လူပျောက်တိုင်ခံထားရသော FDA ဝန်ထမ်း အမျိုးသမီးမှာ အသတ်ခံရခြင်းဖြစ်နေ
လူပျောက်တိုင်ခံထားရသော FDA ဝန်ထမ်း
အမျိုးသမီးမှာ အသတ်ခံရခြင်းဖြစ်နေ
ရန်ကုန်၊ ဇန်နဝါရီ၂၁
မိသားစု လူပျောက်တို်င်ကြားခြင်းခံရသော
အသက်၂၅နှစ်အရွယ်ရှိ FDA ဝန်ထမ်း
အမျိုးသမီးငယ်၏
ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင်
ဒဂုံမြောက်ပိုင်းမြို့နယ်အတွင်း ငမိုးရိမ်ချောင်းဘေးရှိ
ဖူဆယ်အားကစားရုံအနီး တွင်တွေ့ရှိခဲ့၍
ရဲက စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူကို
စုံစမ်း ရှာဖွေနေပြီဖြစ်ကြောင်းသတင်းရရှိသည်။
ယင်းအမျိုးသမီးငယ်သည် နေပြည်တော်ရှိ FDA အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယကြီးကြပ်ရေးမှူးအဆင့်ရှိသူဖြစ်ကာ၊ ယမန်နေ့ညကမှ အိမ်နှင့်
အဆက်အသွယ်ပြတ်တောက်သွားသဖြင့်
မိသားစုမှနေ၍
ဒဂုံမြို့မရဲစခန်းတွင် လူပျောက်မှု အမှတ်စဉ်(၁/၂၀၁၈)
ဖြင့်အမှုဖွင့်တိုင်ကြားထားသူဖြစ်သည်ဟု သက်ဆိုင်ရာမှသိရသည်။
သူမသည် ဇန်နဝါရီလ ၁၉ရက်နေ့ကမှ ရန်ကုန်ရှိမိသားစုထံသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။
"မနေ့ ညပိုင်းကမှအဆက်အသွယ်ပြတ်တောက်သွားတာပါ။လှည်းတန်းက နေပျောက်သွားတာ။ အလောင်းကိုတော့မြင်ပြီးပြီ၊ ဖူးရောင်ဒဏ်ရာတွေနဲ့၊ သူ့ကို အစပထမပိုင်းကတော့ ချစ်သူနောက်လိုက်သွားတယ်လို့
တောင်ထင်နေကြတာ။ နောက်ပြီးသူကအေးတယ်၊
လုံးဝအဆက်အသွယ်မရတာနဲ့ ရဲစခန်းမှာ
လူပျောက်တိုင်ခဲ့တာ"ဟု သူ၏မိသားစုဝင်တစ်ဦးက Popular News ကိုပြောသည်။
လှည်းတန်းတွင်နောက်ဆုံးရှိခဲ့ကြောင်းသိရ၍
သူ့ကိုတွေ့ရှိမိခဲ့သူများအနေဖြင့် ရဲတပ်ဖွဲ့သို့
ဆက်သွယ်၍ မိမိတို့ မည်သည့်နေရာ
မည်သည့်အချိန်တွင် မည်သို့တွေ့ရှိခဲ့သည်ဆိုခြင်းကို
ပြောပြပေးကြပါရန်
အဆိုပါမိသားစုဝင်က မေတ္တာရပ်ခံထားပါသည်။
လက်ရှိတွင် ရဲကအမှုဖွင့်ပြီး
စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
PNews

Post a Comment