Header Ads

အင်းစိန်မြို့နယ်၊ စိုက်ပျိုးရေးဝန်းရှေ့တွင် ဖြစ်ပွားသော အငှားယာဉ်မောင်း အား သတ်သည့်အမှုမှ ပြစ်မှုကျူးလွန်သူ တရားခံအား ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ၅ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

အင်းစိန်မြို့နယ်၊ စိုက်ပျိုးရေးဝန်းရှေ့တွင် ဖြစ်ပွားသော အငှားယာဉ်မောင်း
အား သတ်သည့်အမှုမှ ပြစ်မှုကျူးလွန်သူ တရားခံအား
 ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့က ၅ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းမကြီးပေါ်တွင်
စိုက်ပျိုးရေးဝန်းရှေ့၌ အငှားယာဉ် အမှတ် BB----တိုယိုတာကိုရိုလာဘင်
အဖြူရောင် ယာဉ်မောင်းနှင်သော ယာဉ်မောင်း
ဦးထွန်းထွန်းလင်းအား
သတ်သည့် အမှုမှ ပြစ်မှုကျူးလွန်သူကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က
အခင်းဖြစ်ပြီး ၅ ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့
ကြောင်းသိရသည်။


ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၂၁း၀၀ နာရီ
အချိန်ခန့်က အငှားယာဉ်
အမှတ် BB ------ ၊ ယာဉ်မောင်း ဦးထွန်းထွန်းလင်းသည် အင်းစိန်လမ်းမ၊
စိုက်ပျိုးရေးဝန်းရှေ့တွင်ဓားဒဏ်ရာများရရှိကာ
အင်းစိန်ဆေးရုံကြီးသို့
ရောက်ရှိနေကြောင်း သတင်းအရ ဇနီးဖြစ်သူ
 ဒေါ်နိုင်နိုင်လွင်မှာ အင်းစိန်
ဆေးရုံသို့ရောက်ရှိစဉ် ၎င်း၏ ခင်ပွန်း ဦးထွန်းထွန်းလင်းမှာ သေဆုံးသွား
သဖြင့် အင်းစိန်မြို့မရဲစခန်းသို့တိုင်ကြားခဲ့ရာ (ပ) ၁၄၁/၂၀၁၈၊ ရာဇသတ်
ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူစုံစမ်းဆောင်ရွက်ခဲ့ပါသည်။


အမှုမှ ပြစ်မှုကျူးလွန်သူအား အမြန်ဖမ်းဆီးရမိရေး
အတွက် တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးက  အထူးအမှုစစ်အဖွဲ့၊ ဖွဲ့စည်း၍တာဝန်
ပေးအပ်ခဲ့ပြီး ၎င်းအဖွဲ့တွင်
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ်
ရေးတပ်ဖွဲ့ဝင်များ၊
မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များပါဝင်
သော အထူးအမှုစစ်အဖွဲ့ကို
အမှုဖြစ်စဉ် အပေါ်သုံးသပ်ကာ အခင်းဖြစ်ရပ်အား
သေချာစွာစစ်ဆေးရန် ၊
အခင်းဖြစ်ရပ်တွင်တွေ့ရှိသည့် သဲလွန်စအထောက်အထားများကို
အကြောင်းပြု၍ ပြစ်မှုကျူးလွန်သူအား အမြန်ဖမ်းဆီးရမိရေးအတွက်
ဆောင်ရွက်မှုများကိုသုံးသပ်ညွှန်ကြားနိုင်ရန်   အမှုစစ်
အစည်းအဝေး၌ နေ့စဉ်တင်ပြရေးကြပ်မတ် ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။


အခင်းဖြစ်ရပ်အား အသေးစိတ်စစ်ဆေးရာ မော်တော်ယာဉ်ပေါ်တွင်
ဂျပန်ဖိနပ် အဖြူရောင် ၁ ရံ၊ ကတ္တီပါဖိနပ်နက်ပြာရောင်
 ၁ ရံနှင့် Bosch
အမျိုးအစား အမျိုးသားပတ် နာရီ ၁ လုံး  တွေ့ရှိသဖြင့် တွေ့ရှိသော
သက်သေခံပစ္စည်းများနှင့် စပ်လျဉ်း၍ စုံစမ်းရာ သေဆုံးသူ၏ ဇနီး
ထွက်ဆိုချက်အရ ဂျပန်ဖိနပ်မှာ ၎င်း၏ခင်ပွန်း သေဆုံးသူ၏
ဖိနပ်ဖြစ်ကြောင်း၊ ကတ္တီပါဖိနပ်နှင့် နာရီမှာ
 ၎င်းခင်ပွန်း၏ပစ္စည်းများ
မဟုတ်ကြောင်းနှင့် သေဆုံးသူ ကိုင်ဆောင်သော SAMSUNG အမျိုး
အစား အဖြူရောင်လက်ကိုင်ဖုန်းမှာ ပျောက်ဆုံးနေ
ကြောင်း သိရပါသည်။


