Header Ads

လှိုင်​သာယာမြို့နယ်​၊Family Win သင်္ဘေကျင်း၌ ဂက်​စ်​အိုး​ပေါက်​ကွဲမှုဖြစ်​ပွား ကာတစ်​ဦး​သေဆုံးပြီးလူအများဒါဏ်​ရရှိ။

လှိုင်​သာယာမြို့နယ်​၊Family Win သင်္ဘေကျင်း၌ ဂက်​စ်​အိုး​ပေါက်​ကွဲမှုဖြစ်​ပွား ကာတစ်​ဦး​သေဆုံးပြီးလူအများဒါဏ်​ရရှိ။

ဖေဖော်ဝါရီ ၁၂။၂၀၁၈။


လှိုင်သာယာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စက်မှုဇုန်(၇)၊
ဆိပ်ကမ်းသာလမ်းရှိ Family Win သင်္ဘေကျင်း၌
ဖေ​ဖေါ်ဝါရီ၁၂ရက်၊
နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင်
ဂက်​စ်​အိုး​ပေါက်​ကွဲမှုဖြစ်​ပွားခဲ့​ကြောင်း
ရန်​ကုန်​တိုင်းရဲတပ်​ဖွဲ့မှသိရသည်​။

"ဖြစ်​တယ်​ဆိုတာနဲ့အမှတ်​(၃)ရပ်​ကွက်​က
အုပ်​ချုပ်​​ရေးမှူးကဖုန်းဆက်​အကူညီ
တောင်းပါတယ်​"ဟု
လှိုင်​သာယာမဇ္ဈိမလူမှုကူညီ​ရေး
အသင်းမှတာဝန်​ခံကိုလင်းလင်းမှ​ပြောသည်​။

လူမှုကူညီ​ရေးအသင်းမှလူနာတင်​ယာဉ်​ဖြင့်
ဒါဏ်​ရာရလူနာများအားလှိုင်​သာယာ​ဆေးရုံသို့
လူနာ(၅)ဦးကိုပို့​ဆောင်​ခဲ့​ကြောင်း
ထိုမှစိုးရိမ်​ရလူနာ(၂)ဦးအားအင်းစိန်​​ဆေးရုံ
သို့ပို့​ပေးခဲ့​ကြောင်းကိုလင်းလင်း​ကဆိုသည်​။

ဖြစ်​စဉ်​မှာလှိုင်သာယာမြို့နယ်
လှိုင်သာယာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊
စက်မှုဇုန်(၇)၊ ဆိပ်ကမ်းသာလမ်းရှိ သင်္ဘောကျင်းတွင်
ပေါက်​ကွဲမှုဖြစ်​ပွား​ကြောင်း
သတင်းရ၍လှိုင်​သာယာမြို့နယ်​ရဲတပ်​ဖွဲ့မှ
တာဝန်​ရှိသူများသွား​ရောက်​စစ်​​ဆေးရာFamily Win သင်္ဘေကျင်း၌ လွန်းတင်ထားသည့်
အလျား(၂၀၀)xအနံ (၅၀)ပေရှိ တည်ဆောက်ဆဲ
သင်္ဘော၏လေလုံတက်မ
ခန်းမ အလျား ၁၈ ပေ၊ အနံ ၅၀ပေ၊ အမြင့် ၄ ပေ
အတွင်းလွန်ခဲ့သော
(၂)ရက်ခန့်က ဆေးသုတ်ထားသဖြင့် တာပင်တိုင်
ဒြပ်နှောများစိမ့်ဝင်နေ​ပြီး
ဝရိန်ဆော်စဉ် မီးပွင့်များထွက်ရာမှ
တာပင်တိုင်ဒြပ်နှောများဖြင့်ထိတွေ့
ကူးစက်ပေါက်ကွဲခဲ့ဖြစ်ဖြစ်ပွားကာ
အင်းစိန်မြို့နယ်နေ
ကို-----မှာ​သေဆုံးလျှက်​၊
 အောင်ပြည့် ဟိန်း၊ မျိုးကျော်သူ
ထွန်း၊ မင်းထက်၊ အောင်ဇေယျာဝင်း၊
 ကျော်ကျော်တို့တွင် ဒဏ်ရာများ
အသီးသီး ရရှိကာ အတွင်း/အပြင်လူနာများအဖြစ် လှိုင်​သာယာပြည်​သူ့​ဆေးရုံ၊အင်းစိန်​ပြည်​သူ့​ဆေးရုံများသို့
တင်ပို့​ပေးခဲ့​ကြောင်း ရန်​ကုန်​တိုင်းရဲတပ်​ဖွဲ့၏
သတင်း​ဖေါ်ပြချက်​အရသိရသည်။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍
လှိုင်သာယာမြို့မရဲစခန်း တွင်
ရဲလုပ်​ငန်းစဉ်​များအရ
အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း
သိရသည်။

ဓာတ်​ပုံ -Yangon Police
မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

No comments

Note: Only a member of this blog may post a comment.