ညောင်တုန်းမြို့နယ်တွင်ခိုးဝင်ဘင်္ဂလီ၂၁ဦး ဖမ်းမိ
ညောင်တုန်းမြို့နယ်တွင်ခိုးဝင်ဘင်္ဂလီ၂၁ဦး
ဖမ်းမိ
ဖေဖေါ်ဝါရီ ၃။၂၀၁၈။
ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်၊
မယ်ဇလီရဲစခန်းအပိုင်၊တဇင်ရေကျော်ကျေးရွာအုပ်စု၊အသင်းစုကျေးရွာအနီး၊မိုင်တိုင်
အမှတ်၂၉/၅နှင့်၂၉/၆အကြားကုန်ကားတစ်စီး
ပေါ်မှခိုးဝင်ဘင်္ဂလီကျား၁၂ဦး၊မ(၉)ဦး
စုပေါင်း(၂၁)ဦးဖမ်းဆီးရမိပြီးယာဉ်မောင်းနှင့်နောက်လိုက်တစ်ဦးအား
အမှုဖွင့်အရေးယူစစ်ဆေးလျှက်ရှိကြောင်း
ညောင်တုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
"ကားကရပ်ပြီးအပေါ့အပါး
ဆင်းသွားကြတဲ့အချိန်
တခြားကုန်ကားတွေကတွေ့တော့၊
ကုလားတွေမသင်္ကာဘူးဆိုပြီး
တာဝန်သိသတင်းပေးလို့ပြည်သူ့အားနဲ့ဖေါ်ထုတ်နိုင်တာပေါ့ဗျာ"ဟု
ညောင်တုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးမင်းသိမ်း
ကပြောသည်။
ဖြစ်စဉ်မှာ
ယာဉ်မောင်းတင်ထွန်းအောင်(၃၇)နှစ်၊(ဘ)ဦးချစ်တင်၊
ပတ္တမြားလမ်း၊(၆)ရပ်ကွက်၊သံတွဲမြို့ နေသူသည်
ယာဉ်အမှတ်9I-7977
(FOTON)အမျိုးအစားကိုသံတွဲမှရန်ကုန်သို့
မောင်းနှင်လာသောကုန်တင်ကားသည်
ညောင်တုန်းမြို့နယ်၊
မယ်ဇလီရဲစခန်းအပိုင်၊တဇင်ရေကျော်ကျေးရွာအုပ်စု၊
အသင်းစုကျေးရွာအနီး၊မိုင်တိုင်
အမှတ်၂၉/၅နှင့်၂၉/၆အကြား
(ပုသိမ်ရန်ကုန်ကားလမ်းပေါ်)တွင်ခေတ္တရပ်နားပြီးကားပေါ်မှသူများကျမ္မာရေး
အပေါ့အပါးဆင်းသွားစဉ်၊
ခိုးဝင်ဘင်္ဂလီများကိုတခြားကုန်ကားများမှသူများ
တွေ့ရှိပြီး တာဝန်သိပြည်သူများမှ
သတင်းပေးပို့ချက်အရသွားရောက်စစ်ဆေးရာ
ထိုကုန်ကားပေါ်မှခိုးဝင်ဘင်္ဂလီကျား၁၂ဦး၊မ(၉)ဦး၊
စုပေါင်း(၂၁)ဦးဖမ်းဆီးရမိခဲ့ကြောင်း
ယာဉ်မောင်းတင်ထွန်းအောင်နှင့်
နောက်လိုက်တစ်ဦးဖြစ်သော
ထွန်းထွန်းနိုင်(၃၉)နှစ်(ဘ)ဦးလှရွှေ၊သံတွဲနေသူ
နှစ်ဦးအားရဲလုပ်ငန်းစဉ်များအရဖမ်းဆီးစစ်ဆေးဆောင်ရွှက်နေကြောင်း
ဖမ်းမိသည့်ဘင်္ဂလီ(၂၁)ဦးအား
လူဝန်မှုကြီးကြပ်ရေးဦးစီးမှူးမှတရားရုံးတွင်ဆက်လက်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း
ရဲမှူးစိုးမင်းသိမ်းပြောပြချက်အရသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍
ဘင်္ဂလီများတင်ဆောင်လာသူယာဉ်မောင်း
တင်ထွန်းအောင်နှင့်နောက်လိုက်
ထွန်းထွန်းနိုင်တို့အား၊
ဆားမလောက်ရဲကင်းစခန်းမှူး
ရဲအုပ်သူရိန်လင်းမှ
တရားလိုအမှုစစ်ပြုလုပ်၍
ဖေဖေါ်ဝါရီ၃ရက်၊ည၆နာရီ၅၅မိနစ်အချိန်
မဲဇလီရဲတပ်ဖွဲ့စခန်းတွင်(ပ) ၅၉/၂၀၁၈၊
ရာဇသတ်ကြီးပုဒ်မ-၃၆၇/၁၁၄ဖြင့်အမှုဖွင့်
စစ်ဆေးဆောင်ရွှက်လျှက်ရှိကြောင်းသိရသည်။
မြတ်ဟိန်းကျော်(ကော့မှူး)

Post a Comment