Header Ads

သုံးဘီးဆိုင်​ကယ်​နှစ်စီးတိုက်မိရာမှ အမျိုးသမီးတစ်ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိ။

သုံးဘီးဆိုင်​ကယ်​နှစ်စီးတိုက်မိရာမှ
အမျိုးသမီးတစ်ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိ။

ဖေ​ဖေါ်ဝါရီ ၁။၂၀၁၈။

ရန်​ကုန်​တိုင်း​ဒေသကြီး​ကော့မှူးမြို့နယ်​၊
ပိန္နဲကုန်း​ကျေးရွာရှိမိုင်​တိုင်​၁၁/၇တွင်
ဇန်​နဝါရီ၃၁ရက်။၂၀၁၈၊ည၁၁နာရီ၃၀မိနစ်
အချိန်​ခန့်​ကသုံးဘီးဆိုင်​ကယ်​နှစ်​စီးတိုက်​မှု
ဖြစ်​ပွားပြီးအမျိုးသမီးတစ်​ဦး​သေဆုံးကာ
(၇)ဦးဒါဏ်​ရာရရှိခဲ့​ကြောင်း
ကော့မှူးမြို့မရဲတပ်​ဖွဲ့စခန်းမှသိရသည်​။


"​ကော့မှူးနဲ့ဒလကြားက၊ကားလမ်း​တွေက
လမ်း​တွေ​ကောင်းလာတာနဲ့အညီ​ပေါ့ဗျာ၊
စက်​တပ်​ယာဉ်​​တွေကအရှိန်​မြှင့်​တင်​​မောင်း
တော့အခုလိုဖြစ်​တာ​ပေါ့"ဟု
ကော့မှူးမြို့နယ်​ရဲတပ်​ဖွဲ့မှူးရဲမှူးသန်း​ဌေးက​ပြောသည်​။


ဤကဲ့သို့ဖြစ်​စဉ်​များမဖြစ်​​ပေါ်​စေရန်​၊
အခါအခွင့်​သင့်​တိုင်းယာဉ်​စည်းကမ်း/
လမ်းစည်းကမ်းများအသိပညာ​ပေး
ဆောင်​ရွှက်​​​ပေးနေတာကို
မလိုက်​နာကြသည့်​အတွက်
ယာဉ်​တိုက်​မှုများဖြစ်​​ပေါ်​နေရ​ကြောင်း
ရဲမှူးသန်း​ဌေးကဆိုသည်​။


