အမျိုးသမီး(၄)ဦးအိပ်နေသောအခန်းထဲ လူဝင်ရောက်စဉ်အမျိုးသမီးတစ်ဦးမှနိုးလာပြီး တွေ့ရှိကာလန့်အော်သဖြင့်ဓားဖြင့်ထိုးကာ ဆင်းပြေးမှုဖြစ်ပွား။
အမျိုးသမီး(၄)ဦးအိပ်နေသောအခန်းထဲ
လူဝင်ရောက်စဉ်အမျိုးသမီးတစ်ဦးမှနိုးလာပြီး
တွေ့ရှိကာလန့်အော်သဖြင့်ဓားဖြင့်ထိုးကာ
ဆင်းပြေးမှုဖြစ်ပွား။
ဇန်နဝါရီ၂၉။ ၂၀၁၈။
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်း
ကြီးကျေးရွာအုပ်စု ၊မြရတနာရပ်ကွက်ရှိ အငှားနေလိုင်းခန်းတခန်းတွင် နံနက် ၃နာရီ၄၅မိနစ်အချိန်ခန့်
အမျိုးသမီး(၄)ဦး အိပ်နေသော အခန်းအတွင်းသို့
လူတဦးဝင်ရောက်လာ၍ အမျိုးသမီးတဦးမှ နိုးသွားပြီး ထအော်လိုက်စဉ် ထိုဝင်လာသူအမျိုးသားမှ
လန့်အော်သူအမျိုးသမီးအား
ဓါးဖြင့်ထိုးကာထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း
ပုလဲမို့သစ်အရံမီးသတ်စခန်းမှသိရသည်။
"စကားတော့မပြောနိုင်သေးဘူးခင်ဗျ ၊သတိတော့ရနေ
ပြီ၊မေဓာဝီဆေးရုံမှာဆေးကုသခံနေပါတယ်.ဟု
ပုလဲမြို့သစ်အရံမီးသတ်တပ်ဖွဲ့စခန်းမှူးဦးထင်လင်းအောင်မှပြောသည်။
သင်္ကန်းကျွန်းကြီးကျေးရွာအုပ်စု ၊မြရတနာရပ်ကွက်ရှိ
အငှားနေလိုင်းခန်းတခန်းတွင်ဇန်နဝါရီ၂၉ရက်၊နံနက်၃နာရီ၄၅မိနစ်အချိန်
ခန့်ကအမျိုးသမီး(၄)ဦးအိပ်နေသောအခန်း
အတွင်းသို့လူတဦးဝင်ရောက်လာ၍ အမျိုးသမီးတဦးမှ နိုးသွားပြီး ထအော်လိုက်စဉ် ထိုဝင်လာသူမှအော်သူ
အမျိုးသမီးအားဓါးဖြင့်ထိုးကာထွက်ပြေးသွားကြောင်း
အထိုးခံရသူ အမျိုးသမီးမှာဆီးခုံအနီး
ထိုးသွင်းဓါးဒဏ်ရာရ ရှိသဖြင့်
ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ
မေဓာဝီဆေးရုံသို့အချိန်မှီ
ပို့ဆောင်ပေးခဲ့ကြောင်း
ပုလဲမြို့သစ်အရံမီးသတ်တပ်ဖွဲ့စခန်းမှူး
ဦးထင်လင်းအောင်ပြောပြချက်အရသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍
မင်္ဂလာဒုံမြို့မရဲတပ်ဖွဲ့စခန်းသို့ဆက်သွယ်မေးမြန်းရာ
လက်ရှိအမှုဖွင့်လှစ်ခြင်းမရှိသေးကြောင်းတာဝန်ရှိသူ
တစ်ဦးကဖြေကြားခဲ့သည်။
ဓာတ်ပုံ-ပုလဲမြို့သစ်အရံမီးသတ်တပ်ဖွဲ့
မြတ်ဟိန်းကျော်(ကော့မှူး)

Post a Comment