Header Ads

အစိုးရအဖွဲ့ကို ကြံ့ခိုင်ရေးက လွှမ်းမိုးနေပြီ

အစိုးရအဖွဲ့ကို ကြံ့ခိုင်ရေးက လွှမ်းမိုးနေပြီ

အစကတည်းက သတိပေးခဲ့ပါတယ်
ဒေါ်အောင်ဆန်းစုကြည်ကိုရော အဖွဲ့ချုပ် စီအီးစီအဖွဲ့ကို
ရော သတိပေးခဲ့တာပါ။

စစ်တပ်က လုပ်တဲ့ နိုင်ငံရေးက သိပ်ကြောက်ဖို့ကောင်းတယ် ကြံ့ခိုင်ရေးရုံးချုပ်မှာဖြစ်သွားတဲ့ သန်းခေါင်ယံ အာဏာသိမ်းပွဲကစပြီး ဇာတ်လမ်းဆင်တာပါဘဲ
ပြည်သူလူထု ထောက်ခံမှုမြင့်တက်နေချိန် ကြံ့ခိုင်ရေးက ကြိုတင်ပြင်ဆင်ခဲ့တယ်လို့ဘဲ မှတ်ယူတယ်။
ပါတီအာဏာရလာရင် အဖွဲ့ချုပ်ရဲ့ ပြည်သူ့အစိုးရကို
ချုပ်ကိုင်ဖို့ သပ်လျှိုထည့်ခဲ့တယ်ဆိုတာ သိပ်မှန်တယ်။ အဖွဲ့ချုပ်ထဲမှာ အရင်က ကွန်မြူနစ်ဝါဒီတွေကို
ဖယ်ရှားပစ်ဖို့ အစ်မကြီးကို သတိပေးခဲ့တုန်းက
လက်မခံခဲ့သလို အခုလဲ ဒီလိုဘဲ ဖြစ်နေတယ်။
အခုဆို အစိုးရဖွဲ့နဲ့လွှတ်တော်မှာ ဦးရွှေမန်းတစ်ခွန်းဘဲ သူ့စကားတစ်ခွန်းနဲ့ လည်ပတ်နေရတယ်။
ဦးရွှေမန်းကို ကြံ့ခိုင်ရေးက တိုက်ရိုက်ထိန်းချုပ်နေတယ်ဆိုတာ
မမေ့ဖို့ကောင်းတယ်။
ပါတီတွင်းမညီညွှတ်မှုတွေ အစပျိုးခဲ့သလို ပါတီနဲ့အစိုးရအဖွဲ့ကို အလဲလဲအကွဲကွဲဖြစ်စေခဲ့သူတစ်ဦးလို့ ပြောရင်လဲမမှားပါဘူး။
ဒီအတိုင်းဆက်သွားရင်တော့ ပြည်သူလူထုယုံကြည်မှုကို ရဖို့မလွယ်ဘူးဆိုတာ ထပ်ပြီး သတိပေးလိုပါတယ်။
ပါတီက တရွေ့ရွေ့ ဖယ်ထုတ်ခံနေရပေမယ့် ပါတီအပေါ် ထာတဲ့ သံယောဇဉ်ကြောင့်သတိပေးနေတာပါ။
 အောင်မြင်ကြပါစေ

ဦးဝင်းထိန်

မူရင်းလင့်

No comments

Note: Only a member of this blog may post a comment.