Header Ads

ကွမ်းခြံကုန်းမြို့နယ်​တွင်​ဓားကိုင်၍ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့ဝင်များ ဝင်​​ရောက်​ဖမ်းဆီးစဉ်​ပြန်လည်ရန်ုပြုသဖြင့် Pump Actionသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး။

ကွမ်းခြံကုန်းမြို့နယ်​တွင်​ဓားကိုင်၍ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့ဝင်များ
ဝင်​​ရောက်​ဖမ်းဆီးစဉ်​ပြန်လည်ရန်ုပြုသဖြင့်
Pump Actionသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး။

ဇန်န၀ါရီ ၂၈ ။ ၂၀၁၈။


ရန်​ကုန်​တိုင်း​ဒေသကြီး၊ကွမ်းခြံကုန်းမြို့နယ်
ကန်လျားရှည်ကျေးရွာအုပ်စု၊
ကန်လျား ရှည်ကျေးရွာနေ ဦးဖိုးချိုနေအိမ်တွင်
နံနက်​ ၇နာရီ၃၀မိနစ်ခန့်​အချိန်​က
လင်​မယားချင်းစကား​ပြော​နေရာမှ
ဧည့်​သည်​ကတုတ်​ဖြင့်​ဝင်​ရိုက်​၊ဓားဖြင့်
ခုတ်​မှုဖြစ်​ပွားခဲ့ပြီးဓားကိုင်​ပြစ်​မှုကျူးလွန်​သူအား
ဓားချအဖမ်းခံရန်အကြိမ်ကြိမ်
ပြောခဲ့​သော်​လည်းပြန်​လည်​ခုခံခဲ့သဖြင့်
ရဲတပ်ဖွဲ့များက Pump Action သေနတ်ဖြင့်
ပြစ်ခတ်ဖမ်းဆီးရမှုဖြစ်​ပွားခဲ့​ကြောင်း
ကွမ်းခြံကုန်းမြို့နယ်​၊လက်​ခုတ်​ကုန်းနယ်​​မြေ
ရဲတပ်​ဖွဲ့စခန်းမှသိရသည်​။

"တရားခံက​တော့လက်​ရှိ​ဆေးကုသမှု​ခံယူ​နေပါတယ်​ခင်​ဗျ ၊ စိုးရိမ်​ရမှုမရှိပါဘူး၊ဒါဏ်ရာရသူနှစ်​​ယောက်​က
တော့ရန်​ကုန်​​ဆေးရုံကြီးကိုပို့လိုက်​တယ်​"ဟု
လက်​ခုတ်​ကုန်းနယ်​​မြေရဲကင်းစခန်းမှူး
ရဲအုပ်​မျိုးစည်​သူက​ပြောသည်​။

