NLD နှင့် ပြည်ခိုင်ဖြိုးပါတီ နှစ်ပါတီပူးပေါင်းမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်းနှင့် NLDပါတီထိပ်တန်းခေါင်းဆောင်အချို့ ပါတီကူးပြောင်းလို၍ ဤသို့ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ဦးဥာဏ်ဝင်းဆို .
NLD နှင့် ပြည်ခိုင်ဖြိုးပါတီ နှစ်ပါတီပူးပေါင်းမည်ဆိုသည်မှာ မဖြစ်နိုင်ကြောင်းနှင့် NLDပါတီထိပ်တန်းခေါင်းဆောင်အချို့ ပါတီကူးပြောင်းလို၍ ဤသို့ဆောင်ရွက်ခြင်းဖြစ်နိုင်ကြောင်း ဦးဥာဏ်ဝင်းဆို
.
နေပြည်တော်၊ ၃ ဒီဇင်ဘာ
.
လက်ရှိအာဏာရပါတီတစ်ခုဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် ယခင်အာဏာရပါတီဖြစ်ခဲ့ဖူးသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှစ်ပါတီ ပူးပေါင်းတော့မည်ဆိုသည့်သတင်းများ ထွက်ပေါ်နေသည့်အပေါ် ၎င်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူများကို ဆက်သွယ်မေးမြန်းခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီ ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးဥာဏ်ဝင်းက Excellent News Agency
သို့ခုလိုပြောဆိုခဲ့သည်။
.
"တရုတ်နိုင်ငံမှာ စတင်ကျင်းပနေတဲ့ တရုတ်ကွန်မြူနစ်ပါတီနှင့် ကမ္ဘာ့နိုင်ငံရေးပါတီများ ထိပ်သီးဆွေးနွေးပွဲကို
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပါတီရဲ့ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်ကိုဖိတ်ကြားလို့ သွားတက်နေတယ်။ အဲ့ဒီအစည်းအဝေးမှာ နိုင်ငံအသီးသီးက
အင်အားကြီးမားတဲ့ နိုင်ငံရေးပါတီတွေရဲ့
ထိပ်သီးခေါင်းဆောင်တွေ၊ အကြီးအကဲတွေ
တက်ရောက်နေတယ်၊ တို့နိုင်ငံကဆို
အန်ကယ်တို့အဖွဲ့ချုပ်ရယ် ပြည်ခိုင်ဖြိုးပါတီရယ်
တက်နေတယ်။
အခုထွက်ပေါ်နေတဲ့သတင်းတွေနဲ့ပတ်သက်ပြီးတော့မှ ကန်ကယ်တို့လည်း ဟိုဘက်အခြေအနေတွေကို
မေမြန်းထားတယ်၊ ဟိုဘက်ကအခြေအနေတွေကို
တော့အတိအကျမသိသေးဘူး၊ ဘာတွေဆွေးနွေးထားလည်းဆိုတာလည်းအတိအကျမသိရသေးဘူး။
.
သို့သော် အန်ကယ်အနေနဲ့ပြောရမယ်ဆိုရင် ဒီကိစ္စဟာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့
အန်ကယ်တို့ပါတီနဲ့ သူတို့ပါတီက မူဝါဒချင်းမတူဘူး၊
ရည်မှန်းချက်၊ ရည်ရွယ်ချက်ခြင်းလည်းမတူဘူး
ဒါကြောင့်ဘယ်လိုမှပေါင်းစပ်လို့မရပါဘူး ရန်ခိုင်နှုန်းနဲ့ဆိုရင်တောင် သုည သုညပါ။
.
ဒီအပေါ်မှာ တစ်ခုရှိတာက အန်ကယ်တို့ဆီမှာ သူတို့ပါတီဘက်ကို ကူးခြင်တဲ့သူတွေရှိတယ်လို့ကြားထားတယ်၊ ပါတီအကြီးအကဲတစ်ချို့လည်းပါတယ်။ ဘယ်သူဘယ်ဝါဆိုတာက ပါတီရဲ့လှို့ဝှက်သတင်းတွေဖြစ်တာမို့ ပြောဆိုခွင့်မရှိဘူး၊ အန်ကယ်ထင်တယ်
သူတို့တွေကနေ ဒီသတင်းကို ဖြန့်တာလို့ပဲ အန်ကယ်ကတော့ သုံးသပ်တယ် " ဟုပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာ့အရေး သုံးပွင့်ဆိုင် ဆွေးနွေး ပွဲအပြီး အထက်ဖော်ပြပါသတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာနိုင်ငံမှ အဆိုပါအစညအဝေးသို့ သွားတက်နေသည့် ပါတီ နှစ်ပါတီမှလည်း ယင်းကိစ္စနှင့်
ပတ်သက်ပြီး သတင်းထုတ်ပြန်ခဲ့ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။
Source; Excellent News Agnecy

Post a Comment