အပြိုင်သွားနေကြမည့် အခြေခံပညာသင်ရိုး အဟောင်းနှင့် အသစ်
အပြိုင်သွားနေကြမည့် အခြေခံပညာသင်ရိုး
အဟောင်းနှင့် အသစ်
နေပြည်တော်၊ ဇန်န၀ါရီ ၁၉
ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ
သင်ရိုးသစ်ဖြင့် သွားနေသည့် အခြေခံပညာကျောင်းများ၏ အတန်းအမည်(Grade)သတ်မှတ်ချက်ကို
ထုတ်ပြန်လိုက်ပြီးဖြစ်ရာ
သင်ရိုးသစ်ဖြင့် စတင်သင်ကြားကြရမည့်
ကလေးငယ်များ၏ အခြေခံပညာရေးအတွက်
စာသင်နှစ်သည် စုစုပေါင်း ၁၃နှစ် ရှိလာမည်ဖြစ်သည်။
သင်ရိုးသစ် ကို KG+5+4+3 ဟု
သတ်မှတ်ထားကြောင်း၊ ထို့ကြောင့် KG တန်း တက်ပြီးလျှင် Grade 1 မှ 5 ကို မူလတန်းအဆင့်၊Grade 6 မှ 9 ကို အလယ်တန်းအဆင့်၊ Grade 10 မှ 12 ကို
အထက်တန်းအဆင့် ဟု သတ်မှတ်ထားကြောင်း
ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက
ရှင်းပြသည်။
KG တန်းကို ပညာရေးဝန်ကြီးဌာနမှ
၂၀၁၆ -၂၀၁၇ခုနှစ်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ထိုနှစ်မှ စ၍ KG တန်းကို တက်ရောက်ခဲ့ကြသူများ
နဗင့် ယင်းနောက် KG တန်းတက်ရောက်ကြမည့် သူများအားလုံးတို့သည် KG +5+4+3 စနစ်တွင် အကျုံးဝင်သွားမည်ဖြစ်သည်။
သို့သော် အခြေခံပညာသင်ရိုးဟောင်းနှင့်
ပညာသင်နေသူတို့ကမူ KG +5+4+3 နှင့်အကျုံးဝင်မည် မဟုတ်ပေ။
အခြေခံပညာရေးစနစ်သစ်သတ်မှတ်ချက်ဖြစ်သော KG+5+4+3 စနစ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် KG တန်းဖြင့် စခဲ့သဖြင့်၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် KG တန်းတက်ခဲ့သည့် ကလေးမှာ၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် Grade 1၊၂၀၁၈-၂၀၁၉
ပညာသင်နှစ်တွင် Grade 2 စသည်ဖြင့် အဆင့်ဆင့်တက်ကာ ၂၀၂၈ -၂၀၂၉ ပညာသင်နှစ်အရောက်၌ Grade 12 ကိုတက်ရမည်ဖြစ်သည်။
Grade 12 အောင်မြင်သွားလျှင် တက္ကသိုလ်
သို့တက်ရောက်၍ ရပြီဖြစ်သည်။
စနစ်ဟောင်း အခြေခံပညာသင်ရိုးဖြင့် သွားနေသူ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သူငယ်တန်း Grade 1 စတက်ခဲ့သူမှာမူ ၂၀၂၆ တွင်
တက္ကသိုလ်ဝင်တန်းရောက်ကာ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေကြရမည်ဖြစ်သည်။
ထို့ကြောင့် စနစ်ဟောင်း အခြေခံပညာသင်ရိုးမှာ ၂၀၂၆ တွင် အဆုံးသတ်ပြီးဆုံးသွားမည်ဖြစ်သည်။
PNews

Post a Comment