အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်အား သားမယားအဖြစ်ပြုကျင့်သည့် ဦးလေးအရင်းဖြစ်သူကို ရပ်ကွက်မှ ၀ိုင်းဝန်းဖမ်းဆီး
အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်အား သားမယားအဖြစ်ပြုကျင့်သည့်
ဦးလေးအရင်းဖြစ်သူကို ရပ်ကွက်မှ ၀ိုင်းဝန်းဖမ်းဆီး
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၆
အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား
ကျူတောအတွင်းတွင် မုဒိမ်းကျင့်သူတစ်ဦးအား တာမွေ မေတ္တာညွှန့်ရပ်ကွက်မှ ၀ိုင်းဝန်းဖမ်းဆီး၍
ရဲစခန်းသို့ပို့လိုက်သည်။
ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က
ပုဇွန်တောင်မြို့နယ်၊ ၃ ရပ်ကွက်နေ အမျိုးသမီးတစ်ဦး
သည် ရပ်ကွက်အတွင်း လိုက်လံ၍ အခကြေးငွေဖြင့် အ၀တ်လျှော်ပြီးနောက် မွန်းလွဲ ၁ နာရီခန့်အချိန်
အိမ်သို့ပြန်ရောက်သည်တွင် ခင်ပွန်းဖြစ်သူနှင့်
ထားရစ်ခဲ့သော အသက် ၄ နှစ်အရွယ် သမီးငယ်အား မတွေ့သဖြင့် မေးမြန်းရာ သူမ၏ မောင် အရင်းဖြစ်သူ လူဇော်(ခ)ဆန်နီက ခေါ်သွားကြောင်းသိရသည်။
ထို့ကြောင့် လူဇော်(ခ)ဆန်နီသွားလာတတ်သည့် နေရာများသို့လိုက်လံရှာဖွေရာ မတွေ့ပဲရှိနေစဉ်၊ တာမွေ
မေတ္တာညွှန့်ရပ်ကွက် သံလမ်းဘေး ကန်ဇွန်းခင်း
၂ ခုကြားရှိ ဇီးပင်အောက် ကျူတောအတွင်းတွင် သူမ၏ သမီးဖြစ်သူအား လူဇော်(ခ)ဆန်နီက
မုဒိမ်းပြုကျင့်သဖြင့် ရပ်ကွက်မှ ၀ိုင်းဝန်ဖမ်းဆီးထား
ကြောင်း မေတ္တာညွှန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ
ဖုန်းဆက်သဖြင့် သွားရောက်ခဲ့သည်။
အသက် ၄ နှစ်အရွယ် သမီးငယ်အားပြန်တွေ့သဖြင့် ခန္ဓာကိုယ်ကို စစ်ဆေးရာတွင် အမျိုးသမီးအင်္ဂါမှာ
ယောင်ရမ်းနေပြီး၊ အင်္ဂါဝတွင် အရည်ကြည်များတွေ့ရှိရကာ၊ ၀တ်ထားသည့် ဘောင်းဘီတိုတွင်
သွေးများစွန်းပေနေပြီး သမီးငယ်ကို မေးမြန်းရာတွင်
လည်း အလွန်ကြောက်လန့်နေပြီး မည်သည့်စကားမျှ
မေးမြန်းမရသဖြင့် လူဇော်(ခ)ဆန်နီအား ဥပဒေအရ အရေးယူပေးပါရန် တာမွေမြို့မရဲစခန်းသို့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် တရားလိုပြုလုပ်တိုင်တန်းခဲ့
သည်။
လက်ရှိတွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်အား အလိုမတူပဲ သားမယားအဖြစ်ပြုကျင့်သူ
လူဇော်(ခ)ဆန်နီ(အသက် ၃၃နှစ်)အား တာမွေမြို့မ
ရဲစခန်းမှ (ပ)၁၁၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
PN051
Source - ရန်ကုန်တိုင်းရဲတပ်ဖွဲ့
Photo - Min Thu Wai
Popular News Journal

Post a Comment