ဒေါက်တာအေးမောင်ကို ဖမ်းဆီး
ဒေါက်တာအေးမောင်ကို ဖမ်းဆီး
ဇန်နဝါရီ ၁၈။ ၂၀၁၈။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါက်တာအေးမောင်ကို ဒီကနေ့နေ့ခင်း
၁၂နာရီ ခွဲခန့်မှာ နေအိမ်ကနေ
ရဲစခန်းကို ခေါ်ဆောင်သွားပါတယ်။
လာရောက်ဖမ်းဆီတာနဲ့ပတ်သက်ပြီး
ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။
“ကျနော် စစ်တွေက အိမ်မှာပါ။ အိမ်ကလာခေါ်တာ
လေ။ အခုရဲစခန်းကို ရောက်နေပြီ။ ရဲစခန်းရှေ့ကို
ရောက်နေပြီ။”
ဘယ်ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ မပြောပါဘူး။
အစိုးရက စွဲဆိုထားတဲ့အမှုတွေကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမှာဖြစ်ကြောင်းလည်း
ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။
“ဥပဒေအတိုင်းပေါ့ဗျာ။ ကျနော်တို့က ပြောခဲ့တဲ့
အသံဖိုင်လည်း ရှိတယ်။ ရေးသားထားတဲ့ note တွေလည်း ရှိတယ်။ အဲဒါနဲ့ စွဲချက်တွေက မှန်၊
မမှန်ကို ပြန်လုပ်ရမှာပေါ့နော်။”
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ဟာ ရသေ့တောင်မြို့နယ်မှာ ကျင်းပတဲ့ ရခိုင်နိုင်ငံ
တော်အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃
နှစ်မြောက် အထိမ်းအမှတ်ပွဲမှာ ဟောပြောခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော် သစ္စာဖောက်ဖျက်မှု၊
နိုင်ငံတော်အကြည်ညိုပျက်စေမှုအပြင်
မတရားအသင်းတရားစွဲရန်ဆုံးဖြတ်ပြီး
လောလောဆည်
မတရားသင်းအက်ဥပဒေ ၁၇(၁)နဲ့
အမှုဖွင့်ထားပါတယ်။
Source; VOA

Post a Comment