Header Ads

မိုးညှင်းမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် ၄စီး သိမ်းဆည်းရမိ

မိုးညှင်းမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် ၄စီး သိမ်းဆည်းရမိ
=========================================
မိုးညှင်း ဇန်နဝါရီ ၁၈

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာ မောင်းတံဂိတ်အနီးတွင် ဇန်နဝါရီ၁၆ရက် နံနက်၈နာရီက လိုင်စင်မဲ့မော်တော်ယာဉ် ၄ စီးအား မောင်းနှင်လာသူများနှင့်အတူ သိမ်းဆည်းရမိကြောင်း သိရသည်။


ဖြစ်စဉ်မှာ မိုးညှင်းခရိုင်ရဲတပ်ဖွဲ့၊မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊မိုးညှင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊နန့်ပုတ်ကျေးရွာ မောင်းတံဂိတ်အနီးတွင် လှည့်ကင်းဆောင်ရွက်နေစဉ် နန့်ပုတ်ကျေးရွာ မောင်းတံဂိတ်ရှောင်ကွင်းသည့်တောလမ်းအတိုင်း မော်ဟန်ဘက်မှ မိုးညှင်းဘက်သို့ စောကမ္ဘာ(၄၀)နှစ်မောင်းနှင်ပြီး ထွန်းလင်း(၃၁)နှစ်လိုက်ပါလာသည့် တိုယိုတာပရာဒို ခဲရောင်မော်တော်ယာဉ်(၁)စီး၊စောညီညီ(၃၂)နှစ် မောင်းနှင်လာသည့် တိုယိုတာလင်ခရူဇာ အဖြူရောင်မော်တော်ယာဉ်(၁)စီး၊စောနန်းအောင်(၂၃)နှစ် မောင်းနှင်လာသည့် တိုရိုတာကရောင်း အဖြူရောင်မော်တော်ယာဉ်(၁)စီး၊သန့်ဇင်ဦး(၂၈)နှစ် မောင်းနှင်လာသည့် တိုရိုတာပရာဒို ခဲရောင်မော်တော်ယာဉ်(၁)စီး စုစုပေါင်း (၄)စီးတို့အား သက်သေများရှေ့တွင် သိမ်းဆည်းရမိခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုးညှင်းရဲစခန်းတွင် ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မဖြင့် အရေးယူထားကြောင်း သိရသည်။



By - ဝင်းနိုင် (ကချင်မြေ)

#MUNA

No comments

Note: Only a member of this blog may post a comment.