Header Ads

မြစ်​ကြီးနားKBZ Bankအနုကြမ်းစီးခံရ၊ သိန်း(၉၀၀)​ကျော်​ပါသွား။

မြစ်​ကြီးနားKBZ Bankအနုကြမ်းစီးခံရ၊
သိန်း(၉၀၀)​ကျော်​ပါသွား။

ဇန်​နဝါရီ ၂၃။၂၀၁၈။

ကချင်​ပြည်​နယ်​၊မြစ်​ကြီးနားမြို့၊ မြို့မဈေး ပထမထပ်ရှိ ကမ္ဘောဇဘဏ် မီနီဘဏ်သို့
ဇန်န၀ါရီလ၊ ၂၃ ရက်​၊၂၀၁၈။မွန်းလွဲ(၃)နာရီ​ကျော်
ဘဏ်ပိတ်ချိန်နောက်ပိုင်းတွင်လူ (၄) ဦး ရုတ်တရက်ဝင်ရောက်လာပြီး ဘဏ်အတွင်းရှိ ၀န်ထမ်းများအား အသင့်ယူဆောင်လာသော လက်နက်များဖြင့်
 ခြိမ်းခြောက်ကာ ဘဏ်မှ
ငွေကျပ် သိန်း (၉ ၂၀) ကျော်ကို
လုယူထွက်ပြေးသွား​ကြောင်း
က​မ္ဗောဇဘဏ်​ရုံးချုပ်​မှ
သတင်းထုတ်​ပြန်​ချက်​အရသိရသည်​။


ထိုဖြစ်​စဉ်​နှင့်​ပတ်​သက်​၍
မြစ်​ကြီးနားမြို့အမှတ်​(၁)ရဲစခန်းသို့
ဆက်​သွယ်​​သော်​လည်း
ဆက်​သွယ်​၍မရသေးပါ။

ဇန်နဝါရီလ၂၃ ရက် ညနေ၃နာရီ​ကျော်
အချိန် ခန့်​၊အမည်​မသိလူ​(၄)ဦး
ရုတ်တရက်ဝင်ရောက်လာပြီး ၊ဘဏ်အတွင်းရှိ ၀န်ထမ်းများအား အသင့်ယူဆောင်လာသော လက်နက်များဖြင့်
 ခြိမ်းခြောက်ကာလုယက်​မှု
ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လုယက်သူများကို ဘဏ်မန်နေဂျာ အမျိုးသမီးမှ ၀င်ရောက်လုံးထွေးသတ်ပုတ်၍ ခုခံခဲ့သော်လည်း လုယက်သူများသည် ဘဏ် မန်နေဂျာအား
ရိုက်နှက်၍ စီစီ တီဗွီ ကင်မရာများကို
ဖျက်ဆီးပြီးစက်ကိုပါ ဖြုတ်ယူသွားခဲ့ကြောင်း
ကနဦးသတင်းအရသိရသည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍
ကမ္ဘောဇဘဏ်အနေဖြင့် မြစ်ကြီးနားမြို့၊ အမှတ် (၁)
ရဲစခန်းသို့ ဥပဒေနှင့်အညီ
အမှုဖွင့်တိုင်ကြားထားပြီး ဖြစ်​ကြောင်း
လုယက်သွားသူများအား အလျင်အမြန်
 ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် ရဲဌာနမှ
 ကြိုးပမ်းဆောင်ရွက်နေကြောင်း
က​မ္ဗောဇဘဏ်​ရုံးချုပ်​မှ သိရသည်။

မြတ်​ဟိန်း​ကျော်​(​ကော့မှုး)
Crd ; Photo;  EPN

No comments

Note: Only a member of this blog may post a comment.