မတ္တရာမြို့သက်ငယ်မုဒိမ်း၊ လူသတ်မုဒိမ်းဆန္ဒထုတ်ဖေါ်သူများမှရင်ဖွင့်သံတချို့။
မတ္တရာမြို့သက်ငယ်မုဒိမ်း၊
လူသတ်မုဒိမ်းဆန္ဒထုတ်ဖေါ်သူများမှရင်ဖွင့်သံတချို့။
ဖေဖေါ်ဝါရီ၁၈။၂၀၁၈။
မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်တွင်
နံနက်၉နာရီအချိန်၊ဖေဖေါ်ဝါရီ၁၃ရက်ကဖြစ်ပွားခဲ့သော(၂)နှစ်(၅)လအရွယ်
ကလေးငယ်အားလူသတ်မုဒိမ်းပြုလုပ်ခဲ့သောတရားခံ"ဖြိုးထက်အောင်"ကို
သေဒါဏ်ပေးရေးဆန္ဒထုတ်ဖေါ်ပွဲ
ပြုလုပ်ခဲ့ပြီး၊
အဆိုပါပွဲမှပါဝင်သူတချို့၏ရင်သွင်းသံများကို
ဆက်သွယ်မေးမြန်းခဲ့သည်။
"တနိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်နေတဲ့
သက်ငယ်မုဒိန်းတွေကိုရည်ရွယ်ပြီး
မတ္တရာမှာဖြစ်သွားတဲ့တရားခံကို
သေဒါဏ်ပေးရေးတောင်းဆိုတာပါ"ဟု
မတ္တရာမြို့နယ်ဆန္ဒထုတ်ဖေါ်တောင်းဆိုပွဲကို
ဦးဆောင်သူကိုသန်းလွင်ကကိုပြောသည်။
ဆန္ဒထုတ်ဖေါ်ကြသူကိုသန်းလွင်၊
ကိုကျော်ကျော်တို့ဦးဆောင်သော
အင်အား၂၀၀၀ခန့်က
ဖေဖေါ်ဝါရီ၁၈ရက်၊နံနက်ပိုင်းက
တရားဥပဒေစိုးမိုးရေး(ဒို့အရေး)
သက်ငယ်မုဒိမ်းပြုကျင့်သောဖြိုးထက်အောင်
သေဒါဏ်အထိပေးရေး(ဒို့အရေး)
သက်ငယ်မုဒိမ်းပပျောက်ရေး(ဒို့အရေး)
သက်ငယ်မုဒိမ်းသေဒါဏ်ပေးရေး(ဥပဒေ)
ပြဌာန်းပေးရေး(ဒို့အရေး)စသည့်စာသားပါ
ဗွီနိုင်းများကိုင်ဆောင်ကာကြွေးကြော်လျှက်
မိုးကုတ်ကားလမ်းအတိုင်း
မတ္တရာဟစ်တိုင်ကွင်းအထိ
စီတန်းလှည့်လှည်ဆန္ဒထုတ်ဖေါ်
ခဲ့ကြကြောင်းသိရသည်။
"ဖြစ်နိုင်ရင်ဗျာကျွန်တော်တို့မိဘနှစ်ပါးရှေ့မှာ
သတ်စေချင်ပါတယ်၊ကျွန်တော်တို့ရင်ထဲဘယ်လောက်ခံစားနေရလဲ၊ကျွန်တော်တို့လိုမိဘတိုင်းမခံစားရအောင်
သေဒါဏ်ပေးပေးပါလို့လည်းတောင်းဆိုပါတယ်ခင်ဗျာ"ဟု
မတ္တရာဝန်စုကျေးရွာတွင်ဖေဖေါ်ဝါရီ၁၃ရက်နေ့ကဖြစ်ပွားခဲ့သောသက်ငယ်မုဒိန်းမှုမှသေဆုံးသွားသောနှစ်နှစ်အရွယ်ကလေး၏ဖခင်ဖြစ်သူ
ဦးလှိုင်ဇင်မြင့်မှဆိုသည်။
ကလေးအမေကတော့ရွာမှာဆောက်တည်ရာမဲ့သလို၊
ကြောင်တောင်တောင်နှင့်ကစဉ်ကယားဖြစ်နေကြောင်း
အဒ်ါဖြစ်သူဒေါ်နှင်းပြောပြချက်အရသိရသည်။
"အကြွေစောတဲ့ ပန်းကလေးသမီးငယ်အတွက်
ကြီးမေလည်းယူကြုံးမရဖြစ်မိတယ်။"
"ကလေးရဲ့အဒေါ်တယောက်အနေနဲ့
ရင်ထဲမှာခံစားနေရသလို၊မိဘတိုင်းမခံစားရအောင်ခုပွဲမှာပါဝင်တယ်၊လိုအပ်တာကိုတတ်နိုင်
သလောက်ပံပိုးကူညီပေးတယ်"ဟု
မတ္တရာမြို့နယ်နေဒေသခံတစ်ဦးလည်းဖြစ်
ဝန်စုကျေးရွာဖြစ်စဉ်၌သေဆုံးသွားတဲ့နစ်နာသူ
ကလေး၏အဒေါ်ဖြစ်သူတိုင်းရင်းဆေးဆရာမ
ဒေါ်နှင်းကဆိုသည်။
"သက်ငယ်မုဒိမ်းတွေခုတလောကြားနေရတာ
စိတ်မကောင်းစရာပါ၊ဖြစ်လည်းမဖြစ်သင့်ဘူး၊
ဒါကြောင့်ပါဝင်ရတာပါ" ဟု
မတ္တရာမြို့ခံတစ်ဦးဖြစ်သောကိုမိုးနိုင်ကပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ သက်ငယ်မုဒိန်းမှု
ဖြစ်ပွားနှုန်း မြင့်တက်လာမှုအတွက်
ပြစ်မှုကျူးလွန်သူများကို သေဒဏ် အထိ ချမှတ်ပေးရေး
တောင်းဆိုမှုများ၊
တက်ကြွလှုပ်ရှားသူများ၊ဥပဒေနည်းလမ်းအရ
ဆောင်ရွှက်နိုင်ရန်ထောက်ခံလက်မှတ်များ
ကောက်ခံအဖွဲ့များစသည့်လှုပ်ရှား
တောင်းဆိုမှုများ၊နေရာအနှံ့အပြားတွင်
Canpaignလှုပ်ရှားမှုများအရှိန်အဟုန်မြင့်
ဆောင်ရွက်နေသည်ကိုတွေ့ရသည်။
အဆိုပါဆန္ဒထုတ်ဖေါ်ပွဲနှင့်အတူ
သက်ငယ်မုဒိန်းသေဒါဏ်ပေးရေးထောက်ခံလက်မှတ်များ
ကောက်ခံရယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြတ်ဟိန်းကျော်(ကော့မှူး)

Post a Comment