Header Ads

စဥ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူးအား တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခံရ

စဥ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူးအား
တစ်လင်တစ်မယားဥပဒေဖြင့် အမှုဖွင့်ခံရ

ဖေ​ဖေါ်ဝါရီ ၁၁။၂၀၁၈။


စဥ့်ကူးမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးမှူး
 ဦးကြည် သက်မောင်အား
 တစ်လင်တစ် မယားဥပဒေဖြင့် အမှုဖွင့်ခံထားရ
ကြောင်း
အောင်မြေသာ စံမြို့နယ် အမှတ်(၁)နယ်မြေ
ရဲ တပ်ဖွဲ့စခန်းမှသိရသည်​။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်
သရက် ကုန်းရပ်ကွက်တွင် နေထိုင်သူအသက်(၂၄)နှစ်အရွယ် အမျိုးသမီးတစ်​ဦးကတိုင်​ကြားခြင်းဖြစ်​သည်။

"​ဖြစ်​စဉ်​ကမှန်​ပါတယ်​၊
လော​လောဆယ်​​တော့အမူစစ်​ကို
စခန်းမှုးကဘယ်​သူ့ကို​ပေးမယ်​မသိဘူးခင်​ဗျ၊
အမူ့စစ်​ကို​မေးမြန်းမှပိုပြီးသိရမယ်​"ဟု
အမှတ်​(၁)အောင်​​မြေသာဇံရဲတပ်​ဖွဲ့စခန်းမှ
တာဝန်​ရှိသူတစ်​ဦးမှ​ပြောသည်​။

ဖြစ်စဉ်မှာ စဥ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး
 ဦးကြည်သက်မောင်သည် မိုးကုတ်မြို့မှ မြေပွဲစား
အဖြစ်ဟန်ဆောင်ပြီး KTV တွင် အလုပ်လုပ်ကိုင်သည့် အမျိုးသမီးကို သွေးဆောင်ဖြားယောင်းကာ
 ကာမရယူခဲ့ကြောင်း
၎င်းနှင့်​ရ​သောကိုယ်​ဝန်​မှာ(၆)လခန့်​ရှိပြီဖြစ်​​ကြောင်းညှီနိုင်း​ဆွေး​နွေးရန်​ဆက်​သွယ်​​သော်​လည်းဖုန်းမကိုင်​ဘဲအဆက်​သွယ်​ဖြတ်​ထား​ကြောင်းစသည့်​အတွက်
ကြောင့်​တိုင်​ကြားအမှုဖွင့်​ခဲ့ခြင်းဖြစ်​​ကြောင်းသိရသည်။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍
မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်ရှိ
အထွေထွေအုပ်ချုပ်ရေးမှူး ဦးကြည်သက်မောင်အား
ဖေဖော်ဝါရီလ ၉ ရက်နေ့က အောင်မြေသာစံမြို့နယ်
 အမှတ်(၁) နယ်မြေရဲစခန်းတွင် တစ်လင်တစ်မယား
စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ (၁၇) ဖြင့်အမှုဖွင့်ထားပြီးရဲလုပ်​ငန်းစဉ်​များအရ
ဆောင်​ရွက်​လျှက်​ရှိ​ကြောင်းသိရသည်​။

ယင်းကိစ္စနှင့်​ပတ်​သက်​၍
စဥ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး
 ဦးကြည်သက်မောင်ထံသို့ ဆက်သွယ်မေးမြန်ရန်
ဆောင်ရွက်သော်လည်း ဆက်သွယ်၍ မရပါ။

မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

No comments

Note: Only a member of this blog may post a comment.