အထဲခဏဝင်ဦး ဒေါက်တာ
အထဲခဏဝင်ဦး ဒေါက်တာ
#Copy
သမိုင်းရေဆန်ထဲ အတူရုန်းကန်ခဲ့ကြပြီ
ရွှေပြည်ကြီးလည်း ပျပျမြင်နိုင်ပြီ
ဒေါက်တာရေ . .
ရေဆန်မှာ လှော်ခဲ့သူအချင်းချင်းမို့
ရေစုန်မှာလည်း အတူပျော်ချင်တာပေါ့
ဒါကိုမကြိုက်ရင်
အထဲခဏဝင်ဦး ဒေါက်တာ။
ဒေါက်တာဟောပြောမှုမှာ
ရခိုင်ကို ဗမာ့ကျွန်လောက်သဘောထားပြီး
တန်းတူအခွင့်အရေးမပေးဘူးလို့ ဟောပြောခဲ့တယ်
ဒေါက်တာ ဘာကိုဆိုလိုပါသလဲ
နေတိုးကို ဗမာတွေမချစ်ဘူးပြောချင်တာလား
နေထက်လင်းတို့ ရတနာမိုင် ဖော်ကာတို့ကို
ဗမာတွေအားမပေးဘူး ပြောချင်တာလား
ငပလီကို ဗမာတွေမကြိုက်ဘူးပြောချင်တာလား
ရန်ဗြဲသား သားငယ်ကို idolဖြစ်အောင်
voteလုပ်ခဲ့တာ ဗမာတွေမဟုတ်လို့လား
ဒါတွေမခံစားတတ်ရင်
အထဲခဏဝင်ဦး ဒေါက်တာ။
ဒေါက်တာရေ . .
ဘင်္ဂလီတွေကျူးကျော်ရန်စလို့
ရခိုင်တွေ သွေးမြေကျတာလည်း မခြောက်သေးပါဘူး
ဒီလိုအချိန်မှာ
ရခိုင်တွေဖက်က ရပ်တည်ခဲ့တာ
ဗမာတွေမဟုတ်ဘူးလား
ပန်းဝါတိုက်ပွဲမှာ ဗန္ဓုလကြီးစစ်ချီမလာရင်
အင်္ဂလိပ်လက်ထဲအရင်ပါမှာ ရခိုင်ပဲမဟုတ်လားဒေါက်တာ။
ဒေါက်တာက ပဒေသရာဇ်ခေတ်ကအကြောင်းတွေနဲ့
အတိတ်ကိုပြန်လှန်ချင်တာကိုး
မြောက်ဦးရဲ့ရွှေခေတ်ကို အသိအမှတ်ပြုပါတယ်
လက်ယျာ၉၉မြို့ လက်ဝဲ၉၉မြို့ရှိခဲ့တာ
သူရိယစက္ကမင်းကြီး ဘုန်းမီးနေလတောက်ပခဲ့တာ
မဟာသမ္မတရာဇာရခိုင်မင်းကို
အမရပူရက ဗဒုံမင်းဖမ်းသွားတာ
မှန်ပါတယ်
ဒေါက်တာရေ . .
သမိုင်းသင်တာ သင်ခန်းစာယူဖို့ပါ
နောက်ပြန်လှည့်ဖို့ သင်ကြတာမှမဟုတ်ပဲ
တချို့သမိုင်းတွေက
ပြောင်းချိန်တန်လို့ ပြောင်းရတာ
ပျက်ချိန်တန်လို့ပျက်ရတာ သခါင်္ရသဘောပါ
ကြည့်လေ . .
