Header Ads

"သေနတ်သမားကြည်လင်းနဲ့သုံးဦးကို အမြင့်ဆုံး ​သေဒဏ်အထိပေးလို့ရတဲ့ပုဒ်မနဲ့စွဲချက်တင်"

"သေနတ်သမားကြည်လင်းနဲ့သုံးဦးကို အမြင့်ဆုံး
သေဒဏ်အထိပေးလို့ရတဲ့ပုဒ်မနဲ့စွဲချက်တင်"


ရှေ့နေ့ ဦးကိုနီအသတ်ခံရတဲ့အမှု မှာ ဖမ်းဆီခံထားရသူတွေကို  စွဲချက်တင်လိုက်ပါပြီ။

သေနတ်သမားကြည်လင်း ၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ကို့ ပုဒ်မ ၃၀၂ (၁) (ခ) နဲ့ စွဲချက်တင် လိုက်တာဖြစ်ပြီးအောင်ဝင်းထွန်းကိုတော့ ပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်လိုက်တာပါ။

သေနတ်သမားကြည်လင်းအပါအဝင်သုံးဦးကိုစွဲချက်
တင်လိုက်တဲ့ ပုဒ်မဟာ ပြစ်မှု ထင်ရှားရင် အမြင့် ဆုံး
ပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခုဖြစ်တယ်လို့သိရပါတယ်။

အောင်ဝင်းထွန်းကိုတော့ အောင်ဝင်းဇော် ထွက်ပြေးဖို့ ကူညီပေးတယ်ဆိုကာ  ပုဒ်မ ၂၁၂ နဲ့စွဲချက်တင်ခဲ့တာ
ဖြစ်ပြီး ပြစ်မှု ထင်ရှားရင်တော့ အဲဒီပုဒ်မဟာ အမြင့်ဆုံး
ပြစ်ဒဏ် ထောင်ဒဏ်နှစ်နှစ်အထိ ချ မှတ်နိုင်တယ်လို့
ဦးကိုနီရဲ့အမှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ရှေ့နေတွေက ဆိုကြပါတယ်။


ဒါအပြင် လွတ်မြောက်နေတဲ့  အောင်ဝင်းခိုင်ကို တရားခံပြေးအဖြစ် ကျင့်ထုံးဥပဒေပုဒ်မ ၈၈ နဲ့တရားရုံးက
ကြေညာလိုက်ပြီး အဲဒီပုဒ်မနဲ့ ကြေညာလိုက်တာဟာ
 အောင်ဝင်းခိုင် ကို အများပြည်သူ ဘယ်သူမဆို တွေ့တဲ့နေရာမှာ ဖမ်းဆီးပြီး တရားရုံးဒါမှမဟုတ်
ရဲစခန်းကို ပို့ဆောင်နိုင်တဲ့အခွင့်အရေးရသွားပြီလို့
  တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ၂၀၁၇  ဇန်နဝါရီလ
အတွင်းပြည်ပခရီးစဉ်ကအပြန် ရန်ကုန်လေဆိပ်အနီးမှာ
သေနတ်နဲ့အနီးကပ်သတ်ဖြတ် ခံခဲ့ ရတာပါ။

အဲဒီအမှုမှာ သေနတ်သမားကြည်လင်းအပါအဝင်
 လေးဦးကိုဖမ်းဆီးပြီးတဲ့နောက် အမှုကိုကြားနာနေတာ
တစ်နှစ်နီးပါးရှိလာတဲ့အချိန်မှာ စွဲချက်တင်အမိန့်ချလိုက်တာပဲဖြစ်ပါတယ်။

ဓာတ်ပုံ - ကျော်ဇင်သန်း
Source 7day

No comments

Note: Only a member of this blog may post a comment.