အထူးအမှုစစ်အဖွဲ့က အငှားယာဉ်ဖြတ်သန်းသွားလာသည့် လမ်းကြောင်း
တစ်လျှောက်ရှိ CCTV မှတ်တမ်းများအရလည်းကောင်း၊ အခင်းဖြစ်စဉ်က
မျက်မြင်သက်သေများ၏ထွက်ဆိုချက်များအရ ပြစ်မှုကျူးလွန်သူ၏
ပုံသဏ္ဍာန်ကိုသိရှိရသည့် အချက်များအရ
လည်းကောင်း၊ အခင်းဖြစ်နေရာ
တွင် ကျန်ရှိသော သက်သေခံပစ္စည်းများကို အခြေခံကာ လှိုင်သာယာနှင့်
ရွှေပြည်သာမြို့နယ်အတွင်း အခြေပြု၍ကွက်ပြည့်နင်း
 စုံစမ်းခဲ့ရာ
လှိုင်သာယာမြို့နယ်၊ ရေဥက္ကံကျေးရွာနေ
ကိုကိုနိုင်(ခ)ကိုနိုင်ဆိုသူမှာ
ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်စောစော အချိန်တွင် ၎င်း၏နေအိမ်သို့
အငှားယာဉ်ဖြင့်ရောက်ရှိလာပြီး ခန္ဒာကိုယ်နှင့် အင်္ကျီတို့တွင်ရွံ့များ ပေကျံ
နေကြောင်း ၊ အငှားယာဉ်စီးနင်းခကိုနေ
အိမ်ရောက်မှပေးခဲ့ရကြောင်း၊
SAMSUNG အမျိုးအစား လက်ကိုင် ဖုန်း ၁ လုံး
ကိုင်ဆောင်ထားသည်ကိုတွေ့ရကြောင်းနှင့်
၎င်းသည် Bosch အမျိုးအစား နာရီကို ဝတ်ဆင်လေ့ရှိသူတစ်ဦးဖြစ်ကြောင်း သတင်းရရှိခဲ့သဖြင့်
 ရဲလုပ်ငန်းစဉ်များအရ
စုံစမ်းထောက်လှမ်းခဲ့ရာ ပြစ်မှုကျူး လွန်သူမှာ
 ကိုကိုနိုင်(ခ)ကိုနိုင်ဖြစ်
ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။


ပြစ်မှုကျူးလွန်သူ ကိုကိုနိုင် (ခ)ကိုနိုင်၊ (၃၃)နှစ်အား
 ဖမ်းဆီးရမိစစ်ဆေး
နိုင်ရေးအတွက် ၎င်းနှင့် ပတ်သက်ဆက်နွယ်သူများ၏ သတင်းကွင်းဆက်
များရယူပြီး နေ့ညမပြတ်စောင့်ကြည့်လိုက်လံရှာဖွေ
 ဆောင်ရွက်ခဲ့သဖြင့်
ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၂၃း၀၅ နာရီအချိန်တွင်
မရမ်းကုန်းမြို့နယ်၊
၁ ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝင်း၊
ယင်းမာလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ပြီး
ရရှိထားသည့် သတင်းအခြေအမြစ်
 သက်သေအထောက်အထားများဖြင့်
ဆက်စပ်တိုက်ဆိုင်စစ်ဆေးမှုပြုလုပ်ခဲ့ရာ
 ၎င်းမှလည်းပြစ်မှု ကျူးလွန်ခဲ့
ကြောင်း ထွက်ဆိုခဲ့သည့်အပြင် အခင်းဖြစ်စဉ်က
 လုံးထွေးသတ်ပုတ်ရာမှ
၎င်း၏လက်တွင်ရရှိခဲ့သည့် ဒဏ်ရာကို စစ်ဆေးတွေ့ရှိခဲ့ပါသည်။

