Header Ads

ဗိုလ်​မြတ်​ထွန်းတံတားတွင်​ခိုးဝင်​ဘင်္ဂလီ(၇)ဦး ဖမ်းဆီးရမိ။

ဗိုလ်​မြတ်​ထွန်းတံတားတွင်​ခိုးဝင်​ဘင်္ဂလီ(၇)ဦး
ဖမ်းဆီးရမိ။


ဖေ​ဖေါ်ဝါရီ ၈။၂၀၁၈။


ဧရာဝတီတိုင်း​ဒေသကြီး၊​ညောင်​တုန်းမြို့နယ်​၊
ဗိုလ်​မြတ်​ထွန်းတံတားတိုးဂိတ်​တွင်
ဖေ​ဖေါ်ဝါရီလ၈ရက်။၂၀၁၈။
ည​နေ၆နာရီ၃၀မိနစ်အချိန်​သတင်းအရ
ယာဉ်​​ကြောပိတ်​ဆို့ရှာ​ဖွေရာမှ
ခိုးဝင်​ဘင်္ဂလီ(၇)ဦးဖမ်းဆီးရမိ​ကြောင်း
ညောင်​တုန်းမြို့နယ်​ရဲတပ်​ဖွဲ့မှူးရုံးမှသိရသည်​။


"အရင်​ကတည်းကကြားသာကြားရတယ်​မမိဘူး​ပေါ့ဗျာ၊
ပြီးခဲ့တဲ့အ​ခေါက်​ကဖမ်းမိတယ်​၊ဒါ​တွေဆက်​စပ်​ကြည့်
တော့အလုံးအရင်းနဲ့ဝင်​လာ
နေတဲ့ပုံစံမျိုးဖြစ်​​နေတယ်​"ဟု
ညောင်​တုန်းမြို့နယ်​ရဲတပ်​ဖွဲ့မှူး
ရဲမှူးစိုးမင်းသိန်းက​ပြောသည်​။


ဖေ​ဖေါ်ဝါရီ၈ရက်၊
ည​နေ၆နာရီ၃၀မိနစ်အချိန်​ခန့်​က
ခိုးဝင်​ဘင်္ဂလီများပုသိန်​မြို့ကို​ရောက်​ရှိ
နေ​ကြောင်းထိုမှရန်​ကုန်​သို့ဝင်​ရန်​ကားလိုက်​လံ
ငှါး​နေ​ကြောင်းသတင်းအရ
ညောင်​တုန်းမြို့နယ်​ရဲတပ်​ဖွဲ့မှူး
ရဲမှူးစိုးမင်းသိန်း၊​ညောင်​တုန်းမြို့ မစခန်းမှူး
ဒုရဲမှူးဝင်းနိုင်​၊ရဲအုပ်​စိုင်းသီဟတို့ဦး​ဆောင်​​သော
ပိတ်​ဆို့ရှာ​ဖွေ​ရေးအဖွဲ့သည်
ဗိုလ်​မြတ်​ထွန်းတံတားရှိတိုးဂိတ်​တွင်
ရှာ​ဖွေစစ်​​ကြော​ရေးလုပ်​ငန်းများ​ဆောင်​ရွက်​​နေစဉ်
ပုသိန်​ဘက်​မှရန်​ကုန်​သို့ဦးတည်​လျက်
ယာဉ်​​မောင်း​အောင်​နိုင်​ဦး​(၄၉)နှစ်​(ဘ)ဦးစံရီ၊(၁၃)
ရပ်​ကွက်​၊ပုသိန်​မြို့​၊ဧရာဝတီတိုင်း​ဒေသကြီးနေ
မောင်းနှင်​လာ​သော
YGN 8H/2004 ​ရွှေအို​ရောင်​ စူပါကစ္စတန်
ကားအား
ရှာ​ဖွေစစ်​​ဆေးရာခိုးဝင်​ဘင်္ဂလီ(၇)ဦးဖမ်းဆီး
ရမိ​ကြောင်း၊
ထိုခိုးဝင်​ဘင်္ဂလီများကိုချင်းလူမျိုး
မောင်​ဟင်း(၃၀)နှစ်​(ဘ)ဦးငဖယ်​၊ဝါးကုန်း​ကျေးရွာ၊
မင်းတုန်းမြို့နယ်​၊မ​ကွေးတိုင်း​ဒေသကြီး​နေသူက
ခေါ်​ဆောင်​လာ​ပြီး
မ​ကွေးတိုင်းပဒန်းလမ်းခွဲမှပုသိမ်​သို့ကြုံရာကားစီး၍ပုသိန်​မှ
ရန်​ကုန်​သို့အဆိုပါကားအားငှါးလျှက်​တင်​​ဆောင်
လာခဲ့​ကြောင်း၊ရဲမှူးစိုးမင်းသိန်း​ပြောပြချက်​အရ
သိရသည်​။

ဧရာဝတီတိုင်း​ဒေသကြီး၊​ညောင်​တုန်းမြို့နယ်​တွင်​ခိုးဝင်​ဘင်္ဂလီဖမ်းဆီးမိခြင်းမှာ
တစ်​လအတွင်းဒုတိယအကြိမ်​ဖြစ်​​​၍
ပထမအကြိမ်​မှာ​ဖေ​ဖေါ်ဝါရီ၃ရက်၊၂၀၁၈၊တွင်​ကုန်​ကားပေါ်မှခိုးဝင်​ဘင်္ဂလီကျား၁၂ဦး၊မ(၉)ဦး၊
စု​ပေါင်း(၂၁)ဦးဖမ်းဆီးရမိခဲ့​ပြီးဖြစ်​​သည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍
လက်​ရှိယာဉ်​​မောင်း​အောင်​နိုင်​ဦးနှင့်
ခေါ်​ဆောင်​လာသူ​မောင်​ဟင်းအား
ညောင်​တုန်းမြို့မရဲစခန်းတွင်
ဖေ​ဖေါ်ဝါရီ၈ရက်၊၂၀၁၈၊ည၉နာရီ၃၀မိနစ်အချိန်
ညောင်​တုန်းမြို့မစခန်းမှူး
ဒုရဲမှူးဝင်းနိုင်​မှတရားလိုပြုလုပ်​ကာ
ရဲအုပ်​စိုင်းသီဟကအမှုစစ်​အဖြင့်​​ဆောင်​ရွက်​လျက်​(ပ)၄၆/၂၀၁၈၊ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ
၃၆၇/၁၁၄ဖြင့်​အမှုဖွင့်​​ဆောင်​ရွက်​လျက်
ရှိ​ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

No comments

Note: Only a member of this blog may post a comment.