Header Ads

လမ်းပြင်​လုပ်​ကိုင်​​နေသူမိန်းခ​လေး(၂)ဦးအား ထက်​​အောင်​​ကျော်​ယာဉ်​လိုင်းကားက အရှိန်​မထိန်းနိုင်​ဘဲဝင်​တိုက်​ပြီးတဦး​သေဆုံးပြီး။

လမ်းပြင်​လုပ်​ကိုင်​​နေသူမိန်းခ​လေး(၂)ဦးအား
ထက်​​အောင်​​ကျော်​ယာဉ်​လိုင်းကားက
အရှိန်​မထိန်းနိုင်​ဘဲဝင်​တိုက်​ပြီးတဦး​သေဆုံးပြီး။

ဖေ​ဖေါ်ဝါရီ ၁၅။၂၀၁၈။


ရန်​ကုန်​တိုင်း​ဒေသကြီး၊ကွမ်းခြံကုန်းမြို့နယ်​၊
ဝါး​ကောက်​​တော​ကျေးရွာတွင်းရှိ
မိုင်​တိုင်​၃/၁နှင့်​၃/၂အကြားတွင်
နံနက်​၉နာရီခန့်​အချိန်​က
လမ်းပြင်​လုပ်​ကိုင်​​နေသူမိန်းခလေး(၂)ဦးအား
ထက်​​အောင်​​ကျော်​ယာဉ်​လိုင်းမှကားက
အရှိန်​မထိန်းနိုင်​ဘဲဝင်​တိုက်​မိကာ၊တစ်​ဦး​သေဆုံးပြီး
တစ်​ဦးဒါဏ်​ရာရရှိခဲ့​ကြောင်း
ကွမ်းခြံကုန်းမြို့မရဲတပ်​ဖွဲ့စခန်းမှသိရသည်​။


"ဟုတ်​တယ်​ဗျာ၊သတင်းရရခြင်းဘဲ
စခန်းကသွားစစ်​​ဆေးတယ်​၊က​လေးမ​လေးတစ်​ဦး​သေတယ်​"ဟု
ကွမ်းခြံကုန်းမြို့မရဲတပ်​ဖွဲ့စခန်းမှူး
ဒုရဲမှူး​အောင်​​ကျော်​မိုးက​ပြောသည်​။

ဖြစ်​စဉ်​မှာ
သတင်းအရ​ကွမ်းခြံကုန်းမြို့မရဲတပ်​ဖွဲ့စခန်းမှ
တာဝန်​ရှိသူများအခင်းဖြစ်​ရာသို့
သွား​ရောက်​စစ်​​ဆေးရာ၊
ကွမ်းခြံကုန်းဘက်​မှ​ဒေးဒရဲဘက်​သို့ဦးတည်​လျှက်
 ထက်​​အောင်​​ကျော်​ယာဉ်​လိုင်းမှ
ယာဉ်​​မောင်း ​အောင်​ဟိန်း(၃၈)နှစ်​(ဘ)
ဦးခင်​​မောင်​ချို၊အုန်းပင်​​ကျေးရွာ၊​ဒေးဒရဲမြို့နယ်​​နေသူ
မောင်​နှင်​လာ​သော4H/1420အဝါ​ရောင်​Mini Busကားအမျိုးအစားကားသည်
ဖေ​ဖေါ်ဝါရီ၁၅ရက်နံနက်​၉နာရီအချိန်​ခန့်​က
ဝါး​ကောက်​​တော​ကျေးရွာတွင်းရှိမိုင်​တိုင်​၃/၁နှင့်​၃/၂
အကြားအ​ရောက်​တွင်
အရှိန်​မထိန်းနိုင်​ဘဲလမ်း၏ယာဘက်​​ဘေးရှိ
လမ်းပြုပြင်​​ရေးလုပ်​ငန်းများ​ဆောင်​ရွက်​​နေသူ
မသင်းသင်းမြတ်​(၁၇)နှစ်​(ဘ)ဦး​ကျော်​စိုး၊
ရွှေဂျိုးဖြူ ​ကျေးရွာကွမ်းခြံကုန်းမြို့နယ်​​နေသူနှင့်
မမြဖူး​ဝေ(၁၈)နှစ်​(ဘ)ဦးထွန်းလှ၊​ရွှေဂျိုးဖြူ​ကျေးရွာ၊
ကွမ်းခြံကုန်း​နေသူတို့အားဝင်​တိုက်
မိပြီး၊မသင်းသင်းမြတ်​မှာယာလက်​တစ်​​တောင်​ဆစ်​ကျိုး၊နှစ်​​ခေါင်းနှင့်​ပါးစပ်​မှအမြှပ်​များထွက်​ဒါဏ်​ရာများဖြင့်
ကွမ်းခြံကုန်း​ဆေးရုံအ​ရောက်​တွင်​​သေဆုံးခဲ့​​ကြောင်း
မမြဖူး​ဝေမှာယာနဖူး​ရောင်​ဘယ်​​ခြေသလုံးဖူး​ယောင်​၊ဘယ်​နံရိုးနာကျင်​ဒါဏ်​ရာနများဖြင့်
ရန်​ကုန်​​ဆေးရုံသို့အတွင်းလူနာ(မစိုးရိမ်​ရ)ပို့​ဆောင်​​ပေးခဲ့​ကြောင်းရဲမှတ်​တမ်းများအရ
သိရသည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​ပြီး
ယာဉ်​​မောင်း​အောင်​ဟိန်းအား
အမှတ်​(၅၅)ယာဉ်​ထိမ်းရဲတပ်​ဖွဲ့စုမှ
ရဲဒုတပ်​ကြပ်​ရန်​မျိုး​အောင်​က
တရားလိုပြုလုပ်​လျှက်​​ဖေ​ဖေါ်ဝါရီ၁၅ရက်၊
နံနက်​၁၁နာရီ၅၅မိနစ်အချိန်
ကွမ်းခြံကုန်းမြို့မရဲစခန်းတွင်
ယာဉ်​(ပ)၁၀/၂၀၁၈၊ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ၃၀၄-က/၃၃၈ဖြင့်​အမှုဖွင့်​ကာ
ဒုရဲမှူးး​အောင်​​ကျော်​မိုးမှ
အမှုစစ်​​ဆေး​ဆောင်​ရွက်​လျက်
ရှိ​ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

No comments

Note: Only a member of this blog may post a comment.