Header Ads

''နိုင်​ငံ​ရေးမှာရန်​သူမရှိ၊ တိုင်းပြည်​နဲ့လူမျိုးအတွက်​​စေတနာပြိုင်​၊ လုပ်​အားပြိုင်​သစ္စာပြိုင်​ခြင်းသာ ဖြစ်​တယ်​"လို့ ဦးသန်း​ဌေး​ ပြော

''နိုင်​ငံ​ရေးမှာရန်​သူမရှိ၊ တိုင်းပြည်​နဲ့လူမျိုးအတွက်​​စေတနာပြိုင်​၊ လုပ်​အားပြိုင်​သစ္စာပြိုင်​ခြင်းသာ ဖြစ်​တယ်​"လို့ ဦးသန်း​ဌေး​ ပြော

ရန်​ကုန်​၊ မတ်​ ၁၂


ရန်​ကုန်​တိုင်း​ဒေသကြီး​မြောက်​ပိုင်းခရိုင်​၊ ထန်းတပင်​မြို့နယ်​၊ ဘိုစု​ကျေးရွာမှာ ဒီနေ့ (မတ်​၁၂ရက်) ပြုလုပ်​ခဲ့​တဲ့ ပြည်​ခိုင်​ဖြိုးပါတီ အဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီအခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးက
"နိုင်​ငံ​ရေးမှာ ရန်​သူမရှိ၊ တိုင်းပြည်​နဲ့လူမျိုးအတွက်​​ စေတနာပြိုင်​၊ လုပ်​အားပြိုင်​ သစ္စာပြိုင်​ခြင်းသာ ဖြစ်​တယ်​"လို့ ပြောဆိုလိုက်​ပါတယ်​။

အငြင်းပွား​နေတဲ့ ငြိမ်းစုစီ ဥပ​ဒေပြင်​ဆင်​​ရေးနဲ့ ပတ်​သက်​ပြီး
"အ​ခြေခံဥပ​ဒေက​ ပေးထားတဲ့အခွင့်​အ​ရေး​တွေကို ဘာဖြစ်​လို့ ဘယ်​သူက ပိုက်​ဆံ​ပေးသလဲလို့​ မေးမယ့်​အစား၊ ဟိုမှာသွားပြီး​တော့​ မေးပါလား၊
အဲ့ဒီအကြမ်းဖက်​​တွေ ရဲ​တွေကို ခုတ်​သတ်​နိုင်​​အောင်​ ပိုက်​ဆံဘယ်​သူ​ပေးသလဲ၊ လက်​နက်​ဘယ်​သူတပ်​ဆင်​​ပေးသလဲ၊ အဲ့ဒီမှာရှိ​နေတဲ့ မြိုတွ သက်​​တွေ ရခိုင်​​တွေ ဒိုင်းနက်​​တွေကို သတ်​နိုင်​​အောင်​ ဘယ်​သူက ထမင်း​ကြွေးထားသလဲ၊ အဲ့ဒါသွားလုပ်​ပါလား ဒီစကား​ပြောထားတယ်​အဲ့တာအတိုက်​အခံ" လို့ ဦးသန်း​ဌေးက ဆက်​​ပြောပါတယ်​။

အတိုက်​အခံဆိုတာနဲ့ပတ်​သက်​ပြီးလည်း
'' အာဏာရအစိုးရကို​ထောက်​ပြ​ပေးခြင်း၊ ထိန်းညှိငြိ​ပေးခြင်းဖြစ်​​ကြောင်း
ရခိုင်​နယ်​စည်းနဲ့ပတ်​သက်​ပြီး
 No Man's Land တို့ Zero Lineတို့
သုံးစွဲ​နေခြင်းအ​ပေါ်
မသုံးစွဲသင့်​​ကြောင်း​ ထောက်​ပြ​ပြောဆိုပြီး နှစ်ရက်အကြာမှာ အစိုးရတာဝန်​ရှိသူများကမသုံးစွဲဖို့​ ရေးသားလာ​ကြောင်း​ မေတ္တာရပ်​ခံလာ​တာ​တွေ့ရ​ကြောင်း''
ထည့်​သွင်း​ပြောကြားခဲ့ပါတယ်​။

အဆိုပါ ပြည်​ခိုင်​ဖြိုးပါတီ စု​ပေါင်းအဆိုပြုလွှာ ပေးအပ်​ပွဲတွင်​ ထန်းတပင်​မြို့နယ်​မှ(၉၉၉)ဦး၊ မင်္ဂလာဒုံမြို့နယ်​မှ (၁၈၀)ဦး၊ ​ရွှေပြည်​သာ(၁၀၀)ဦး၊​ မှော်​ဘီ(၃၅၅)ဦး၊
လှည်းကူး(၂၅၀)ဦး၊ အင်းစိန်​(၂၀၀)ဦး၊ လှိုင်သာယာ(၂၀၀)ဦး စု စု​ပေါင်း (၂၂၈၄)ဦး တို့ အဆိုပြုလွှာ များ​ ပေးအပ်​ခဲ့​တယ်လို့ သိရပါတယ်​။

By - မြတ်​ဟိန်း​ကျော်​ (ကော့မှူး)
MUNA
မူရင်းလင့်

No comments

Note: Only a member of this blog may post a comment.