Header Ads

ကော့မှူးမြို့နယ်​နှစ်​​လောင်းပြိုင်​လူသတ်​မှုတရားခံ(၂)ရက်​အတွင်​ဖမ်းမိ။

ကော့မှူးမြို့နယ်​နှစ်​​လောင်းပြိုင်​လူသတ်​မှုတရားခံ(၂)ရက်​အတွင်​ဖမ်းမိ။

ဇန်​နဝါရီ၂၇။၂၀၁၈။

ကော့မှူးမြို့နယ်​၊ခရာစု​ကျေးရွာတွင်
ဇန်​နဝါရီ၂၃ရက်​၂၀၁၈ကဖြစ်​ပွားခဲ့​သော
နှစ်​​လောင်းပြိုင်​လူသတ်​မှုဖြစ်​တရားခံကို
(၂)ရက်​အတွင်းဖမ်းမိ​ကြောင်း
ကော့မှူးမြို့နယ်​ရဲတပ်​ဖွဲ့စခန်းမှသိရသည်​။


"​ကော့မှူးမြို့နယ်​အ​နေနဲ့လင်းယုန်​စီမံချက်
အဆင့်(၁)အရအင်​အားပြည့်​ပိတ်​ဆို့ဖမ်းဆီး​ရေး
အရှိန်​မြှင့်​တင်​နိုင်​ခဲ့တာ​ပေါ့"ဟု
ကော့မှူးမြို့နယ်​ရဲတပ်​ဖွဲ့မှူးရဲမှူးသန်း​ဌေးက
ပြောသည်​။

တိုင်​ချက်​ဖွင့်​ပြီးသည့်​အချိန်​မှစ၍
ရန်​ကုန်​တိုင်းရဲတပ်​ဖွဲ့မှူး၏လမ်းညွန်​ချက်​နှင့်
တောင်​ပိုင်းခရိုင်​ရဲတပ်​ဖွဲ့မှူးဒုရဲမှူးကြီးထွန်း​ဖေ၊
ကော့မှူးမြို့နယ်​ရဲတပ်​ဖွဲ့မှူးရဲမှူးသန်း​ဌေး၊
ကော့မှူးမြို့နယ်​ရဲတပ်​ဖွဲ့
စခန်းမှူးဒုရဲမှူးသက်​လွင်​တို့ဦးစီးအဖွဲ့များသည်
ဝါးဘ​လောက်​​သောက်​လမ်းဆုံတွင်
အခြေချလျှက်​အင်​အားပြည့်​ပိတ်​ဆို့​ကာ
ရဲလုပ်​ငန်းစဉ်​များ​ဆောင်​ရွက်​ခဲ့
ကြောင်းသိရသည်​။

"တရားခံကဝန်​ခံတယ်​၊သူ့ကိုယ်​​ရေး
ကိုယ်​တာအကြာင်း​တော့ရှိမှာ​ပေါ့ဗျာ၊​သေဆုံးသူ
မတင်​မာ​ဆွေနဲ့ကတချိန်​က
ယောက်​ကျား​ပေါ့"ဟု
ကော့မှူးမြို့မရဲတပ်​ဖွဲ့စခန်းမှူး
ဒုရဲမှူးသက်​လွင်​က​ဆိုသည်​။

အမှုနှင့်​ပတ်​သက်​၍
ဖြစ်​နိုင်​ဖွယ်​ရှိ​သောကွင်းဆက်​တရားခံများကိုကြိုးပမ်း
ဆောင်​ရွက်​ခဲ့ရာ(၂၆)ရက်​​နေ့​နေ့နံနက်​၈နာရီမိနစ်
ခန့်​အချိန်​တွင်​ဝါးဘ​လောက်​​သောက်​​ကျေးရွာအုပ်​စု၊ကမာပတ်​​ကျေးရွာ​နေ
 ဝင်း​ဇော်​(၄၅)နှစ်​၊(ဘ)ဦးချစ်​တီး၊အား​ဖေါ်ထုတ်​ဖမ်းဆီးနိုင်​ခဲ့​ကြောင်း
၎င်းသည်​​သေဆုံးသူမတင်​မာ​ဆွေနှင့်
ယောက်​ကျားဖြစ်​ခဲ့ဘူး​ကြောင်း၊လက်​ရှိကွဲကွာ​နေပြီးဖြစ်​​ကြောင်း
တရားခံထွက်​ဆိုချက်​အရ
ကိုယ်​​ရေးကိုယ်​တာလူမှု​ရေးကိစ္စများ​ကြောင့်
အမှုကျူးလွန်​ခဲ့ခြင်းဖြစ်​​ကြောင်း
ဒုရဲမှူးသက်​လွင်​​ပြောပြချက်​အရသိရသည်​။

အဆိုပါအမှုသည်
ဇန်​နဝါရီ၂၃ရက်​ည၇နာရီအချိန်​၊
ခရာစု​ကျေးရွာ​နေ၊မတင်​မာ​ဆွေ(၄၀)နှစ်​၊
(ဘ)ဦး​သောင်းသည်
နေအိမ်​တွင်​ရှိ​နေစဉ်​ဗိုက်​နာသဖြင့်
စာရင်းငှါးဖြစ်​သူ ​ပေ​တေး(ခ)ဝင်းကြိုင်
(၄၀)နှစ်​(ဘ)ဦးကျင်​​မောင်​နှင့်​ဆိုင်​ကယ်​ဖြင့်
၎င်းတို့နှစ်​ဦး​ဆေးခန်းသွားကြရာ၊တညလုံးပြန်
ရောက်​မလာ​သော​ကြောင့်​ဖခင်​ဖြစ်​သူ
ဦး​သောင်းမှလိုက်​ရှာခဲ့​သော်​လည်း
မ​တွေ့ရှိ​ဘဲ၊ဇန်​နဝါရီ၂၄ရက်ည​နေ၃နာရီအချိန်
တွင်​​နေအိမ်​၏(၃)ဖာလုံအကွာလယ်​ကွင်းရှိ
လှည်းလမ်း​ဘေး၌မတင်​မာ​ဆွေမှာယာမျက်​​စေ့​အောက်​ချိုင့်​ဝင်​​သွေးထွက်​ဒါဏ်​ရာနှင့်
ပေ​တေး(ခ)ဝင်းကြိုင်​မှာ​မေး​စေ့​အောက်
ထိုးသွင်းဒါဏ်​ရာ(၁)ချက်​၊
ယာဘက်​ဂျို​ဇောင်းထိုးသွင်းဒါဏ်​ရာများဖြင့်​​သေဆုံး​နေ
ကြောင်း​တွေ့ရ၍
ဖခင်​ဖြစ်​သူဦး​သောင်းမှ
ဇန်​နဝါရီ၂၄ရက်၊ည ၇နာရီအချိန်
ကော့မှူးမြို့မရဲစခန်းတွင်
တိုင်​ကြားခဲ့ခြင်းဖြစ်​​ပြီး
ကော့မှူးမြို့မရဲစခန်းမှူးဒုရဲမှူးသက်​လွင်​မှ
အမှုစစ်​ပြုလုပ်​လျှက်​(ပ)၄၁/၂၀၁၈၊
ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ဖြင့်​အမှုဖွင့်​​ဆောင်​ရွက်​​နေ
သောအမှုဖြစ်​သည်​။

မြတ်​ဟိန်း​ကျော်​(​ကော့မှူး)

No comments

Note: Only a member of this blog may post a comment.