အမြန်လမ်း ညခရီးသွားကြပါက သတိထားကြပါ
20.10.2017
အမြန်လမ်းတွင် လူတစ်ယောက် ဝါးလုံးအရှည် ကိုင်ပီး ကားအား လှံတံပစ်သလို ပစ်သည့် သူအားဖမ်းဆီးရမိ
ဒီညနေ နေပြည်တော်ကနေ ညနေ ၄း၃၀ လောက် ရန်ကုန် ကို ဆင်းလာခဲ့တယ် ၁၀၇ မိုင် ၅ဖာလုံ ရောက်တော့ လူတစ်ယောက် ဝါးလုံးအရှည် ကိုင်ပီး လှံတံပစ်သလို သေချာချိန်နေတာမြင်တော့...ဟာ ငါတို့ကိုတော.ပစ်ပီလို့ အော်ရင်း ကားမောင်းတဲ့ သူငယ်ချင်းက အရှိန်တင်လိုက်တော့ မထိဘူး...ငါတို့ရဲတိုင်မယ် ဆိုပီး..ရပ်မယ်လုပ်တယ်..ကား လေး ၂စီးလည်း ရပ်ထားတယ်...အဲဒီကားတွေလည်း အပစ်ခံရတယ်တဲ့..ကားတစ်စီးတော့ ကားနောက်တံခါးခါးထိသွားတယ်..အားလုံးကလည်း အမြန်လမ်းရဲစခန်းဆီဖုန်းဆက်မယ်လုပ်နေကြတယ်...အနောက်ကိုလှမ်းကြည့်လိုက်တော့ ကား ၂စီးရပ်ထားတာတွေ့လို့လိုက်သွားကြည့်ကြတယ်..ဖြစ်ချင်တော့..အပစ်ခံရတဲ့ ကားပေါ်မှာ အမြန်လမ်းရဲတစ်ယောက်ပါလာတယ်..သူ့ပါလာတဲ့ကားလည်းအပစ်ခံရတော့ သူကအေးအေးဆေးဆေး ဆင်းပြောတယ်တဲ့..အဲကောင်က နောက်ထပ်ကားတစ်စီး ထပ်ပစ်တယ်..အဲတော့ ရဲက အဲကောင်ကို နပန်းလုံးဝင်ဖမ်းလိုက်ရတယ်လို့ ဝင်ဖမ်းတဲ့ ရဲကပြောတယ်...ခနနေ စခန်းကစခန်းမှူးကိုယ်တိုင်လိုက်လာပီး ဖမ်းခေါ်သွားတယ်
ဘာဖြစ်လို့..ဘာရည်ရွယ်ချက်နဲ့ လုပ်မှန်းမသိ...မေးကြည့်တော့..အရက်သောက်ထားတယ်ပြောတယ်....၆၀၀ ဖိုးလောက်တဲ့...သေချာ ချိန်ပစ်နေတာ မြင်တော့ လန့်မိတာတော့ အမှန်ပဲ......
အမြန်လမ်းသွားခရီးသွားများ..ဘေးကင်းကြပါစေ
Crd Ye Myint
via-တံမြက်စည်း

Post a Comment