ထမင်းဝအောင်စားထား” ဟုဆိုသူများကို ဖမ်းဝရမ်းထုတ်ပြီ
“ထမင်းဝအောင်စားထား” ဟုဆိုသူများကို ဖမ်းဝရမ်းထုတ်ပြီ
===============================
(Myanmar Now)
လွန်ခဲ့သည့်သီတင်းပတ်က အင်းစိန်မြို.နယ် မြောက်ပိုင်းခရိုင်ရုံးတွင် တရားလွှတ်တော်ရှေ.နေ ဦးကိုနီလုပ်ကြံခံရမှုကြားနာစဉ် “မင်းတို့ထမင်းဝအောင်စားထား”
ဟူသောစာသားများပါသည့် တီရှပ်များဝတ်ဆင်လာပြီး
လူသတ်တရားခံကြည်လင်းကို လာရောက်အားပေးခဲ့သူများကို ယမန်နေ့က အမှုဖွင့်၍ ဖမ်းဝရမ်းထုတ်ထားပြီ
ဖြစ်ကြောင်းသိရှိရသည်။
ထိုကဲ့သို့ တရားခွင်အား လာရောက်ခြိမ်းခြောက်ခဲ့သူများအား အရေးယူပေးရန် အင်းစိန်မြို.နယ် အထွေအထွအုပ်ချုပ်ရေးမှုးက တရားလိုလုပ်၍ အင်းစိန်မြို.နယ် တရားရုံးကိုဦးတိုက်လျှောက်ရာ တရားသူကြီးက
အများပြည်သူကိုထိတ်လန့်စေမှုနှင့် သက်ဆိုင်သော
ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)နှင့် ပြည်သူ့ဝန်ထမ်းကို
နစ်နာစေရန်ခြိမ်းခြောက်မှု ရာဇသတ်ကြီး ပုဒ်မ ၁၈၉ တို့ဖြင့် ပုဒ်မတပ်ပြီး လူ ၄ ဦးအားဖမ်းဝရမ်းထုတ်ခဲ့
ကြောင်း တရားရုံးသတင်းရပ်ကွက်မှ သိရှိရသည်။
မင်းတို့ထမင်းဝအောင်စားထားဟူသော စကားရပ်မှာ လူသတ်ရန်ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ ထိုကဲ့သို့တရားရုံးတွင်ပြောင်ပြောင်တင်းလာရောက်ခြိမ်းခြောက်မှု
သည် တရားရေးမဏ္ဍိုင်တစ်ခုလုံးကို စိန်ခေါ်မှုဖြစ်သော
ကြောင့် အကြမ်းဖက်မှုကိုအားပေးလှုံ.ဆော်သူများကို
ဖမ်းဆီးအရေးယူရန် ရှေ.နေအဖွဲ.အစည်းခြောက်ဖွဲ.က အစိုးရထံ ဖေဖော်ဝါရီ ၄ ရက်နေ့က
ကြေညာချက်ထုတ်တောင်းဆိုထားသည်။

Post a Comment