြည်နယ်ကနေ စွန့် ခွာသွားတဲ့ သူတွေခေါ်ယူရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံ သဘောတူညီချက်အား အပြီးသတ်ဆောင်ရွက်ရန်
(၉)သတင်းအချက်အလက်ဖလှယ်ရေး ဆက်သွယ်ဆက်ဆံရေးနှင့် နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက်ရေးတို့ အတွက် အောက်ခြေအဆင့် ၊အလယ်အလတ်အဆင့်၊ဗဟိုအဆင့်တို့ ဆက်သွယ်ဆက်ဆံရေးများ သတ်မှတ်ရန်။
(၁၀)အပြန်အလှန်ယုံကြည်မှုများ တည်ဆောင်နိုင်ရေး အတွက် အလည်အပတ်ခရီးစဉ်များ အပြန်အလှန် တိုးမြှင့်ဆောင်ရွက်ရန်တို့ဖြစ်ပါတယ်။

ဘင်္ဂလား​ဒေ့ရှ်​နိုင်​ငံဘက်​သို့ ​ထွက်​​ပြေးတဲ့သူ​တွေကို ပြန်​လည်​လက်​ခံရာမှာ မြန်​မာနိုင်​ငံဘက်​က နှစ်​နိုင်​ငံသ​ဘောတူစာချုပ်​ချုပ်​ဆိုထားတဲ့ ၁၉၉၃ မူနဲ့ စီစစ်​လက်​ခံမှာ​ကို ဘင်္ဂလား​ဒေ့ရှ်​နိုင်ငံ​ဘက်​က သ​ဘောတူညီမှု ရှိ မရှိကို​တော့ နှစ်နိုင်ငံ​​နိုင်​ငံ​​တော်​အစိုးရအဆင့်​က ​ဆွေး​နွေးဆုံးဖြတ်​ကြမှာ ဖြစ်​တယ်​လို့လည်း သိရပါတယ်​။

Author - မာရီခိုင်

No comments

Note: Only a member of this blog may post a comment.