၁၈ ဘီးကွန်တိန်နာတိန်းမှောက်ပြီး၂ဦးသေဆုံး

ဇန်နဝါရီ ၁၉။ ၂၀၁၈။
၁၉.၁.၂၀၁၈ ရက်နေ့၊ ၀၀း၁၀ အချိန်ခန့်တွင်၊
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇) ရပ်ကွက်၊ ရတနာလမ်း၊ ဗေလုဝကွေ့တွင် ဒဂုံဆိပ်ကမ်းဘက်မှ သာကေတဘက်သို့ ရတနာလမ်းအတိုင်းမောင်းနှင်လာသော FUSO အမျိုးအစား (၁၈)ဘီး ကွန်တိန်နာယာဉ်သည်
အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားပြီး
အနီးရှိသစ်ပင်နှင့်တိုက်မိကာ ကားဦးခေါင်းပိုင်းညှပ်မိ
ပြီး ကားအတွင်းပါရှိသူ (၈)ဦးအနက် ယာဉ်မောင်းအပါ(၃)ဦး လွတ်မြောက်သွားပြီး ကျန်(၅)ဦး ကားခေါင်းအတွင်းညှပ်မိနေကြောင်း သတင်းပေးပို့သဖြင့်
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ လူနာတင်ယာဉ် (၁)စီး၊
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်
ရေးယာဉ် (၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ
ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ ရွှေသန်လျင်လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် (၁)စီး၊ ဇေယျသုခလူမှုကူညီရေးအသင်း လူနာတင်ယာဉ် (၁)စီး၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ် (၁)စီး၊ အုပ်ချုပ်မှုယာဉ် (၃)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်
ရွက်ခဲ့ပြီး သေဆုံးသူ ကျား(၂)ဦးအား သင်္ဃန်းကျွန်း
စံပြဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူ ကျား(၃)ဦး(မစိုးရိမ်ရ)တို့အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။
Source; MFSD

Post a Comment