ဇန်​နဝါရီ၃၁ရက်ည၁၁နာရီ၃၀မိနစ်အချိန်​ခန့်
ကော့မှူးမြို့နယ်​၊ပိန္နဲကုန်း​ကျေးရွာတွင်​ယာဉ်​တိုက်​မှုဖြစ်​ပွားခဲ့​ကြောင်းသတင်းအရ
သွား​ရောက်​စစ်​​ဆေးရာ
ကော့မှူးဘက်​မှဒလဘက်​သို့ဦးတည်​လျှက်
ဌေးဝင်း(၄၅)နှစ်​၊(ဘ)ဦးသန်း​အေး၊(၆)နံပါတ်
ရပ်​ကွက်​၊ဒလမြို့​နေ​မောင်းနှင်​လာ​သော
၈ဟ/၁၉၆၇သုံးဘီးဆိုင်​ကယ်​သည်
ဒေါ်ခင်​လှိုင်​(၄၃)နှစ်​၊(ဘ)ဦးစိုးသိန်း၊
ယောမင်းကြီးလမ်းဒလမြို့​နေနှင့်
မနှင်းအိလှိုင်​(၁၀)နှစ်​(ဘ)ဦး​ဌေးဝင်းတို့အား
တင်​​ဆောင်​၍ပိန္နဲကုန်း​ကျေးရွာ၊
မိုင်​တိုင်​၁၁/၇အ​ရောက်​တွင်
မမိုးမိုး(၄၁)နှစ်​(ဘ)ဦးမြ​မောင်​၊သ​ပြေကုန်း​ကျေးရွာဒလ၊မသီတာ(၄၈)နှစ်​၊(ဘ)ဦးသန့်​ဇင်​၊သ​ပြေကုန်း​ကျေးရွာ၊
မမြင့်​မြင့်​​ဝေ(၃၅)နှစ်​(ဘ)ဦး​သောင်း​အေး၊ဗိုလ်​စွန်​ပက်​လမ်း၊ဒလမြို့၊မိုးစန္ဒာ(၃၇)နှစ်
(ဘ)ဦး​အောင်​သန်း၊ဗိုလ်​စွန်​ပက်​လမ်း၊ဒလမြို့​​နေသူတို့
လိုက်​ပါ၍​ဇော်​လွင်​(၂၇)နှစ်​၊(ဘ)ဦး​ဇော်​​ဝေ၊
ယောမင်းကြီးလမ်းကျန်​စစ်​သားရပ်​ကွက်​​နေသူ
မောင်​နှင်​လာ​သော(နံပါတ်​ပြားမပါ)လိ​မ္မော်​​ရောင်
သုံးဘီးဆိုင်​ကယ်​အား​ကျော်​တက်​စဉ်
ဇော်​လွင်​​မောင်းနှင်​လာ​သောသုံးဘီးဆိုင်​ကယ်
၏​နောက်​ဝဲဘက်​​ဒေါင့်​အားတိုက်​မိသဖြင့်
မမိုးစန္ဒာမှာဦး​ခေါင်း​ပေါက်​ပြဲ၊
နှစ်​​ခေါင်း​သွေးထွက်​ဒါဏ်​ရာ(စိုးရိမ်​ရ)၊
ဒေါ်သီတာမှာဦး​ခေါင်းနာကျင်​(စိုးရိမ်​ရ)၊
ဌေးဝင်းမှာယာနဖူးဖူး​ယောင်​၊မျက်​ခုံး​အောက်​ပွန်းပဲ့၊
ယာ​ခြေကျင်းဝတ်​ပွန်းပဲ့ဒါဏ်​ရာ(စိုးရိမ်​ရ)နှင့်
ကျန်​သူများမှာထိခိုက်​ပွန်းပဲ့ဒါဏ်​ရာများရရှိကာ
ကော့မှူးပြည်​သူ့​ဆေးရုံသို့ဗြဟ္မစိုရ်အဖျောက်၊
ဇွဲမာန်သစ် ကော့မှူး၊ဓမ္မဝိဟာရတွံတေး၊
မြမြင့်မိုရ် တွံတေး၊တက်သစ်စ တွံတေးစသည့်
ပရဟိတအသင်းတို့မှ
ကော့မှုးဆေးရုံသို့အရေးပေါ် ပြုစုပြီး ကော့မှူးမှ
ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်
ပေးခဲ့​ကြောင်း
ကော့မှူး​ဆေးရုံအ​ရောက်​တွင်
မမိုးစန္ဒာမှာရရှိ​သောဒါဏ်​ရာဖြင့်​​သေဆုံးခဲ့​ကြောင်း၊
ဆက်​လက်​၍ဒါဏ်​ရာရသူများအား
ကော့မှူး​ဆေးရုံမှရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးသို့
လွဲ​ပြောင်းပို့​ပေးခဲ့​ကြောင်း
ရဲမှတ်​တမ်းအရသိရသည်​၊

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍
ရဲအုပ်​မြင့်​ဟန်​ -ယာဉ်​ထိမ်းစု(၅၃)မှ
တရားလိုပြုလုပ်​လျှက်
ဖေ​ဖေါ်ဝါရီ ၁ရက်၊နံနက်​ ၀၀း၄၀နာရီအချိန်
ကော့မှူးမြို့မရဲတပ်​ဖွဲ့စခန်းတွင်
ဒုရဲအုပ်​မိုးမိုး​အေးကအမှုစစ်​ပြုလုပ်​ကာ
(ပ)၁၄/၂၀၁၈၊ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ
၃၀၄-က/၃၃၇/၃၃၈ဖြင့်
အမှုဖွင့်​အ​ရေးယူ​ဆောင်​ရွက်​လျှက်
ရှိ​ကြောင်းသိရသည်​။

Crd; ဓာတ်​ပုံ-ဓမ္မဝိဟာရလူမှုကူညီ​ရေးအသင်း

မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

No comments

Note: Only a member of this blog may post a comment.