ရခိုင်ကပင့်လာတဲ့ မဟာမြတ်မုနိဘုရားကြီးကို
ဗမာတွေတန်ဖိုးမထားလို့လား
ကစ္စပနဒီမှာ ဘင်္ဂလီနဲ့သွေးမြေကျတိုင်း
ဧရာဝတီက သွေးမနီးလို့လား ဓားမသွေးခဲ့လို့လား။
ဒေါက်တာရဲ့ဟောပြောမှုမှာ
ရခိုင်အချုပ်အခြာအာဏာအတွက်
လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုနိုင်ငံရေးတိုက်ပွဲကို
ဆင်နွှဲမယ်ပေါ့
အစကတည်းက ပြည်တွင်းစစ်ယမ်းတဝေဝေနဲ့
အဆင်မပြေလှတဲ့ နိုင်ငံလေးပါ
ဗမာ ရခိုင်စစ်ဖြစ်ရင်
ဝမ်းသာမှာက ဘင်္ဂလီတွေဖြစ်မှာပေါ့
ရခိုင်အားလျော့သွားရင်
ဘင်္ဂလီတွေ ကောက်စားသွားမှာပေါ့
AAတပ်မတော်ဆိုတာလည်း
ဘင်္ဂလီနဲ့ပြသ၁နာဖြစ်ရင်
မယ်မယ်ရရ အားကိုးရတယ်မကြားပါဘူး
ဗမာတွေကပဲ နည်းမျိုးစုံလှူကြတန်းကြတာ
ဒီလိုအရေးကြီးသွေးနီးတာ မခံစားတတ်ရင်
အထဲခဏဝင်ဦး ဒေါက်တာ။
ခုနေခါ တစ်ပြည်ထောင်စနစ်ကိုအစားထိုးဖို့
ဖက်ဒရယ်စနစ်ကိုတည်ထောင်မယ်လို့
ဒေါက်တာတို့လွှတ်တော်ဆီက အသံကြားရတော့
ပြည်သူတွေဝမ်းသာရတာပေါ့
ဒေါက်တာတို့ညီညွှတ်ရင် ပြည်သူကဝမ်းသာတာပဲ
ဒေါက်တာက ခွဲထွက်မယ်
နိုင်ငံတော်အလံကို အစားထိုးမယ်ဆိုရင်တော့
အထဲခဏဝင်ဦး ဒေါက်တာ။
ဒေါက်တာရယ် ၂၁ရာစုရောက်နေပါပြီ
လွန်ခဲ့သော၂၃၃နှစ်ဆီပြန်သွားမလို့လား
မင်းသားကြီးမလုပ်ရလို့
ပတ်မကြီးဖောက်သူဟာ
ဒေါက်တာပဲဖြစ်နေလိမ့်မယ်
ရခိုင်သွေးမြေကျတာ ဗမာလည်းမပျော်ပါဘူး
ဒီလိုအခြေအနေမျိုးမှာ
ရခိုင်ဘုရင့်နိုင်ငံတော်ကြီးရဲ့ မြောက်ဦးရွှေနန်းတော်မှာ
ဘုရင်ကြီးဖြစ်ချင်ရင်တော့
ဒေါက်တာရေ. .
အထဲခဏဝင်ဦး။
Credit.......မောင်မောင်
#Copy
သမိုင်းရေဆန်ထဲ အတူရုန်းကန်ခဲ့ကြပြီ
ရွှေပြည်ကြီးလည်း ပျပျမြင်နိုင်ပြီ
ဒေါက်တာရေ . .
ရေဆန်မှာ လှော်ခဲ့သူအချင်းချင်းမို့
ရေစုန်မှာလည်း အတူပျော်ချင်တာပေါ့
ဒါကိုမကြိုက်ရင်
အထဲခဏဝင်ဦး ဒေါက်တာ။
ဒေါက်တာဟောပြောမှုမှာ
ရခိုင်ကို ဗမာ့ကျွန်လောက်သဘောထားပြီး
တန်းတူအခွင့်အရေးမပေးဘူးလို့ ဟောပြောခဲ့တယ်
ဒေါက်တာ ဘာကိုဆိုလိုပါသလဲ
နေတိုးကို ဗမာတွေမချစ်ဘူးပြောချင်တာလား
နေထက်လင်းတို့ ရတနာမိုင် ဖော်ကာတို့ကို
ဗမာတွေအားမပေးဘူး ပြောချင်တာလား
ငပလီကို ဗမာတွေမကြိုက်ဘူးပြောချင်တာလား
ရန်ဗြဲသား သားငယ်ကို idolဖြစ်အောင်
voteလုပ်ခဲ့တာ ဗမာတွေမဟုတ်လို့လား
ဒါတွေမခံစားတတ်ရင်
အထဲခဏဝင်ဦး ဒေါက်တာ။
ဒေါက်တာရေ . .