ဖြစ်​စဉ်​မှာ
လွန်ခဲ့သည့် ၂ ရက်ခန့်က
အလည်လိုက်လာသူ ငရဲ(ခ)ရန်ကွိုင်း(၃၀)နှစ်၊
မန်းဘူးကျေးရွာ၊ နမ့်ခမ်းမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နေသူသည်
ဇန်န၀ါရီ ၂၈ ရက်နေ့ နံနက် ၇ နာရီ၃၀မိနစ်
ခန့်​အချိန်၊ကွမ်းခြံကုန်းမြို့နယ်၊
ကန်လျားရှည်ကျေးရွာအုပ်စု၊
ကန်လျား ရှည်ကျေးရွာနေ ဦးဖိုးချိုနေအိမ်၌
ဦးဖိုးချိုနှင့် ဇနီးဖြစ်သူဒေါ်ခင်သိန်း တို့စကားပြောနေစဉ် ငရဲ(ခ)ရန်ကွိုင်းမှ
ဒေါ်ခင်သိန်းအား တုတ်ဖြင့်ရိုက်၍ ဦးခေါင်းနောက်စေ့
 ပေါက်ပြဲဒဏ်ရာ
ရရှိခဲ့ပြီး ဒေါ်ခင်သိန်း၏ တူမဖြစ်သူ မလဲ့လဲ့ဝင်းအား
 ထပ်မံ၍ ဓားမဖြင့်ခုတ်
ပြန်​ရာ မလဲ့လဲ့ဝင်းတွင်
ဦးခေါင်း နောက်စေ့ပြတ်ရှဒဏ်ရာ၊ အုတ်နီခဲဖြင့်
ထု၍ငယ်ထိပ်ပေါက်ပြဲဒဏ်ရာတို့ရရှိထား
ကြောင်းနှင့် ကျေးရွာရှိ တာဝန်ရှိ
သူများက ၎င်းအားထိန်းသိမ်းရန်သွားရောက်စဉ်
ပြန်လည်ရန်ပြုနေကြောင်း
 နယ်​​မြေရဲကင်းစခန်းသို့
သတင်းပေးအကြောင်း ကြားလာသဖြင့်
ကွမ်းခြံကုန်းမြို့နယ်၊
လက်​ခုတ်​ကုန်းနယ်​​မြေရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ
သည် နံနက်​၈ နာရီ​ကျော်​အချိန်တွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်အတူ
သွားရောက်ဖမ်းဆီးခဲ့ကြောင်း
ထိုသို့ဖမ်းဆီးစဉ်
ငရဲ(ခ)ရန်ကွိုင်း မှာ နေအိမ်အပေါ် ထပ်တွင် ဓားကိုင်၍   ပုန်းအောင်းနေသဖြင့်
နေအိမ်အောက်သို့ ဓားချအဖမ်းခံရန်အကြိမ်ကြိမ်ပြောဆိုရာတွင်
အောက်သို့ ဆင်းလာခြင်းမရှိ၍ ရဲတပ်ဖွဲ့များက Pump Action သေနတ်ဖြင့်
ခြောက်လှန့်ပစ်ခတ်သော်လည်း
နေအိမ် အောက်သို့ဆင်း၍ ဖမ်းဆီးခံခြင်း
မရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်အပေါ်သို့တက်ပြီး ဖမ်းဆီးခဲ့ရာ
ဓားဖြင့် အသက်အန္တရာယ် ထိခိုက်လောက်အောင် ၀င်ရောက်ခုတ်ရန်ပြုခဲ့​သော​ကြောင့်
ရဲတပ်ဖွဲ့ဝင်များက Pump Action သေနတ် ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်​​ကြောင်း
ထိုသို့ပြစ်​ခတ်​မှု​ကြောင့်
ငရဲ(ခ)ရန်ကွိုင်းတွင် နဖူး၊၀ဲ/ယာလည်ပင်း၊ ၀ဲနံစောင်းပွန်းပဲ့၊ ၀ဲလက်ဖျံ၊
ဝဲပေါင်၊ ၀ဲဒူး၊ ခြေထောက်၊ လက်၊ ပခုံးတို့တွင်ဒဏ်ရာများ(မစိုးရိမ်​ရ)ရရှိခဲ့သဖြင့်
လက်ခုတ်ကုန်းပြည်သူ့ဆေးရုံသို့
ရဲတပ်ဖွဲ့ဝင်များက ပို့ဆောင်ကာ
ဆေးကုသမှုခံယူလျက်ရှိကြောင်း
ကွမ်းခြံကုန်းမြို့နယ်​၊လက်​ခုတ်​ကုန်း
နယ်​​မြေရဲကင်းစခန်းမှစခန်းမှူးရဲအုပ်​မျိုးစည်​သူ
ပြောပြချက်​အရသိရသည်​။

အဆိုပါဖြစ်​စဉ်​ကိုလက်​ခုတ်​ကုန်း
နယ်​​မြေရဲစခန်းမှ(ပ) ၄/၂၀၁၈၊
 ရာဇသတ်​ကြီးပုဒ်​မ၃၂၅/၃၂၆၊၃၀၇
တို့ဖြင့်​အမှုဖွင့်​အ​ရေးယူ​ဆောင်​ရွှက်​လျှက်
ရှိ​ကြောင်းသိရသည်​။

ဓာတ်​ပုံ -Yangon Police
မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

No comments

Note: Only a member of this blog may post a comment.