Header Ads

ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ (FDA)မှအမျိုးသမီး အလောင်းတစ်လောင်းတွေ့ရှိမှုမှ တရားခံဖမ်းဆီးရမိ။

ဒဂုံမြို့သစ်(မြောက်ပိုင်း)၌ (FDA)မှအမျိုးသမီး
 အလောင်းတစ်လောင်းတွေ့ရှိမှုမှ တရားခံဖမ်းဆီးရမိ။

ဇန်​နဝါရီ ၂၄။၂၀၁၈။

ဒဂုံမြို့သစ်(မြောက်ပိုင်း)၌  ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ ၀၇၃၀ အချိန် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းကူး
တံတားဘေး ကုလားမန်ကျည်းပင်အောက်၌
(FDA)မှအမျိုးသမီး တစ်ဦး ၊ဒဏ်ရာများရရှိကာ
 လဲကျသေဆုံးမှုနှင့်​ပတ်​သက်​သည့်
တရားခံဖမ်းဆီးရမိ​ကြောင်းပြည်​ထဲရေးဝန်​ကြီးဌာန
သတင်းထုတ်​ပြန်​ချက်​အရသိရသည်​။


"တရားခံကဖုန်းကိုယုဇနပလာဇာ​ဈေးမှာဖုန်း
လာလုပ်​​နေတာ၊သတင်းရလို့သွားဖမ်းပြီးအပ်​လိုက်​တာပါ"ဟု
မင်္ဂလာ​တောင်​ညွန့်​မြို့မရဲစခန်းမှ
နယ်​ထိန်း​ခေါင်း​ဆောင်​ရဲအုပ်​သန်းဝင်းမှ
ပြောသည်​။
တရားခံကိုရန်​ကုန်​တိုင်းရဲတပ်​ဖွဲ့သို့အပ်​လိုက်​​ကြောင်း၊အမှုနှင့်​ပတ်​သက်​၍ပြည်​ထဲ​ရေးဝန်​ကြီးဌာနကသတင်းထုတ်​ပြန်​ထားသလို
ရဲဇာနည်​ Facebook Pageမှာလည်း​ဖေါ်ပြထား​ကြောင်း၎င်းကဆက်​​ပြောသည်​။

ဖြစ်​စဉ်​မှာ
တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ခဲ့ရာ
၂၄-၁-၂၀၁၈ ရက်နေ့လည်​၂နာရီအချိန်
အမှုမှ ပြစ်မှု ကျူးလွန်သူ တရားခံ မျိုးဇော်ဦး ၂၇နှစ်၊ ဗမာ/ဗုဒ္ဓ၊(ဘ) ဦးသန်းဇော်၊ယာဉ်မောင်း၊ ပတ္တမြားလမ်း ၊ (၃၃) ရပ်ကွက်၊ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်နေသူသည်
ယုဇနပလာဇာ​ဈေးအတွင်းဖုန်းဆိုင်​တွင်
ဖုန်းလာ​ရောက်​ပြုလုပ်​​နေစဉ်​သတင်း​ပေးချက်
အရ၊မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း မှ နယ်ထိန်းအရာရှိ ရဲအုပ် သန်းဝင်းအဖွဲ့မှ ဖမ်းဆီးရမိသဖြင့် ​နေ့လည်​ ၃နာရီအချိန် ၊ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး သို့ လွှဲပြောင်းအပ်နှံပေးခဲ့​ကြောင်း
ရဲအုပ်​သန်းဝင်း​ပြောပြချက်​အရသိရသည်​။

အဆိုပါအမှုဖြစ်​စဉ်​မှာ
ဇန်နဝါရီလ ၂၁ ရက်နေ့နံနက်​ ၇နာရီ၃၀ မိနစ်အချိန်
တွင်​သတင်းအရ​သေဆုံးသူကို မြောက်ဒဂုံခေတ္တမြို့မ
ရဲစခန်းမှူးနှင့်အဖွဲ့တို့မှ သွားရောက်စစ်ဆေးချက်​ခဲ့ရာ၊ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေးထွက် ဒဏ်ရာများဖြင့်
သေဆုံးနေသည်ကိုတွေ့ရ၍ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ မြောက်ဒဂုံမြို့မ ရဲစခန်း (ပ)၈၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်း​စစ်​​ဆေး​နေ​သောအမှုဖြစ်​ပြီးသေဆုံးသူ မှာ မရွှေရည်ဝင်း(ခ)ရွှေရည်(၂၅)နှစ်၊ ဗမာ/ဗုဒ္ဓ၊
ဒုကြီးကြပ်ရေးမှူး၊ အစားအသောက် နှင့် ဆေးဝါးဦးစီးဌာန (နေပြည်တော်)၊ (ဘ)ဦးကျော်စိုး ဦးဝိစာရ
ရပ်ကွက် ဒဂုံမြို့နယ်နေသူဖြစ်​ကြောင်း
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် နေပြည်တော်မှ
ရန်ကုန်အိမ်သို့ပြန်လာခဲ့ရာ၊
ဇန်နဝါရီလ၂၀ ရက်နေ့ ၀၇၀၀ အချိန် အိမ်မှအလုပ်ကိစ္စ
ဖြင့် ထွက်သွားရာမှ ည ၈နာရီအချိန်ထိ ပြန်လည်
ရောက်ရှိခြင်းမရှိ၍ ဖခင်ဖြစ်သူမှ လူပျောက် တိုင်တန်းခဲ့ရာ၊ဒဂုံမြို့မရဲစခန်းလူပျောက်အမှတ်စဉ် ၁/၂၀၁၈ ဖြင့်
စုံစမ်းမှုမှ ပျောက်ဆုံးနေသူဖြစ်သူဖြစ်​​ကြောင်း
သိရသည်​။

မြတ်​ဟိန်း​ကျော်​(​ကော့မှုး)

No comments

Note: Only a member of this blog may post a comment.