ကုလသမဂ္ဂဒုတိယအတွင်းရေးမှုးချုပ် ရခိုင်ပြည်နယ်သို့ရောက်ရှိနေ

Tuesday, October 17, 2017
ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ် မစ္စတာ ဂျက်ဖရီဖဲလ်မန်သည် ရခိုင်ပြည်နယ်သို့ နေ့ချင်းပြန်ခရီးစဉ် အဖြစ် ယနေ့(အောက်တိုဘာ ၁၇ ရက်)နံနက်ပိုင်းတွင် ရောက်ရှိနေသည်။
ကုလသမဂ္ဂဒုတိယအ တွင်းရေးမှူးချုပ်သည် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစည်းဝေးပြုလုပ်ခြင်း၊ တိုင်းရင်းသားဒုက္ခသည်စခန်းများနှင့် သက္ကေပြင်ဒုက္ခသည်စခန်းများသို့ သွားရောက်မည် ဖြစ်ပြီး ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာ၊ မောင်တောမြို့နယ် ငါးခူရကျေးရွာနှင့် ရွှေရင်အေးကျေးရွာများသို့ သွားရောက်မည်ဖြစ်ကြောင်း ခရီးစဉ်စာရင်းတွင် ဖော်ပြထားသည်။
မစ္စတာ ဂျက်ဖရီ ဖက်လ်မန်သည် အောက်တိုဘာ ၁၅ ရက်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တွေ့ဆုံကာ ရခိုင်အရေးကိစ္စကို ဆွေးနွေးခဲ့ပြီး အောက်တိုဘာ ၁၆ ရက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်ချုပ်တို့ကို သီးခြားစီတွေ့ဆုံခဲ့သည်။
ဓာတ်ပုံ-RMC
Source; 7Day

Post a Comment