UEC ကိုမယုံဘူးလို့ ပြောခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့်ကို လာရောက် ဖြေရှင်းဖို့ UEC အကြောင်းကြားထား
UEC ကိုမယုံဘူးလို့ ပြောခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့်ကို လာရောက် ဖြေရှင်းဖို့ UEC အကြောင်းကြားထား
________________________________________
ရန်ကုန် ၊ ဒီဇင်ဘာ ၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်( UEC) ကို
ယုံကြည်မှုမရှိဘူးလို့ ပြောဆိုခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီမှ
ပြောရေးဆိုခွင့်ဖြစ်သူ ဒေါက်တာနန္ဒာလှမြင့်ကို
လာရောက်ဖြေရှင်းဖို့ အကြောင်းကြားထားတယ်လို့ 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က
ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။ ၎င်းကို လာမယ့်
ဒီဇင်ဘာလ ၈ ရက်နေ့ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို လာရောက်ဖြေရှင်းဖို့ 
အကြောင်းကြားထားခြင်းဖြစ်တယ်လို့ UEC မှ
ဥက္ကဌ ဦးလှသိန်းကပြောပါတယ်။
”သူပြောခဲ့တဲ့စကားနဲ့ ပတ်သတ်ပြီး လာရောက်ဖြေရှင်းဖို့ ပါ။ သူက ကော်မရှင်ကို အယုံအကြည်မရှိဘူးလို့ 
ပြောခဲ့တော့ ဘယ်အထောက်အထားနဲ့ 
ပြောတာလဲဆိုတာကို ဖြေရှင်းခိုင်းမှာပါ။
ပါတီကိုခေါ်တွေ့ တာမဟုတ်ပါဘူး သူပြောခဲ့တာမို့ 
လို့ သူ့ ကိုပဲခေါ်တွေ့ တာဖြစ်ပါတယ်” လို့ ဦးလှသိန်းကပြောပါတယ်။
ကျိုင်းတုံမြို့ နယ်မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီအမတ်ဖြစ်သူ ဦးရှာမွေလရှဲန်ကို ၎င်းနဲ့ အတူယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီမှ ဒေါက်တာ ၀ဏ္ဏစိုးက
အယူခံကန့် ကွက်လွှာတင်ခဲ့ရာမှာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံအဖွဲ့ က
ဒေါက်တာ ၀ဏ္ဏစိုးကို အနိုင်ပေးလိုက်မှုနဲပတ်သတ်ပြီး
ပြည်ခိုင်ဖြိုးပါတီက နိုဝင်ဘာလ ၂၃ ရက်နေ့ က
ရန်ကုန်မြို့ ၊သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးရုံးချုပ်မှာ
သတင်းထောက်များနဲ့ တွေ ဆုံပြီးသတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။
ယင်းရှင်းလင်းပွဲမှာ ”ဘက်လိုက်တယ်လို့ ပြောချင်တာမဟုတ်ဘူး။ ယုံကြည်တာ။ ရှိကိုရှိနေတာ။ ဒီပုံစံအတိုင်းဆက်သွားနေရင်တော့ ယုံကြည်မှုမရှိဘူးလို့ 
ပြောချင်တယ်။ ကော်မရှင်ရဲ့လုပ်ဆောင်တဲ့အပိုင်းတွေမှာ တကယ့်ကိုသမာ သမတ်ကျကျ ၊ မှန်မှန်ကန်ကန်၊ မျှမျှတတ ပါတီတွေအားလုံးနဲ့ ပူးပေါင်းပြီးတော့မှ ဆောင်ရွက်သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ ကြည့်ရမှာ
ပေါ့လေ။ လက်ရှိအခြေအနေထိကတော့ ကျွန်တော်တို့ ယုံကြည်မှုမရှိတာအမှန်ပဲ” လို့ ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က
ပြောဆိုခဲ့တာဖြစ်ပါတယ်။
UEC မှ အကြောင်းကြားတာနဲ့ ပတ်သတ်ပြီး
ဒေါက်တာနန္ဒလှမြင့်က ”ရှင်းပြခွင့်ရတာပေါ့လေ
ကျွန်တော်ဘာကြောင့်အခုလိုပြောခဲ့လဲဆိုတာကို။
ဒါမှ သူတို့ မှားရင်လည်းပြုပြင်ပေါ့ မှန်ရင်လည်း
ကျွန်တော့်ကိုရှင်းပြပေါ့ အမြင်ချင်းဖလှယ်နိုင်တာပေါ့ အခုလိုဖိတ်ကြားတော့။ UEC နဲ့ နိုင်ငံရေးပါတီတွေဆိုတာက အပြန်အလှန်နားလည်မှုရှိဖို့ လိုပါတယ်
ယုံကြည်မှုရှိမှ ပူးပေါင်းဆောင်ရွက်လို့ ရမှာပါ” လို့
ဒေါက်တာနန္ဒလှမြင့်ကဆိုပါတယ်။
ဒါ့အပြင် UEC အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ ဆုံဖို့ လွန်ခဲ့တဲ့၂လခန့် က တင်ပြထားပေမယ့် ယခုထိလက်ခံတွေ့ ဆုံခြင်းမရှိဘူးလို့ ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒလှမြင့်ကပြောပါတယ်။ နိုင်ငံရေးပါတီများ စုပေါင်းပြီး သဘောထားထုတ်ပြန်ချက်ထုတ်ပြန်စဉ်က UECကို
မိတ္တူပေးပို့ ခဲ့ပြီး သဘောထားထုတ်ပြန်ချက်ထဲမှာ UEC နဲ့ ပတ်သတ်တဲ့ဆွေးနွေးချက်များလည်းပါတယ်လို့ သူဆက်ပြောပါတယ်။
ဒါပေမယ့် ယင်းကိစ္စနဲ့ ပတ်သတ်ပြီး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ
ဥက္ကဌ ဦးလှသိန်းကတော့ ”ကျွန်တော်တို့ သဘောထားထုတ်တဲ့ပါတီတွေကို အကြောင်းပြန်ပြီးသားပါ ။
သူတို့ သဘောထားထုတ်ပြန်တဲ့အချက်တွေနဲ့ 
ပတ်သတ်ပြီးတော့ တွေ့ ဆုံဆွေးနွေးဖို့ မလိုအပ်ဘူးဆိုတာကို အကြောင်းပြန်ပြီးသားပါ အဲဒါကျ သူတို့ က
ထပ်မထုတ်ပြန်ဘူးနဲ့ ထင်တယ်” လို့ ပြောပါတယ်။
ဖြိုးထက်အောင်
ဓာတ်ပုံ – အောင်နိုင်စိုး(ကစ္ဆပ)
Source; Popular
Post a Comment