ရခိုင်ပြည်နယ်အစိုးရ၏ (၅-၂-၂၁၀၈) ရက်စွဲပါ ညွန်ကြားစာအပေါ်ထုတ်ပြန်ရန် မသင့်ကြောင်းရခိုင်မျိုးချစ်ပါတီမှပြော။
ရခိုင်ပြည်နယ်အစိုးရ၏ (၅-၂-၂၁၀၈) ရက်စွဲပါ
ညွန်ကြားစာအပေါ်ထုတ်ပြန်ရန်
မသင့်ကြောင်းရခိုင်မျိုးချစ်ပါတီမှပြော။
ဖေဖေါ်ဝါရီ ၁၁။၂၀၁၈။
ရခိုင်ပြည်နယ်လွှတ်တော်မှ မြောက်ဦးဖြစ်စဉ် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် ဥပဒေနှင့် မညီဟု ဆိုကာ ၎င်းအဖွဲ့စစ်ဆေးလာပါက မပူးပေါင်း မဆောင်ရွက်ရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာများသို့ ညွှန်ကြားချက် တစ်စောင်ထုတ်ပြန်လိုက်ခြင်း
အပေါ်၊မဖြစ်သင့်ကြောင်းရခိုင်မျိုးချစ်ပါတီ
အတွင်းရေးမှူးဦးခင်မောင်ထွန်းထံမှဆက်သွယ်မေးမြန်းချက်အရသိရသည်၊
"ပြည်သူ့အကျိုးကိုဖေါ်ဆောင်နေတဲ့
လွှတ်တော်လုပ်ငန်းတွေမှာပြည်သူ့အကျိုးကို
မဆောင်ရွှက်နိုင်ဘူးဆိုရင်၊လာမည့်၂၀၂၀ရွှေးကောက်ပွဲဘယ်လိုမဲစွယ်မလဲ"ဟု
ရခိုင်မျိုးချစ်ပါတီအတွင်းရေးမှူး
ဦးခင်မောင်ထွန်းမှပြောသည်။
ရခိုင်ပြည်နယ်အစိုးရနှင့်လွှတ်တော်၏
ဆောင်ရွှက်ချက်ကွဲလွဲခြင်းအပေါ်
ဆက်သွယ်မေးမြန်းခြင်းဖြစ်သည်။
လက်ရှိဥပဒေပြုနေသည့်လွှတ်တော်နှင့်
အုပ်ချုပ်သည့်အစိုးရ Chat and Balence
မရှိသည့်အတွက်လွှတ်တော်၏လုပ်ငန်းများကို
အစိုးရပိုင်းမှပံ့ပိုးဆောင်ရွှက်မှုမရှိကြောင်း
ယင်းအကြောင်းများသည်အဓိက
၂၀၀၈ဖွဲ့စည်းပုံပြုပြင်ဘို့လိုအပ်ကြောင်း
ဘယ်အချက်ကိုဘယ်လိုပြုပြင်သင့်သည်ဆိုသော
အချက်သည်စာပြန်ကြည့်ပြီးပြောမှ
ရမည်ဖြစ်ကြောင်း
အဆိုပါပြောဆိုချက်များသည်ရခိုင်မျိုးချစ်ပါတီ၏
သဘောထားသာဖြစ်ကြောင်း
ဦးခင်မောင်ထွန်းမှဆိုသည်။
ယင်းညွန်ကြားစာတွင်
မြောင်ဦးဖြစ်စဉ်စုံစမ်းရေးအဖွဲ့
တာဝန်ပေးအပ်ခြင်းသည်
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၇၊ ပုဒ်မခွဲ(က)ပါပြဋ္ဌာန်းချက်နှင့်ညီညွတ်ခြင်းမရှိ
သည့်အပြင် အစိုးရအဖွဲ့၏ လုပ်ပိုင်ခွင့်ဖြစ်၍
အဆိုပါအဖွဲ့မှ ဖိတ်ကြားစစ်ဆေး မေးမြန်းခြင်း ပြုလုပ် လာပါက ဖြေကြားရန်မလိုကြောင်းနှင့် စာရွက်စာတမ်း အထောက်အထားများ တောင်းခံ လာပါ ကလည်း
ပြသပေးပို့ခြင်းမပြုရန်၊ အကယ်၍ ဖြေကြားခြင်း၊
အထောက်အထားများ တင်ပြခြင်းတို့ပြုလုပ်ခဲ့ပါက
သက်ဆိုင်ရာပုဂ္ဂိုလ်၏ တာဝန်သာ ဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းညွှန်ကြားစာကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ (၅-၂-၂၁၀၈) ရက်စွဲပါစာအမှတ် (၀၅၁)/၃/၆-(လုံခြုံ)/ အဖရ(ရခိုင်)ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၎င်းညွှန်ကြားစာ ထုတ်ပြန်ပြီးနောက် ပြည်နယ်ဌာနဆိုင်ရာများမှ သက်ဆိုင်ရာ မြို့နယ် အဆင့် တာဝန်ရှိသူများသို့ ထပ်ဆင့် ညွှန်ကြားစာထုတ်ပြန်ခဲ့သည်ဟု
သိရသည်။
မြောက်ဦးဖြစ်စဉ်ကို စုံစမ်းရေး အဖွဲ့အား မြေပုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က(ဥက္ကဋ္ဌ)အဖြစ်ဆောင်ရွှက်ပြီး
မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် က
(အတွင်းရေးမှူး)တာဝန်ယူကာအဖွဲ့ဝင် (၇) ဦးဖြင့်
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြည်နယ်လွှတ်တော်
အရေးပေါ်အစည်းအဝေးက အတည်ပြု
ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
မြတ်ဟိန်းကျော်(ကော့မှူး)

Post a Comment