၎င်း၏ ဖော်ထုတ်ချက်အရ အခင်းဖြစ်ည  ၂၀း၀၀ နာရီ
ကျော် အချိန်ခန့်က
သူငယ်ချင်းဖြစ်သူ မျိုးစန်းဝင်း(ခ) မျိုးကြီးက ၎င်းအား
သမိုင်းလမ်းဆုံ
အနီးရှိQueen KTV သို့လာရောက်ရန် ဖုန်းဆက်ခေါ်သဖြင့် ညောင်တုန်းလမ်းပေါ်ရှိ
DANKO ဓာတ်ဆီဆိုင်ရှေ့တွင် အငှားယာဉ် ၁ စီးအား ၄၀၀၀ ကျပ်ဖြင့်
ငှားရမ်းလိုက်ပါခဲ့ကြောင်း၊ KTV ဆိုင်သို့ တစ်ကြိမ်သာ ရောက်ဖူး၍
မမှတ်မိဘဲ သမိုင်းလမ်းဆုံ မီးပ္ပိုင့်သို့ကျော်သွားခဲ့သဖြင့် လမ်းကျော်
သွားကြောင်း ပြောရာမှ အငှားယာဉ်မောင်းက
 စိတ်တိုပြီးဆဲဆိုကာ
အင်းစိန်လမ်းမပေါ်သို့ ပြန်လှည့်ခဲ့ကြောင်း၊
 အငှား ယာဉ်မောင်းက
၎င်းကို ဆက်မပို့လိုကြောင်းနှင့် ယာဉ်ငှားခပေးရန်ပေး
ရန်ပြောဆိုခဲ့ရာ
၎င်းက ပိုက်ဆံ မပါသဖြင့် သူငယ်ချင်းနှင့်တွေ့ပြီးမှ
တောင်း၍ ပေးရမည်ဖြစ်ကြောင်းပြော
ဆိုခဲ့ရာ တစ်ယောက်တစ်ခွန်းစကားများခဲ့ကြောင်း၊ ဆဲဆိုစကားများစဉ်
အငှားယာဉ်မောင်းကယာဉ်၏နောက်ခန်းသို့
ကျော်ကူးလာပြီးလုံးထွေး
သတ်ပုတ်ခဲ့သဖြင့်အသင့်ပါလာ သောဓားဖြင့် အငှားယာဉ်မောင်းအားထိုး
ခဲ့ကြောင်း၊ လုံးထွေးသတ်ပုတ်နေစဉ် ကားတံခါးပွင့်သွားပြီး အငှားယာဉ်မောင်း
မှာအောက်သို့ပြုတ်ကျသွားရာ ၎င်းလည်း ကားပေါ်မှ
ဆင်း၍ထွက်ပြေးခဲ့ကြောင်း ၊
၎င်းပတ်ထားသည့် Bosch အမျိုးအစားလက်ပတ်နာရီ
နှင့် ကတ္တီပါဖိနပ်တို့မှာ
အခင်းဖြစ်ယာဉ်ပေါ်တွင်ကျကျန်ခဲ့ကြောင်း၊
 ၎င်း၏ နောက်မှလူအုပ်ကြီး
လိုက်လာသဖြင့်  ဓားမြှောင်နှင့်ဓားအိမ်ကို
လမ်းတွင်လွင့်ပစ်ခဲ့ကြောင်းနှင့်
လူအုပ်ကြီးမှာ ဆက်လက်လိုက်ရှာနေသဖြင့် ထွက်ပြေးစဉ် ရေမြှောင်းတစ်ခု
အတွင်း ပုန်းအောင်းနေခဲ့ကြောင်း၊နံနက်လင်းသည့်အခါမှ အငှားယာဉ်တစ်စီးအား
၄၀၀၀ ကျပ်ဖြင့် ငှားရမ်းစီးနင်းလာပြီး ယာဉ်စီးခကို
 အိမ်ရောက်မှပေးခဲ့ရကြောင်းနှင့်
အငှားယာဉ်မောင်း၏SAMSUNG ဖုန်းအဖြူရောင်ကိုယူလာခဲ့ကြောင်း
ထွက်ဆိုခဲ့ပါသည်။
၎င်း၏ ထွက်ဆိုချက်အရ သက်သေခံ SAMSUNG
အမျိုးအစား
အဖြူရောင်လက်ကိုင်ဖုန်း သိမ်းဆည်းရမိခဲ့ပြီး အမှုနှင့်သက်ဆိုင်သည့်
သက်သေခံပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ
အား ထိရောက်သော ပြစ်ဒဏ်ရရှိရေးအတွက်
 ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့က အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိ
ပါသည်။

Source; Yangon.Police

No comments

Note: Only a member of this blog may post a comment.