Header Ads

သူတစ်​ပါးရဲ့လူ့အခွင့်​အ​ရေးကို အ​လေးမထားတဲ့သူ၊လူလိုမကျင့်​တဲ့သူကို ​သေဒါဏ်​​ပေးတာကျွန်​​တော့အ​နေနဲ့​ပေါ့ဗျာ Personalအရ​ထောက်​ခံပါတယ်​ဟုဦးယုလွင်​​အောင်​မှ​ပြော။

သူတစ်​ပါးရဲ့လူ့အခွင့်​အ​ရေးကို
အ​လေးမထားတဲ့သူ၊လူလိုမကျင့်​တဲ့သူကို
သေဒါဏ်​​ပေးတာကျွန်​​တော့အ​နေနဲ့​ပေါ့ဗျာ
Personalအရ​ထောက်​ခံပါတယ်​ဟုဦးယုလွင်​​အောင်​မှ​ပြော။

ဇန်​နဝါရီ၃၁။၂၀၁၈။


၂၀၁၈ခုနှစ်​အတွင်းသက်​ငယ်​မုဒိန်းများ
လူသတ်​မုဒိန်းများဖြစ်​ပွားလျှက်​ရှိရာ
ထိုပြစ်​မှုများနှင့်​ပတ်​သက်​၍ပြစ်​ဒါဏ်​ပိုင်းကို
သေဒဏ်ပေးရေးဥပဒေပြဋ္ဌာန်းပေးရန်အတွက်
လူထုတောင်းဆိုမှုလက်​မှတ်​​ရေးထိုး
တက်​ကြွလှုပ်​ရှားသူများဖြစ်​​သော
မမြတ်​ဆုမွန်​နှင့်​ဦး​ဆောင်​(၄)ဦးအဖွဲ့မှ
အရှိန်​ဟုန်​မြှင့်​​ဆောင်​ရွက်​လျှက်
ရှိ​ပြီးအဆိုပါပြစ်​ဒါဏ်​သည်​လူ့အခွင့်​​ရေး​ကြေငြာစာတမ်းတွင်​လူသားတိုင်းအသက်​ရှင်​ပိုင်​ခွင့်​ရှိရမည်​ဟုပါရှိ​၍ပယ်​ဖျက်​ထားခဲ့
ကြောင်းလည်းသိရသည်​။


"သူတစ်​ပါးရဲ့လူ့အခွင့်​အ​ရေးကို
အ​လေးမထားတဲ့သူ၊လူလိုမကျင့်​တဲ့သူကို
သေဒါဏ်​​ပေးတာကျွန်​​တော့အ​နေနဲ့​ပေါ့ဗျာ
Personalအရ​ထောက်​ခံပါတယ်​"ဟု
မြန်​မာနိုင်​ငံအမျိုးသားလူ့အခွင့်​အ​ရေး​ကော်​မရှင်​(MNHRC)မှလူ့အခွင့်​အ​ရေးကာကွယ်​​စောင့်​​ရှောက်​မူ(Protection )တာဝန်​ခံ
ဦး ယုလွင်​​အောင်​က​ပြောသည်​။

လူ့အခွင့်​အ​ရေးကိုလိုချင်​တဲ့သူက
သူတပါးရဲ့အခွင့်​အ​ရေးကို
အ​လေးထားရမှာဖြစ်​ပြီး၊
သူတစ်​ပါးရဲ့လူ့အခွင့်​အ​ရေးကို
မ​လေးစားဘဲတစ်​ကိုယ်​​ကောင်းဆန်
ကျင့်​သုံးတဲ့လူဆိုရင်​​တော့လူ့အခွင့်
အ​ရေးနှင့်​မထိုက်​တန်​​ကြောင်း၊အဲ့ဒီလူမျိုးကို​သေဒါဏ်
ပေးတာ​တော့၎င်းအ​နေနဲ့​ထောက်​ခံ​ကြောင်းထို​ထောက်​ခံမှုသည်​​ကော်​မရှင်​၏
သ​ဘောထားမဟုတ်​ဘဲမိမိကိုယ်​ပိုင်
တစ်​ဦးတည်း၏သ​ဘောထားဖြစ်​​ကြောင်း
ဦးယုလွင်​​အောင်​မှဆိုသည်​။

အဆိုပါ​သေဒါဏ်​​ပေး​ရေးလှုပ်​ရှားမှု
Campaignအ​ပေါ်
မြန်​မာနိုင်​ငံအမျိုးသားလူ့အခွင့်​အ​ရေး​ကော်​မရှင်​(MNHRC)မှလူ့အခွင့်​အ​ရေးကာကွယ်​​စောင့်​​ရှောက်​မူ(Protection )တာဝန်​ခံ
ဦး ယုလွင်​​အောင်​အားPersonalသ​ဘောထား
ဆက်​သွယ်​​မေးမြန်းရာပြန်​လည်​​ဖြေကြား
ခြင်းဖြင့်​သည်​။

ထိုCampaignကိုမမြတ်​ဆုမွန်​၊မလီလီနိုင်​ကျော်​၊မသီရိ​နေလင်း၊မ​ဆွေဇင်​ဦးတို့မှ
ဦး​ဆောင်​၍ပြုလုပ်​​ဆောင်​ရွက်​​နေပြီး
ယ္ခုပထမအကြိမ်
ကမာရွှတ်​မြို့နယ်​ကျွန်း​တောလမ်း၌
ဇန်​နဝါရီ၂၉ရက်။၂၀၁၈။က
လှုပ်​ရှား​ဆောင်​ရွက်​ခဲ့ပြီး
လက်​မှတ်​(၅၀၀)ရရှိခဲ့​​ကြောင်းသိရသည်​။

"ပြည်​သူမရှိရင်​၊ ပြည်​သူ့ကိုယ်​စားလှယ်​ဆိုတာ
ရှိမလာနိုင်​ပါဘူး၊ပြည်​သူ့လုံခြုံမှုကိုပြဌာန်းမှု
ကိုမပေးနိုင်​ဘူးဆိုရင်​ပြည်​သူ့အစိုးရလို့အမည်​မခံနဲ့"ဟု၊
သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်း သေဒဏ်ပေးရေးဥပဒေပြဋ္ဌာန်းပေးရန်အတွက် လူထုတောင်းဆိုမှုဦး​ဆောင်​လှုပ်​ရှားသူတစ်​ဦးဖြစ်​သည့်​မမြတ်​ဆုမွန်​က​ပြောသည်​။

Campaignဒုတိယအကြိမ်​ကို
ကမာရွှတ်​မြို့နယ်​၊​အောင်​​မြေသာဇံလမ်း၊
(၁)ရပ်​ကွက်​တွင်​ပြုလုပ်​မည်
ဖြစ်​​ကြောင်း၊သတ်​မှတ်​ကာလ(၄)လခန့်​မှန်းပြီး​ထောက်​ခံလက်​မှတ်​သုံးသိန်းရရှိမည်​ဟု​မျှော်​လင့်​ထား​ကြောင်းသိရသည်​။

ဓာတ်​ပုံ-Campaignလှုပ်​ရှား​ဆောင်​ရွှက်​စဉ်
မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

No comments

Note: Only a member of this blog may post a comment.