Header Ads

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် ဒဏ်ရာများဖြင့် သေဆုံး (သတင်းတို)

မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း
ဦးဘိုဘိုမင်းသိုက် ဒဏ်ရာများဖြင့် သေဆုံး
 (သတင်းတို)

ဇန်နဝါရီ ၃၀ / DMG

ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာ
ကြား ကားလမ်းမပေါ်တွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ကို သူစီးနင်းလာသည့် ကားနှင့်အတူ ဒဏ်ရာများဖြင့် သေဆုံးလျှက်တွေ့ရှိခဲ့ေ
ကြာင်း ပုဏ္ဏားကျွန်းရဲစခန်းက DMG သို့
အတည်ပြုပြောကြားသည်။



အဆိုပါဖြစ်စဉ်မှာ ရန်ကုန် - စစ်တွေကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၁၆၉/၁၇၀ ကြားတွင် ဖြစ်သည်ဟု သရက်ချိုကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။


“ ကားအက်ဆီးဒင့်ဖြစ်ပြီးတော့ ကားနဲ့အတူတွေ့တယ်၊ အသက်တော့မရှိတော့ပါဘူး။ မြောက်ဦးမြို့နယ်
အုပ်ချုပ်ရေးမှူးလို့ပြောတယ်။ ရင်ဘတ်မှာတော့ ဒဏ်ရာတစ်ချက်နှစ်ချက်ရှိတယ်။ ” ဟု ၄င်းကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး သေဆုံးရခြင်းအကြောင်းအရင်းကို ပုဏ္ဏားကျွန်းမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် သေဆုံးသည့်ကိစ္စအား စုံစမ်းစစ်ဆေးဆဲ
ဖြစ်ကြောင်းနှင့် အလောင်းကို ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ထားရှိကြောင်းလည်းသိရသည်။

ဦးဘိုဘိုမင်းသိုက်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးဖြစ်စဉ်နောက်ပိုင်း ရခိုင်ပြည်နယ်ရုံးသို့ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်
တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ခံထားရသူလည်း
 ဖြစ်သည်။

Credit
Fb-Oppositeyes

No comments

Note: Only a member of this blog may post a comment.