ဘင်္ဂလီတွေကျူးကျော်ရန်စလို့
ရခိုင်တွေ သွေးမြေကျတာလည်း မခြောက်သေးပါဘူး
ဒီလိုအချိန်မှာ
ရခိုင်တွေဖက်က ရပ်တည်ခဲ့တာ
ဗမာတွေမဟုတ်ဘူးလား
ပန်းဝါတိုက်ပွဲမှာ ဗန္ဓုလကြီးစစ်ချီမလာရင်
အင်္ဂလိပ်လက်ထဲအရင်ပါမှာ ရခိုင်ပဲမဟုတ်လားဒေါက်တာ။
ဒေါက်တာက ပဒေသရာဇ်ခေတ်ကအကြောင်းတွေနဲ့
အတိတ်ကိုပြန်လှန်ချင်တာကိုး
မြောက်ဦးရဲ့ရွှေခေတ်ကို အသိအမှတ်ပြုပါတယ်
လက်ယျာ၉၉မြို့ လက်ဝဲ၉၉မြို့ရှိခဲ့တာ
သူရိယစက္ကမင်းကြီး ဘုန်းမီးနေလတောက်ပခဲ့တာ
မဟာသမ္မတရာဇာရခိုင်မင်းကို
အမရပူရက ဗဒုံမင်းဖမ်းသွားတာ
မှန်ပါတယ်
ဒေါက်တာရေ . .
သမိုင်းသင်တာ သင်ခန်းစာယူဖို့ပါ
နောက်ပြန်လှည့်ဖို့ သင်ကြတာမှမဟုတ်ပဲ
တချို့သမိုင်းတွေက
ပြောင်းချိန်တန်လို့ ပြောင်းရတာ
ပျက်ချိန်တန်လို့ပျက်ရတာ သခါင်္ရသဘောပါ
ကြည့်လေ . .
ရခိုင်ကပင့်လာတဲ့ မဟာမြတ်မုနိဘုရားကြီးကို
ဗမာတွေတန်ဖိုးမထားလို့လား
ကစ္စပနဒီမှာ ဘင်္ဂလီနဲ့သွေးမြေကျတိုင်း
ဧရာဝတီက သွေးမနီးလို့လား ဓားမသွေးခဲ့လို့လား။
ဒေါက်တာရဲ့ဟောပြောမှုမှာ
ရခိုင်အချုပ်အခြာအာဏာအတွက်
လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုနိုင်ငံရေးတိုက်ပွဲကို
ဆင်နွှဲမယ်ပေါ့
အစကတည်းက ပြည်တွင်းစစ်ယမ်းတဝေဝေနဲ့
အဆင်မပြေလှတဲ့ နိုင်ငံလေးပါ
ဗမာ ရခိုင်စစ်ဖြစ်ရင်
ဝမ်းသာမှာက ဘင်္ဂလီတွေဖြစ်မှာပေါ့
ရခိုင်အားလျော့သွားရင်
ဘင်္ဂလီတွေ ကောက်စားသွားမှာပေါ့
AAတပ်မတော်ဆိုတာလည်း
ဘင်္ဂလီနဲ့ပြသ၁နာဖြစ်ရင်
မယ်မယ်ရရ အားကိုးရတယ်မကြားပါဘူး
ဗမာတွေကပဲ နည်းမျိုးစုံလှူကြတန်းကြတာ
ဒီလိုအရေးကြီးသွေးနီးတာ မခံစားတတ်ရင်
အထဲခဏဝင်ဦး ဒေါက်တာ။
ခုနေခါ တစ်ပြည်ထောင်စနစ်ကိုအစားထိုးဖို့
ဖက်ဒရယ်စနစ်ကိုတည်ထောင်မယ်လို့
ဒေါက်တာတို့လွှတ်တော်ဆီက အသံကြားရတော့
ပြည်သူတွေဝမ်းသာရတာပေါ့
ဒေါက်တာတို့ညီညွှတ်ရင် ပြည်သူကဝမ်းသာတာပဲ
ဒေါက်တာက ခွဲထွက်မယ်
နိုင်ငံတော်အလံကို အစားထိုးမယ်ဆိုရင်တော့
အထဲခဏဝင်ဦး ဒေါက်တာ။
ဒေါက်တာရယ် ၂၁ရာစုရောက်နေပါပြီ
လွန်ခဲ့သော၂၃၃နှစ်ဆီပြန်သွားမလို့လား
မင်းသားကြီးမလုပ်ရလို့
ပတ်မကြီးဖောက်သူဟာ
ဒေါက်တာပဲဖြစ်နေလိမ့်မယ်
ရခိုင်သွေးမြေကျတာ ဗမာလည်းမပျော်ပါဘူး
ဒီလိုအခြေအနေမျိုးမှာ
ရခိုင်ဘုရင့်နိုင်ငံတော်ကြီးရဲ့ မြောက်ဦးရွှေနန်းတော်မှာ
ဘုရင်ကြီးဖြစ်ချင်ရင်တော့
ဒေါက်တာရေ. .
အထဲခဏဝင်ဦး။
Credit.......မောင်မောင်
Post a Comment