Header Ads

ရန်ကုန်တိုင်းဒေသကြီးဝန်​ကြီးချုပ်​နှင့်​အဖွဲ့ ကော့မှူးမြို့နယ်နှင့် ဒလမြို့နယ်အတွင်း SEZ အထူးစီးပွားရေးဇုန်စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်​​ကွင်းဆင်းကြည့်ရှု။

ရန်ကုန်တိုင်းဒေသကြီးဝန်​ကြီးချုပ်​နှင့်​အဖွဲ့
 ကော့မှူးမြို့နယ်နှင့် ဒလမြို့နယ်အတွင်း SEZ အထူးစီးပွားရေးဇုန်စီမံကိန်းအကောင်
အထည်ဖော်ဆောင်ရွက်နိုင်ရန်​​ကွင်းဆင်းကြည့်ရှု။

ဇန်​နာဝါရီ ၂၀။၂၀၁၈။

ရန်ကုန်တိုင်းဒေသကြီးဝန်​ကြီးချုပ်​နှင့်​အဖွဲ့
 ကော့မှူးမြို့နယ်နှင့် ဒလမြို့နယ်အတွင်း SEZ အထူး
စီးပွားရေးဇုန်စီမံကိန်းအကောင်
အထည်ဖော်ဆောင်ရွက်နိုင်ရန်​​နှင့်
ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
ဆောင်ရွက်နိုင်ရေးအတွက် ဇန်​နဝါရီ ၂၀ရက်။
နေ့လည်​၁နာရီ၅၅မိနစ်အချိန်​ခန့်​တွင်
ကော့မှူးမြို့နယ်​သမင်​ခြံ​ကျေးရွာအုပ်​စု၊
သရက်​​တော​ကျေးရွာမူလတန်း​ကျောင်းသို့
ရောက်​ရှိခဲ့​ကြောင်းသိရသည်​။


"​သရက်​​တောကမ်း​ခြေလာကြည့်​တယ်​၊ဓနုတ်​ဘုရားသွားတယ်​ရေနက်​ဆိပ်​ကမ်းလာကြည့်​တယ်
ကျန်​တာ​တော့အ​သေးစိတ်​မသိဘူးရှင့်​"ဟု
ကော့မှူးမြို့နယ်​တိုင်း​ဒေသကြီးအမှတ်​(၁)ကိုယ်​စားလှယ်​​ဒေါ်သန္တာ​အေးမှ​ပြောသည်​။



ဝန်​ကြီးချုပ်​နှင့်​အတူစီမံကိန်းနှင့်​ဘဏ္ဌာ​ရေးဝန်​ကြီး
ဦးမြင့်​​သောင်း၊စိုက်​ပျိုး​ရေး၊​မွေးမြူ​ရေး၊သစ်​​တောနှင့်​စွမ်းအင်​ဝန်​ကြီးဌာနဝန်​ကြီးဦးဟန်​ထွန်း၊လျှပ်​စစ်​စက်​မှုလက်​မှုနှင့်​လမ်းပမ်းဆက်​သွယ်​​ရေးဝန်​ကြီး​ဒေါ်နီလာ​ကျော်​၊
စီးပွားကူးသန်း​ရောင်းဝယ်​​ရေးဝန်​ကြီးဌာနဒုဝန်​ကြီး
ဦး​အောင်​ထူး၊မြန်​မာ့ဆိပ်​ကမ်းအာဏာပိုင်​(ကုန်​လုပ်​ငန်း
ဌာန)လက်​​ထောက်​အ​ထွေ​ထွေမန်​​နေဂျာဦးဘိုစိုး၊
တင့်​တင့်​မြန်​မာကုမ္ပဏီမှ​ဒေါ်တင့်​တင့်​လွင်​တို့ပါရှိပြီး
ကော့မှူးမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးမှူး
ဦး​ကျော်​သူစိုး၊ဌာနဆိုင်​ရာများ၊တိုင်း​ဒေသ
ကိုယ်​စားလှယ်​များ၊ပြည်​သူ့လွတ်​​တော်​ကိုယ်​စားလှယ်​၊
သရက်​​တော​ကျေးရွာမူလတန်း
ကျောင်း၊​ကျောင်းအုပ်​ဆရာမကြီး​ဒေါ်တင်​မြင့်​ရီ
တို့မှကြိုဆိုကြ​ပြီး​အဆိုပါ​ကျောင်းလျှပ်​စစ်​မီးရရှိ​ရေး
ဆွေး​နွေးခဲ့​ကြောင်းနှင့်
အဆိုပါဝန်​ကြီးချုပ်​နှင့်​အဖွဲ့သည်​​နေ့လည်​၂နာရီ
၁၅မိနစ်အချိန်​ခန့်​တွင်​​ကော့မှူးဝါးဘ​လောက်​​သောက်​လမ်းဆုံမှဒလမြို့နယ်​ရှိဓနုတ်​ဘုရားသို့
ဆက်​လက်​ထွက်​ခွာသွား​ကြောင်းသိရသည်​။

မြတ်​ဟိန်း​ကျော်​(​ကော့မှူး)
Photo; Phyo Min Thein Page

No comments

Note: Only a member of this blog may post a comment.