Header Ads

နှစ်​နှစ်​အရွယ်​က​လေးမ​လေးကို(၂၅)နှစ်​အရွယ်
မှသားမယားအဖြစ်​ပြုကျင့်​လို့​သေဆုံး။

ဖေ​ဖေါ်ဝါရီ၁၄။၂၀၁၈။


မန္တ​လေးတိုင်း​ဒေသကြီး၊​ မတ္တရာမြို့နယ်​၊
ရေနံသာရဲစခန်းအပိုင်​၊ဝန်​စု​ကျေးရွာတွင်
ဖေ​ဖေါ်ဝါရီ ၁၃ရက်၊နံနက်​၉နာရီ၃၀မိနစ်အချိန်​ကနှစ်​နှစ်​အရွယ်​က​လေးမ​လေးကို(၂၅)နှစ်​အရွယ်​မှသားမယားအဖြစ်​ပြုကျင့်​လို့​သေဆုံးမှုဖြစ်​ပွားခဲ့​ကြောင်း
မ​တ္တရာမြို့နယ်​၊​ရေနံသာရဲကင်းစခန်းမှသိရသည်​။


"က​လေးကဆုံးသွားပြီ၊တရားခံဖမ်းမိပါတယ်​၊
ခု ရဲလုပ်​ငန်းစဉ်​အတိုင်း​ဆောင်​ရွက်​​နေပါတယ်​"
ဟု မတ္တရာမြိုမစခန်းမှတာဝန်​ရှိရဲအရာရှိတစ်​ဦးမှ
ပြောသည်​။


ဖြစ်​စဉ်​မှာ
မန္တ​လေးတိုင်း​ဒေသကြီး၊မတ္တရာမြို့နယ်​၊
ဥဒိန်​​ကျေးရွာအုပ်​စု၊​မြွေကူးတို့ဆိပ်​​ကျေးရွာ​နေ
ကိုလှိုင်​ဇင်​မြင့်​(၃၅)နှစ်​(ဘ)ဦးဖုန်း​ကျော်​၊ဇနီးဖြစ်​သူ
 မသက်​မာစိုး(၃၄)နှစ်​(ဘ)ဦး​ကျော်​​ဆွေ၊သမီးဖြစ်​သူ မ-----တို့မိသားစုသုံးဦးသည်
ဖေ​ဖေါ်ဝါရီ၁၃ရက်၊နံနက်​ပိုင်းအချိန်
ရေနံသာရဲကင်းအပိုင်​၊ဝန်​စု​ကျေးရွာရှိ
တောတန်းတွင်​လှည်းဖြင့်​ထင်းခုတ်​သွားရာနံနက်​၈နာရီ၃၀မိနစ်ခန့်​အချိန်​ဝန်​စု​ကျေးရွာရှိ
ဦးခင်​​မောင်​အုန်းတို့၏အိမ်​သို့​ရောက်​ရှိခဲ့​ပြီး
သမီးဖြစ်​သူအားအပ်​နှံကာထင်းခုတ်​သွား​နေစဉ်
ထို​နေ့နံနက်​၉နာရီ၃၀မိနစ်အချိန်​ဝန်​စု​ကျေးရွာ​နေ
က​လေးမ၏အဖိုးနှစ်​ဝမ်းကွဲ​တော်​စပ်​သူဦးမင်းလွင်​စိုး(၄၇)နှစ်​(ဘ)ဦးဝင်း​မောင်​သည်
ဝန်​စု​ကျေးရွာပရဟိတရုံးတွင်​အလုပ်​လုပ်​​နေရာသို့၊တရွာတည်း​နေမဇာနည်​​အောင်​မှ
ရောက်​လာပြီးက​လေး​ပျောက်​ဆုံး​နေ​ကြောင်း
အ​ကြောင်းကြားခဲ့သဖြင့်​ဦးမင်းလွင်​စိုးအပါ
က​လေးမိဘများ၊ဝန်​စု​ကျေးရွာရှိရွာသူရွာသားများမှ
လူစုခွဲ၍ရှာ​ဖွေခဲ့​ကြ​ကြောင်း
နံနက်​၉၁၄၅မိနစ်အချိန်
ရေ​ချောင်းဘို​ကျေးရွာ​နေဦးတိုး၏ငှက်​​ပျောစိုက်​ခင်း
အ​ရှေ့ဘက်​ကန်​သင်းရိုးစပ်​၌
 ဖြိုးထက်​​အောင်​(၂၅)နှစ်​(ဘ)ဦးထွန်းလှ၊
ဝန်​စု​ကျေးရွာ​နေသူမှ
က​လေးမအားသားမယားအဖြင့်​ပြုကျင့်​​နေစဉ်
ဒေါ်သီး(ဝန်​စု​ကျေးရွာ​နေသူ)မှ​တွေ့ရှိကာ
လိုက်​ရှာ​နေ​သောသူများအား​အော်​ဟစ်​​ပြော
ကြားခဲ့၍ရွာသားများ​ရောက်​ရှိလာပြီးတရားခံ
ဖြိုးထက်​​အောင်​နှင့်​က​လေးမ​လေးအား​တွေ့ရှိခဲ့​ရာမှ၊တရားခံမှာ
ထွက်​​ပြေးသွားခဲ့​ကြောင်းထို့​နောက်​က​လေးမ​လေးအားဆိုင်​ကယ်​ဖြင့်​မတ္တရာ​ဆေးရုံသို့ပို့​ဆောင်​ခဲ့ပြီးနာရီဝက်​ခန့်​အကြာတွင်​က​လေး​သေဆုံးသွား​ကြောင်း
ရဲမှတ်​တမ်းများအရသိရသည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍
အဖိုး​တော်​စပ်​သူဦးမင်းလွင်​စိုးမှ
ထို​နေ့​နေ့လည်​၁နာရီ​ကျော်​အချိန်​​မြေးဖြစ်​သူမ---အား
သားမယားအဖြင့်​ပြုကျင့်​ပြီး​သေဆုံး​အောင်​ပြုကျင့်​သူ
ဖြိုးထက်​​အောင်​အားအ​ရေးယူ​ပေးရန်
တိုင်​ကြားခဲ့သဖြင့်​၊
မတ္တရာမြို့နယ်​၊​ရေနံသာရဲစခန်းမှ
ရဲအုပ်​လှနိုင်​ကအမှုစစ်​အဖြစ်​​ဆောင်​ရွက်​လျက်
(ပ)၂၆/၂၀၁၈၊ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ
၃၇၆/၃၀၂ဖြင့်​အမှုဖွင့်​အ​ရေးယူဖမ်းဆီးပြီး
ရဲလုပ်​ငန်းစဉ်​များအတိုင်း​ဆောင်​ရွှက်​လျှက်​ရှိ​ကြောင်း
သိရသည်​။

မြတ်​ဟိန်း​ကျော်​(​ကော့မှူး)


No comments

Note: Only a member of this blog may post a comment.