၂၂ဘီး တွဲကားယာဉ်နှင့်အမျိုးသမီးသုံးဦး စီးနင်းလာသော ဆိုင်ကယ်Accidentဖြစ်ပြီး အမျိုးသမီး နှစ်ဦး ဦးခေါင်းကြေမွ ဒဏ်ရာဖြင့်သေဆုံး။
၂၂ဘီး တွဲကားယာဉ်နှင့်အမျိုးသမီးသုံးဦး
စီးနင်းလာသော ဆိုင်ကယ်Accidentဖြစ်ပြီး
အမျိုးသမီး နှစ်ဦး ဦးခေါင်းကြေမွ ဒဏ်ရာဖြင့်သေဆုံး။
ဇန်နဝါရီ ၃၀။၂၀၁၈။
မန္တလေးတိုင်းဒေသကြီးပုသိမ်ကြီးမြို့နယ်
အုန်းချောကျေးရွာအတွင်းမန္တလေး မှုဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင်
အမျိုးသမီးသုံးဦး စီးနင်းလာသော ဆိုင်ကယ်ကို
၂၂ဘီးတွဲကားယာဉ်တို့မတော်တဆမှုဖြစ်ပွား
ကာအမျိုးသမီး နှစ်ဦး ဦးခေါင်းကြေမွ ဒဏ်ရာများဖြင့်
သေဆုံးခဲ့ပြီး အမျိုးသမီးငယ်တစ်ဦးမှာ နဖူးကွဲ
ဒဏ်ရာရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး
အရေးပေါ်လူနာဌာနသို့ ပို့ဆောင်ခဲ့ရကြောင်း
စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)
မှကနဦးသတင်းသိရသည်။
"ဖြစ်ဖြစ်ခြင်းကျွန်တော်တို့ကိုဆက်သွယ်အကူညီ
တောင်းလို့သေဆုံးသူအမျိုးသမီးနှစ်ဦးနဲ့ဒါဏ်ရာရ
အမျိုးသမီးတစ်ဦးကိုမန္တလေးဆေးရုံပို့ပေးခဲ့ပါတယ်"ဟု
စေတနာမွန်လူမှုကူညီရေးအသင်းကတာဝန်ရှိသူက
ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းသို့ဆက်သွယ်သော်လည်းဆက်သွယ်၍မရသေးပါ။
ဓာတ်ပုံ-စေတနာမွန်လူမှုကူညီရေးအသင်း
မြတ်ဟိန်းကျော်(ကော့မှူး)

Post a Comment