ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် မီးလောင်မှုဖြစ်

ရန်ကုန်၊ ဇန်န၀ါရီ ၂၅
ဇန်န၀ါရီ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)
မြို့နယ်၊ (၆၇)ရပ်ကွက်၊ ရတနာအိမ်ရာရှိ အမှတ်(၈၇) (ဘီ)တွင် မီးလောင်မှုဖြစ်
ပွားလျက်ရှိကြောင်း သိရသည်။
မီးလောင်ရာနေရာသို့ မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် (၂၀)စီးဖြင့်
မီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၂ နာရီခန့်အချိန်တွင် မီးထိန်းနိုင်ခဲ့ကြောင်း
သတင်းရရှိသည်။
Yangon Police

Post a Comment