Header Ads

ညောင်​တုန်းမြို့နယ်​တွင်​ကျပ်​(၃၉)သိန်းခွဲ တန်​ဘိုးရှိWYစာတမ်းပါစိတ်​ကြွမူးယစ်​​ဆေးဝါး များဖမ်းမိ။

ညောင်​တုန်းမြို့နယ်​တွင်​ကျပ်​(၃၉)သိန်းခွဲ
တန်​ဘိုးရှိWYစာတမ်းပါစိတ်​ကြွမူးယစ်​​ဆေးဝါး
များဖမ်းမိ။

ဖေ​ဖေါ်ဝါရီ ၁၆။ ၂၀၁၈။


ဧရာဝတီတိုင်း​ဒေသကြီး​ညောင်​တုန်းမြို့နယ်​၊
ချောင်းကြီးနယ်​​မြေရဲစခန်းအပိုင်​၊​ဂေါ်ဒူတံတားထိပ်​တွင်​​ဖေ​ဖေါ်ဝါရီ၁၅ရက်၊ည၁၀နာရီအချိန်​ခန့်​ကကျပ်​(၃၉)သိန်းခွဲ
တန်​ဘိုးရှိWYစာတမ်းပါ
စိတ်​ကြွမူးယစ်​​ဆေးဝါးများဖမ်းဆီးခဲ့​ကြောင်း
ညောင်​တုန်းမြို့နယ်​ရဲတပ်​ဖွဲ့မှူးရုံးမှသိရသည်​။

"သတင်းအရသွားတာ၊စစ်​​ဆေး​တော့မူးယစ်​​ဆေးလက်​ဝယ်​မိတာဘဲ၊ဒါကလည်း
တိုင်းက၊မူးယစ်​အဖွဲ့​တွေ၊ခရိုင်​တို့မြို့နယ်​တို့နဲ့
ပူး​ပေါင်းပြီးသတင်းကွင်းဆက်​ယူ​ဆောင်​ရွှက်​ချက်​​ပေါ့ဗျာ"ဟု ​ညောင်​တုန်းမြို့နယ်​ရဲတပ်​ဖွဲ့မှူး
ရဲမှူးစိုးမင်းသိန်းကပြောသည်​။

ဖြစ်​စဉ်​မှာ
သတင်းအရ ၊ရဲမှူးစိုးမင်းသိန်း၊ဒုရဲမှူးလှ​ရွှေ
(ပုသိမ်​မူးယစ်​)၊ရဲအုပ်​သူ​အောင်
(ခရိုင်​မူး/နှိမ်​)၊ရဲအုပ်​မင်းမြတ်​​စောဝင်း
(နယ်​​မြေခံစခန်းမှူး)တို့ဦး​ဆောင်​​သော
တပ်​ဖွဲ့ဝင်​၁၀ဦးပါအဖွဲ့နှင့်​​ကျေးရွာအုပ်​ချုပ်​​ရေး
ပူး​ပေါင်းအဖွဲ့သည်
ဖေ​ဖေါ်ဝါရီ၁၅ရက်၊ည၈နာရီအချိန်​ခန့်​က
ချောင်းကြီးနယ်​​မြေရဲစခန်းအပိုင်
ဂေါ်ဒူတံတားထိပ်​၊ကားလမ်း​ဘေးရှိ
ဆိုင်​ကယ်​​ပေါ်ထိုင်​​နေ​သော 
ဝေယံထွန်း(၂၃)နှစ်​(ဘ)ဦး​ကျော်​​ဆွေ၊
ထိပ်​ဝကြီးရွာ၊​ညောင်​တုန်းမြို့နယ်​​နေသူအား
စစ်​​ဆေးရာ
ထိုသူ၏ယာဘက်​လက်​အတွင်းမှအပြာ​ရောင်​ပလပ်​စတစ်​က်​ခွာအိပ်​ဖြင့်​ထည့်​ထားသော
WYစာတမ်းပါလိ​မ္မော်​​ရောင်​စိတ်​ကြွ​ဆေးပြား(၂၀၀)ပြားပါတစ်​ထုတ်​၊
လက်​ကိုင်​ဖုန်းတစ်​လုံးနှင့်​၎င်း၏​ပြောပြချက်​အရ
ထိုသူ၏​နေအိမ်​ခြံဝင်းအတွင်းသစ်​ငုတ်​တို
အနီးမြုတ်​ထား​သောအပြာ​ရောင်​ပလပ်​စတစ်​ကပ်​ခွာအိတ်​အတွင်း(၂၀၀)ပြားပါနှစ်​ထုတ်​၊(၁၉၀)ပြားပါတစ်​ထုတ်​၊သုံးထုတ်​ထပ်​မံ​တွေ့ရှိကာ
စု​ပေါင်း(၇၉၀)ပြား၊အထုတ်​(၄)ထုတ်​၊
ကာလခန့်​မှန်းတန်​ဘိုး၃,၉၅၀,၀၀၀ကျပ်​ရှိပြီး၊
သက်​​သေများ​ရှေ့တွင်​သိမ်းဆီးလျက်
ဖမ်းဆီးခဲ့​ကြောင်းရဲမှူးစိုးမင်းသိန်း​ပြောပြချက်​အရသိရသည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍
ညောင်​တုန်းမြို့နယ်​၊​ချောင်းကြီးရဲစခန်းတွင်
ဖေ​ဖေါ်ဝါရီ၁၆ရက်၊နံနက်​ ၀၀း၂၀နာရီအချိန်
အမှုဖွင့်​ကာ၊ မူးယစ်​(ပ)၁/၂၀၁၈၊
မူးယစ်​ပုဒ်​မ၁၅/၁၉(က)ဖြင့်
ရဲအုပ်​မင်းမြတ်​​စောဝင်းကအမူစစ်​​ဆောင်​ရွှက်​လျက်​ရှိ
ကြောင်းသိရသည်​။

ဓာတ်​ပုံ-​ညောင်​တုန်းရဲတပ်​ဖွဲ့မှူးရုံး

မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

No comments

Note: Only a member of this blog may post a comment.