ပင်နီတိုက်ပုံဝတ်သရုပ်ဆောင်မှုအား တရားစွဲဆိုမည်ဆိုသည့်သတင်းမဟုတ်မှန်။
ပင်နီတိုက်ပုံဝတ်သရုပ်ဆောင်မှုအား
တရားစွဲဆိုမည်ဆိုသည့်သတင်းမဟုတ်မှန်။
ဖေဖေါ်ဝါရီ ၁၁၊၂၀၁၈။
Onlineတွင်ပြန့်နှံ့နေသော
ကောလိပ်ဂျပိုး ရုပ်ရှင်ဇာတ်ကားတွင်
NLD ပါတီဝင်များအား အထင်အမြင်လွဲမှားစေသည့် ပင်နီတိုက်ပုံဝတ်၍
သရုပ်ဆောင်မှုအပေါ် တရားစွဲဆိုမည်ဆိုသောသတင်းမှာ မဟုတ်မှန်သော
သတင်းဖြစ်ကြောင်း ဖျာပုံမြို့နယ်
လွှတ်တော်ကိုယ်စားလှယ်များထံမှသိရသည်။
"ကျွန်တော်တို့အနေနဲ့သိလည်းမသိဘူး၊
ပတ်သက်မှုလည်းမရှိပါဘူး၊အသိတယောက်က
ဖုန်းဆက်ပြောလို့တာဒီကိစ္စသိရတာ"ဟု
ဗျာပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းထွဋ်ကပြောသည်။
ဗျာပုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦးလုံး
နှင့်လည်းပတ်သက်မှုမရှိကြောင်း၊
သတင်းမှားသာဖြစ်ကြောင်းဦးဝင်းထွဋ်က
ဆက်ပြောသည်။
"ပေါက်ကရတွေလျှောက်ရေးပြီးဖြန့်နေတာ၊
မမှန်တဲ့သတင်းပါ၊ ဦးနိုင်ကျော်ဆိုတာလည်း
ဖျာပုံ လွှတ်တော်ကိုယ်စားလှယ်တွေ
အမည်စာရင်းမှာမရှိပါဘူး"ဟု
ဗျာပုံမြို့နယ်တိုင်းဒေသကြီးအမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဦးဇေယျာမင်းသိန်းက
ပြောသည်။
NLDပါတီဝင်များအား
အထင်အမြင်လွဲမှားစေနိုင်တဲ့အတွက် ပုဒ်မ ၈(စ)နဲ့
တရားစွဲဆိုသွားမည်ဟု ပြောကြားချက်အပေါ်၌
မဟုတ်မမှန်ကြောင်း၎င်းကဆိုသည်။
"သိတောင်မသိဘူးခင်ဗျ၊ဟိုတနေ့ကမှ
သူများပြလို့သိရရတာ
Fakeတွေနဲ့သတင်းမှားတင်နေကြတာပါ""
ဟု
ဗျာပုံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂)ကိုယ်စားလှယ်ဦးဘိုဘိုမင်းဇော်ကဆိုသည်
ကောလိပ်ဂျပိုး ရုပ်ရှင်ဇာတ်ကားတွင် ပင်နီတိုက်ပုံဝတ်၍ အမျိုးသမီးငယ်များ အား ကာယိနြေ္ဒပျက်ပြားစေသည့် ဇာတ်ကွက်များဖြင့် သရုပ်ဆောင်ခဲ့သည့်အတွက်
ဖျာပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်ကျော်က
သရုပ်ဆောင်မြင့်မြတ်အား တရားစွဲသွားမည်ဟူ၍ ပြောကြားထားကြောင်း
Online သတင်းများမှာ ဖေဖော်ဝါရီ ၉ ရက်တွင်
လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်၍
ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါသတင်းမှားဖေါ်ပြမှုနှင့်ပတ်သက်၍
ဗျာပုံလွှတ်တော်ကိုယ်စားလှယ်များ၏တုံပြန်မှု
သဘောထားကိုမေးမြန်းရာ၌
ပတ်သက်မှုမရှိသလိုမဟုတ်မှန်ကြောင်းနှင့်
ဖေါ်ပြသူများအားအရေးယူဆောင်ရွှက်မှုများ
ပြုလုပ်မည်မဟုတ်ကြောင်းသိရသည်။
မြတ်ဟိန်းကျော်(ကော့မှူး)

Post a Comment