ကော့မှူးမြို့နယ်ခရာစုကျေးရွာတွင်
နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွား။
ဇန်နဝါရီ၂၅။၂၀၁၈။
ကော့မှူးမြို့နယ်၊ခရာစုကျေးရွာတွင်ဇန်နဝါရီ
၂၃၊၂၀၁၈၊ကနှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့
ကြောင်းကော့မှူးမြို့နယ်ရဲတပ်ဖွဲ့စခန်း
မှသိရသည်။
"တရားခံကမမိသေးပါဘူး၊စုံစမ်းစစ်ဆေးနေဆဲပါ၊
အလောင်းတွေကိုတော့၊မေတ္တာရှင်
ပရဟိတအသင်းကားနဲ့ဝါးဘလောက်သောက်
ဆေးရုံကိုပို့ပေးလိုက်တယ်"ဟုကော့မှူး
မြို့မစခန်းမှတာဝန်ရှိသူတစ်ဦးမှပြောသည်။
ဇန်နဝါရီ၂၃ရက်ည၇နာရီအချိန်၊ခရာစုကျေးရွာနေ၊
မတင်မာဆွေ(၄၀)နှစ်၊(ဘ)ဦးသောင်းသည်
နေအိမ်တွင်ရှိနေစဉ်ဗိုက်နာသဖြင့်
စာရင်းငှါးဖြစ်သူ ပေတေး(ခ)ဝင်းကြိုင်
(၄၀)နှစ်(ဘ)ဦးကျင်မောင်နှင့်ဆိုင်ကယ်ဖြင့်
၎င်းတို့နှစ်ဦးဆေးခန်းသွားကြရာ၊တညလုံးပြန်
ရောက်မလာသောကြောင့်ဖခင်ဖြစ်သူ
ဦးသောင်းမှလိုက်ရှာခဲ့သော်လည်း
မတွေ့ရှိဘဲ၊ဇန်နဝါရီ၂၄ရက်ညနေ၃နာရီအချိန်
တွင်နေအိမ်၏(၃)ဖာလုံအကွာလယ်ကွင်းရှိ
လှည်းလမ်းဘေး၌မတင်မာဆွေမှာယာမျက်စေ့အောက်ချိုင့်ဝင်သွေးထွက်ဒါဏ်ရာနှင့်
ပေတေး(ခ)ဝင်းကြိုင်မှာမေးစေ့အောက်
ထိုးသွင်းဒါဏ်ရာ(၁)ချက်၊
ယာဘက်ဂျိုဇောင်းထိုးသွင်းဒါဏ်ရာများဖြင့်
သေဆုံးနေကြောင်းတွေ့ရ၍
ဖခင်ဖြစ်သူဦးသောင်းမှ
ဇန်နဝါရီ၂၄ရက်၊ည ၇နာရီအချိန်
ကော့မှူးမြို့မရဲစခန်းတွင်တိုင်ကြားခဲ့ခြင်း
ဖြစ်ကြောင်းရဲမှတ်တမ်းအရသိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍
ကော့မှူးမြို့မရဲစခန်းမှူးဒုရဲမှူးသက်လွင်မှ
အမှုစစ်ပြုလုပ်လျှက်(ပ)၄၁/၂၀၁၈၊
ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့်အမှုဖွင့်ကာ
တရားခံဖမ်းဆီးဖေါ်ထုတ်နိုင်ရေး
ရဲလုပ်ငန်းစဉ်များဆောင်ရွက်လျှက်ရှိကြောင်း
ကော့မှူးမြို့မရဲတပ်ဖွဲ့စခန်းမှသိရသည်။
မြတ်ဟိန်းကျော်(ကော့မှူး)

Post a Comment